လမင်း၏သခင် (အောင်ဒေါင်းဏီ) - Zezawar-Sarpay
Breaking
Friday, 8 February 2019
လမင်း၏သခင် (အောင်ဒေါင်းဏီ)
(၁)
"သမီး...​အေးကြည်​မ...​ကျောင်းသွား
ရင်​ အ​မေ့ဆီ ဝင်​ခဲ့ဦး ကြားလား....."
ဒေါ်တင်​ကြည်​ အ​ကြော်​​ရောင်း မထွက်​ခင်​ ​မှာစရာရှိတာ​တွေကို ​​သမီးကြီးဖြစ်​သူ ​အေးကြည်​မကို မှာ​နေခြင်းပင်​။
"ဟုတ်​ကဲ့ပါ အ​မေရယ်​.....စိတ်​ချ...
သမီးဝင်​လာခဲ့မယ်​....."
"ဒါဆို အ​မေသွားမယ်​​နော်​....."
အိမ်​ထဲက ထွက်​ရန်​ဟန်​ပြင်​ပြီးမှ
ဒေါ်တင်​ကြည်​ ​ခြေလှမ်းများကို ရပ်​တန့်​က
"​အော်​....သမီး​မောင်​​လေးကိုလည်း
အစာ​ပြေ​ကျွေးဦး​နော်​....."
မှာလို့မပြီး​နိုင်​​အောင်​ မှာကြား​နေ​သော​ဒေါ်တင်​ကြည်​ကို ​အေးကြည်​မ......
"ဟုတ်​ကဲ့ပါ...အ​မေရဲ့....သမီးလိုက်​ပို့
ရမလား...."
"​နေပါ​အေးကြည်​မရယ်​....ကဲ့ဒါဆို
အ​မေသွားမယ်​....."
သည်​တစ်​ခါ​တော့ ​ဒေါ်တင်​ကြည်​ အိမ်​​​ပေါ်မှအ​ကြော်​​ ကြော်​ဖို့လိုအပ်​တဲ့  ပစ္စည်းများထည့်​ထာ​သော အ​ကြော်​ဗန်းကို ​ခေါင်းမှာရွက်​ပြီး လက်​တစ်​ဖက်​က ​ရေပုံးကိုဆွဲကာ အိမ်​​ပေါ်မှ ဆင်​သွားပါ​လေသည်​။
~~~~~~~~~~
(၂)
ကျုပ်​ အ​မေ့ကို​တော့ သနားမိသား​တော့။ အ​ဖေမရှိ​တော့ကတည်းက အ​ဖဆိုလည်း​မေဘဲ အ​မေဆိုလည်း အ​မေဘဲ​လေ။ ကျုပ်​စိတ်​ထဲ အ​မေ့ကို တစ်​​နေ့​ကျေးဇူးဆပ်​နိုင်​​အောင်​ ကြိုးစားမယ်​လို့ ​တေးထားလိုက်​တယ်​။ ကျုပ်​ဘဝမှာ အ​မေပြီး ​ကျုပ်​​မောင်​​လေးပါဘဲ​တော်​။ ကျုပ်​အခုဆယ်​တန်းတတ်​​နေတယ်​​လေ ဆယ်​တန်းကို ကျုပ်​နှစ်​ချင်း​ပေါက်​အောင်​ရမယ်​လို့ အ​မေ့ကို ​ကြွေး​ကြော်​ထားတယ်​။ ကျုပ်​အ​တွေးနယ်​ချဲ့​ကောင်းတုန်း......
"မမ...​ကျောင်းသွားမယ်​​လေ...."
"​အော်​....သွားမယ်​​လေ....လာအစာ
ပြေအအရင်​စားမယ်​...."
ကျုပ်​စကားကို ကျုပ်​​မောင်​က ​ခေါင်း​လေးကုတ်​ကာ ......
"မမ...ဘာ​တွေဖြစ်​​နေတာလဲ....ခုဏ
က မမ​ရှေ့မှာထိုင်​စား​နေတာ​လေ....
မမဘဲစား​တော့...."
ထိုအခါကျမှ ကျုပ်​​မောင်​​လေကို ပြုံးပြပြီး မီးဖို​ချောင်​ထဲဝင်​ကာ ​အေးစက်​​နေ​သော ထမင်းကြမ်းခဲအ​ပေါ် ငါးပိရည်​စမ်းကာ ခပ်​မြန်​မြန်​​လေးစားလိုက်​ရင်း......
"လာသွားကြမယ်​....."
ကျုပ်​​မောင်​က ကျုပ်​ကိုကြည့်​ပြီး.....
"မမ....​မေ​မေမုန့်​ဖိုး​ပေးမသွားဘူး
လား....ဟင်​..."
"​ပေးမသွားဘူး....​မေ​မေ့မှာ ပိုက်​ဆံ
မရှိဘူးနဲ့တူတယ်​....​​ကျောင်းသွား
ရင်း အ​မေဆီဝင်​မယ်​​လေ....​မေ​မေ
မုန့်​ဖိုး​ပေးရင်​ယူမ​ပေးရင်​မယူနဲ့ကြားလား....."
"ဟုတ်​...."
"လာသွားမယ်​....."
ကျုပ်​​မောင်​​လေးက က​လေးပီပီ မုန့်​စား
ချင်​မှာ​ပေါ့​တော်​ ။ ဒါ​ပေမယ်​ ကျုပ်​​မောင်
လေးက တခြားက​လေး​တွေလို သိပ်​မ
ပူဆာတတ်​ဘူး။ ​မောင်​​လေးကို ကြည့်
ပြီးသနားမိတယ်​။ အဲ့ဒါ​ကြောင့်​ ကျုပ်
မေးခွန်း​ဟောင်းဝယ်​​လေ့လာဖို့ စာအုပ်
ထဲ ညှပ်​စုထားတဲ့ ပိုက်​ဆံကို ကျုပ်​မျက်​စိ
ထဲ​ပြေးမြင်​မိတယ်​။ ဒါ​ကြောင့်​ ကျုပ်
မောင်​​လေးကို ......
"​အော်​...​မောင်​​လေး မမစုထားတဲ့ပိုက်
ဆံရှိတယ်​....​မောင်​​လေးယူမလား....
မုန့်​စားမယ်​​လေ....."
"မမက....ဘာလုပ်​ဖို့စုထားတာလဲ...."
ကျုပ်​​ ​မောင်​​လေးရဲ့ အ​မေးကို ​တွေ​ဝေ
စွာ....
"​အော်​....ဒီလိုဘဲ စုထားထားတာ....​ရော့....."
ကျုပ် စာအုပ်​ကြားကပိုက်​ဆံ ငါးရာတန်​တစ်​ရွက်​ကို ​မောင်​​လေးဆီကမ်း​ပေးလိုက်​တယ်​။ ကျုပ်​​မောင်း​လေးကို စာအုပ်​ဝယ်​ဖို့လို့ မ​ပြောရက်​ပါဘူး ။ပြောလည်း​မ​ပြောချင်​ဘူး။ ​အဲ့လို​ပြောလိုက်​ရင်​ ကျုပ်​​မောင်​က ယူမှာမဟုတ်​​တော့ဘူးဆိုတာ ကျုပ်​သိ​နေတယ်​​လေ။
ကျုပ်​​ပေးလိုက်​တဲ့ပိုက်​ဆံကို ယူပြီး​မောင်​​လေးပြုံး​နေတာကို ကျုပ်​​ငေး​မောရင်း......။
~~~~~~~~~~
(၃)
"အဟွတ်​....အဟွတ်​....."
"ဟဲ့...တင်​ကြည်​...."
"​အော်​...မခင်​စိန်​ ဘာအ​ကြော်​ယူမလဲ
ဘူးသီး​ကြော်​​တော့ မရှိ​တော့ဘူး​နော်​"
"​အေးပါ...တင်​ကြည်​ရယ်​....ပဲကပ်
ကြော်​ဘဲ​ပေး ငါးခု​လောက်​....."
"ဟုတ်​ကဲ့...မခင်​စိန်​....အဟွတ်​....
အဟွတ်​.."
ဒေါ်ခင်​ကြည်​ အ​ကြော်​ကို ထည့်​​ပေး​နေ​ပေမယ့်​ ​ချောင်းကဆက်​တိုက်​ ဆိုသလိုဆိုး​နေပါသည်​။
ဒါ​ကြောင့်​ ​ဒေါ်ခင်​စိန်​မ​နေသာ​တော့ဘဲ...
"ဟဲ့...တင်​ကြည်​....​နေမ​ကောင်းဘူး
လား ​ညည်းကြည့်​ရတာ....."
"​ကောင်းပါတယ်​...မခင်​စိန်​ရယ်​....
အဟွတ်​...အဟွတ်​...."
"​အေ...​တင်​ကြည်​ သားသမီး​တွေ
အတွက်​ ရှာတာက ရှာ​ပေါ့ဟဟယ်​.....
ကျန်းမာ​ရေး​တော့ ဂရုစိုက်​​ပေါ့....​အေ"
"ရှာရမယ်​....မခင်​စိန်​​ရေ....မရှာလို့
မရဘူး....​အေးကြည်​မက ဆယ်​တန်း
အောင်​ရင်​ ပိုက်​ဆံပိုလိုလာပြီ....အခုက
တည်းကရှာထားမှာ​တော်​ကာကြမယ်​......"
"ညည်းလည်းအဲ့ပါရဲ့​အေ....သမီးမိန်း
က​လေး​ဘဲ....​ရေးတတ်​ဖတ်​တတ်​ရင်
ပြီး​ရော​ပေါ့.....ငါသမီးဆို အခုဆယ်
တန်းမ​အောင်​​ပေမယ့်​....ကြည့်စမ်း
ရန်​ကုန်​မှာ အလုပ်​​ကောင်း​ကောင်းရ​နေ
ပြီ....ဆယ်​တန်းမ​အောင်​လည်း အလုပ်
ဖြစ်​ပါတယ်​​အေ...."
"မရပါဘူး.....ကျွန်​မက​လေး​တွေကို
ကျွန်​မလို ပညာမတတ်​ မဖြစ်​​စေချင်​ဘူး
ဘွဲ့ရမှ သူတို့ ဘဝ​လေး​တွေ​အေးချမ်း
အ​ခြေတည်​မှာ​လေ....မဟုတ်​ဘူးလား....."
"​အေပါ​အေ....ငါ​ပြောမှဘဲ ....ပိုဆိုး
နေတယ်​ညည်းဟာက...ကဲ....​ရော့
ဒီမှာပိုက်​ဆံ ..."
ကျုပ်​အ​မေတို့​ပြော​နေတာ​တွေ အကုန်​ကြားလိုက်​ရတယ်​။ အ​မေရယ်​သားသမီး
အတွက်​ဆို အသက်​​တောင်​ ​ပေးရဲ့အ​မေ့ကို ကျုပ်​​လေ ​လေးစားပါတယ်​။ ပိုက်​ဆံ ဆင်းရဲ​ပေမယ့်​ အ​မေ့သမီးဖြစ်​ရတာ ကျုပ်​ ဂုဏ်​ယူတယ်​အ​မေ။ ကျုပ်​ ဂုဏ်​ယူတယ်​။
ကျုပ်​ပ​မေ​တို့ ​ပြောတာကို မသိချင်​ ဟန်​​ဆောင်​​နေလိုက်​တယ်​။
"အ​မေ့...."
"​အေ...​အေးကြည်​မ....သမီး...ဘာလာလုပ်​တာလဲ...."
"အ​မေ့ကို လာကူတာ​လေ အ​မေရ.....
ကျောင်းလည်းပိတ်​တယ်​​လေ....ပြင်း
လို့ အိမ်​မှာ​နေရတာ...."
"ဟဲ့....စာမလုပ်​ဘူးလား....သွား သွား
စာပြန်​လုပ်​​ချေ....."
ကျုပ်​ကို စာကျုပ်​ဖို့ အတင်းနှင်​လွှတ်​​နေတဲ့ အ​မေ့ကို ကျုပ်​ညာမိတယ်​။
"စာက ကျက်​ပြီးပြီ...အ​မေရဲ့.....​မောင်​​လေးကို စာပြပြီး ထွက်​လာတာ
ပေးပါ....သမီး​ကြော်​​ပေးမယ်​....."
အ​မေလက်​ထဲက အ​ကြော်​​ ကြော်​တဲ့တုတ်​နှစ်​​ချောင်းကို လုယူရင်း​ပြောလိုက်​တယ်​။
အ​မေက ကျုပ်​ကို ကြည့်​ပြီး....
"သမီးရယ်​ လိမ္မာစမ်းပါကွယ်​....ဆယ်​တန်းဆိုတာ​ပေါ့ပျက်​ပျက်​ လုပ်​လို့မရဘူး....သွားစာပြန်​ကျက်​..."
ကျုပ်​သိလိုက်​ပါပြီ။ ကျုပ်​မပြန်​မချင်းကို
အ​မေကျုပ်​ကို အတင်းပြန်​လွှတ်​​တော့မယ်​ဆိုတာ။ဒါ​ကြောင့်​....
"ပြန်​မယ်​အ​မေ​ရေ....ပြန်​မယ်​.....
အတင်းဘဲ....."
ကျုပ်​စိတ်​​ကောက်​ချင်​ဟန်​​ဆောင်​ပြီး နှုတ်​ခမ်းဆူကာ အိမ်​ကိုပြန်​လာလိုက်​ပါသည်​။ အမှုန်​တိုင်း​ပြောရရင်​ ကျုပ်​အ​မေ့ကို စိတ်​မ​ကောက်​ ချင်​ဘူး.....။
~~~~~~~~~~~
(၄)
"ဟာ...အ​မေဘာ​တွေဝယ်​လာတာလဲ....."
"မုန့်​ဟင်းခါးချက်​​ရောင်းမယ်​​လေ...."
အ​မေ ဘာ​တွေလုပ်​​နေလဲဆိုတာ ကျုပ်​နားမလည်​နိုင်​​တော့ပါ။
"ည​နေပိုင်း ခြံ​ရှေ့မှာ ​ရောင်းမလို့​လေ....."
"အ​မေရယ်​...ဘာလို့အဲ့​လောက်​​တောင်​ ရှာ​နေရတာလဲ....အ​ကြော်​​ရောင်းလည်း စား​လောက်​တာဘဲ​လေ....."
အ​မေ ပင်​ပန်းတာကို ကျုပ်​ကြည့်​မ​နေ​နိုင်​ပါ။ အ​မေ
ပခုံး​ပေါ်မှ ပုဝါနွမ်း​လေးဖြင့်​ နှဖူး​ပေါ်မှ စီးကျလာ​သော ​ချွေးစက်​တို့ကို သုတ်​သင်​ ဖယ်​ရှားရင်း......
"အ​မေ့ကို ​မေးခွန်း​တွေပြန်​မထုတ်​နဲ့ငါ့
သမီး....အဓိကက သမီးဒီနှစ်​ ဆယ်​တန်း ​အောင်​​အောင်​ကြိုးစား...."
သူ​ပြောချင်​တာ​တွေ ​ပြောပြီး မီးဖို​ချောင်​ထဲ ဝင်​သွား​သော အ​မေ့ကို ကျုပ်​ ​ရေတစ်​ခွက်​​ ခပ်​တိုက်​ဖို့​တောင်​ ​မေ့​နေပါ​ရော့လား......။
~~~~~~~~~~
(၅)
"သွား...သွား...​အေးကြည်​မ...အ​မေထည့်​ ​ပေးလိုက်​မယ်​....သွား.."
ကျုပ်​တို့ မုန့်​ဟင်းခါးတိုင်​​လေးကို အမူးသမား​တွေ​ရောက်​လာတယ်​။
ဒါ့​ကြောင့်​ထင်​တယ်​ အ​မေ့ကျုပ်​ကိုဖယ်​ခိုင်းလိုက်​တာ။ ကျုပ်​လည်း အိမ်​​ပေါ်ကို ပြန်​နတ်​သွားလိုက်​တယ်​။
"အစ်​မ...မုန့်​ဟင်းခါး​ နှစ်​ပွဲ​ပေးဗျာ..
....."
လာစားတဲ့ သူ​တွေက အ​မေနဲ့ဆိုရွယ်​တူ
လောက်​​တွေဘဲထင်​တယ်​။
အမူးသမား​တွေထဲက တစ်​​ယောက်​က
မုန့်​ဟင်းခါးကို စားပြီး.....
"အစ်​မ...အငံဗူး​လေး...."
အ​မေက အမူးသမားကစားမဆုံး​သေးဘူး ခက်​ချင်းဆိုသလို .....
"​အေ....အဲ့ခုံ​ပေါ်မှာဘဲ​လေ ....."
ကျုပ်​အိမ်​​ပေါ်က​နေ အရိပ်​အကဲ ​စောင့်​ကြည့်​​မေလိုက်​တယ်​။
"ကုန်​​နေပြီ ....အစ်​မရဲ့...."
အ​မေ အငံဗူးကို ကိုင်​ပြီး စားပွဲ​ပေါ်သွားချ​ပေးလိုက်​တာ ကျုပ်​မြင်​လိုက်​တယ်​။
"ဟာ...."
"ဟင်​...မိုက်​ရိုင်းလှချည့်​လား.....​ခွေး
ကောင်​ရဲ့....​ဖြောင်း!!!...."
အငံဗူး ​တောင်​တဲ့ အဲ့လူက အ​မေ့လက်​ကို ဆွဲကိုင်​လိုက်​တာ ကျုပ်​​တွေ့လိုက်​တယ်​။ ဘယ်​ရမလဲ အ​မေ ပါးကို ​"ဖြောင်​" ကနဲ မြည်​​အောင်​ရိုက်​ချလိုက်​တာ လည်းကျုပ်​မြင်​လိုက်​တယ်​။ အ​ခြေအ​နေ​တွေကို ကျုပ်​​စောင့်​ကြည့်​လိုက်​ပါ​သေးတယ်​။ဒါ​ပေမယ့်​.....
"ဟင်​..."
ထိုလူက အ​မေကို ဖမ်းချုပ်​ကာ ဆိုင်​ထဲက​နေ ဆွဲထုတ်​ဖို့ကြိုးစာ​နေတယ်​ ။ ထိုလူနဲ့အတူပါလာတဲ့ နှစ်​​ယောက်​ကာလည်း အ​မေ့ကို ဝိုင်းချုပ်​ကြတယ်​။ ကျုပ်​လည်း မ​နေသာ​တော့​တဲ့အဆုံး.....
"အား...."
ကျုပ်​ထိုလူ့ရဲ့ ​ခေါင်းကို အုတ်​ခဲကျိုးနဲ့ထုလိုက်​မိတယ်​။
"ရှင်​တို့ ကျုပ်​အ​မေကို ဘာလုပ်​တာလဲ......ရှင့်​တို့ပါ မ​သေချင်​ရင်​ ဆိုင်​ထဲက ထွက်​သွား......သွား....."
ထိုလူ​တွေထွက်​သွားပြီလို့ ကျုပ်​ထင်​လိုက်​မိတယ်​။ ဒါ​ပေမယ့်​....
"သမီး...​."
"အ!!!...."
ကျုပ်​​နောက်​ကို ဓားကို သစ်​ကိုင်း​ခြောက်​နဲ့ ရိုက်​ဖို့ လျှို့ဝှက်​စွာ​ရောက်​လာတဲ့ လူကို အ​မေ ဓားနဲ့ ထိုးလိုက်​တယ်​။ ကျုပ်​ အလိုလို မျက်​ရည်​စ​တွေထွက်​ကျလာတယ်​။
အ​မေက ကျုပ်​ကို ပြုံးပြ​နေတယ်​။
~~~~~~~
(၆)
ဥပ​ဒေရဲ့ ပြစ်​ဒဏ်​ချမှတ်​မှု့ ကို အ​မေ​ကျေနပ်​စွာခံယူတယ်​။ အ​မေကျခံရမယ့်​ပြစ်​တယ်​ကို ကျုပ်​သာ ကျခံချင်​မိတယ်​။ ဒါ​ပေမယ့်​ ဘယ်​ဖြစ်​မလဲ။ ဥပ​ဒေဆိုတာ ဘက်​လိုက်​မှု့ ကင်းတယ်​​လေ။ အပြစ်​ရှိသူကိုသာ အဖြစ်​​ပေးရတာမှတ်​လား။
ကျုပ်​အ​မေ့ကို သတိရတယ်​ ။ အ​မေဘယ်​လိုများ​နေမလဲ​ပေါ့။
ကျုပ်​စိတ်​မှာ​တော့.....
"သမီး​ကြောင့်​ပါအ​မေရယ်​....သမီးသာ​သေရင်​ အ​မေ့ ဒီထက်​လည်းပင်​ပန်းမှာ မဟုတ်​​တော့ဘူး.....စိတ်​ချပါအ​မေ....အ​မေမှာတဲ့အတိုင်း အ​မေပြန်​မလာမယ့်​ ရက်​ကို​ သမီးတို့​မောင်​နှမ​ ​အောင်​မြင်​ခြင်း​တွေနဲ့ ​စောင့်​ကြို​နေပါ့မယ်​ အ​မေရယ်​......."
"​​လမင်းကြီးက ​နေမင်းကြီးရဲ့သားဖြစ်​သလို အ​မေ့ရဲ့အ​နွေးဓာတ်​​တွေနဲ့ ရှင်​သန်​ခွင့်​ရတဲ့ အ​မေဟာ သမီးတို့​မောင်​နှမ​ရဲ့ အရှင်​သခင်​ပါပဲအ​မေ....."
................ပြီးပါပြီ...........
စာ​ရေးသူ ....​အောင်​​ဒေါင်းဏီ
Photo writer....မိုးရိပ်​ညို