💌ထာဝရ…မင်း💌
အခန်း (၁၁)
……………………………………
လိမ္မော်ရောင်ဖဲစပေါ်မှာ အနက်ရောင်လက်လက်
ဘော်ကြယ်လေးတွေ တပ်ထားတာက သူမကို အားလုံးထဲမှာ
အထင်းဆုံးဖြစ်စေ၏။ မနက်ခင်းနေရောင်ကြောင့်
သူမရဲ့မျက်နှာကလည်း အတောက်ပဆုံးဖြစ်နေလျက်…
''အဲဒါ ဒေါက်တာနိုးနိုးမွန်လေ…ကိုန
ပြည့်ပြည့်စံက ပိုးအနားကပ်ကာ ပြော၏။ ကိုနှိုင်းထက်တို့ ဆိုတော့
နောက်တစ်ယောက်က ဘယ်သူလဲ။ ပိုး ခေါင်းလေးထောင်သွား၏။
NM က ဒေါက်တာတစ်ယောက်ရဲ့ အိမ်သစ်တက်လို့သာ
သိထားသည်။ ဆေးရုံမှာ ဂျူတီမရှိသူတို့က အဆင်ပြေသည့်အချိန်
လာကြခြင်းဖြစ်သည်။
''သူငယ်ချင်းပဲမဟုတ်ဘူး…ရည်
စံ့ ဘေးကနေ ကပ်ပြောလိုက်သူက ယုယမွန်။
ယုယမွန်က ဒေါက်တာနိုးနိုးမွန်ရဲ့ ညီမ ဖြစ်လေ၏။
''ကိုနှိုင်းထက် ရဲ့ ရည်းစားဟောင်းလားဟင်''
စံ့မျက်နှာလေး သိသိသာသာပျက်သွားတာနှင့်အတူ
ယုယမွန်ကိုလည်း မေးလိုက်၏။
''မဟုတ်ဘူး…အစ်ကို သူရိန်က မမရဲ့ ရည်းစားဟောင်း''
''အစ်ကို သူရိန်ဆိုတာ ဆရာမင်း ကိုပြောတာလား''
''ဟုတ်တယ်''
ဒီတစ်ခါ စိတ်ဝင်စားကာ ယုယမွန်အနားကပ်သွားမိတာက
ပိုး ဖြစ်၏။
ပိုးနဲ့ စံ နှစ်ယောက် စိတ်ဝင်စားဟန်ပြတာနှင့် ယုယမွန်ကလည်း
အကြီးအကျယ် ဖောက်သည်ချတော့သည်။
………>>>>>>>
အကြီးအကျယ်ထိုင်ပြောနေရင်း ယုယမွန်က
ရုတ်တရက် ပါးစပ်လေးပိတ်သွား၏။
သူတို့ စားပွဲဝိုင်းကို နှိုင်းထက် ရောက်လာသောကြောင့်ဖြစ်၏။
''ဆရာ…''
''အစ်ကို''
သုံးယောက်လုံး မတ်တပ်ရပ်လိုက်ကြသည်။
နှိုင်းထက်က ပိုး ရဲ့ ဘေးက ခုံအလွှတ်မှာ ဝင်ထိုင်လိုက်သည်။
''မင်း' ဒီကိုလာ''
မင်း' က တစ်ချက်လှည့်ကြည့်ခဲ့၏။
မျက်လုံးတို့က ပိုး နဲ့ချက်ချင်းအကြည့်ဆုံ၏။
ပိုး ကချက်ချင်းပဲ မျက်နှာလွဲလိုက်မိသည်။
လာမထိုင်ပါစေနဲ့…ပိုး တို့ဝိုင်းမှာ လာမထိုင်ပါစေနဲ့။
ပိုး ဆုတောင်းမပြည့်လိုက်ပေ။
''အတော်ပဲ ယုယလည်းရှိတယ် သူရိန်…ဒီဝိုင်းမှာ ထိုင်လိုက်''
နိုး ဆိုသည့် ဒေါက်တာမ က သူ့ကို ထိုင်ဖို့ ခုံဆွဲပေးတာကအစ
သူ့ပုခုံးကို ပုတ်ပြီး ပြုံးပြကာ ထွက်သွားတာအဆုံး
ပိုး တအံ့တသြကြည့်နေမိသည်။
ယုယပြောတော့ သူတို့က ရည်းစားဟောင်းတွေဆို? အခုပုံစံက…
''ပိုး အဆင်ပြေလား''
''မပြေဘူး''
နှိုင်းထက် မေးတာကို ပိုး သတိလက်လွတ် ဖြေလိုက်မိ၏။
မပြေဘူးဆိုတာ အခု အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။
မပြေပါ…လုံးဝ မပြေပါ။ ပိုး ဘာမှ မဆိုင်မှန်းသိပေမယ့်
အလိုလိုနေရင်း ကိုကို့ကို ဒေါက်တာနိုးနိုးမွန်နှင့်
သဝန်တိုနေမိသည်။
''ဘာအဆင်မပြေတာလဲ…OPD မှာ မထိုင်ချင်ဘူးလား''
''ရှင်''
ထိုအခါမှပိုး သဘောပေါက်၏။ ကိုနှိုင်းထက်က ဆေးရုံမှာ
အဆင်ပြေလား မပြေလား မေးခြင်းဖြစ်ကြောင်း…
ရှက်ကိုးရှက်ကန်းနှင့်…ရယ်က
''ဟို…ပြေပါတယ်…အဟင်း…
မပြေဘူးဆိုတာ……ဟို ပိုးမကျွမ်းသေးတာကိုပြောတာ
နောက် အဆင်ပြေသွားမှာပါ…အဟင်း''
ဘာတွေပြောလို့ ပြောနေမိမှန်းမသိပေ။
တစ်ဝိုင်းလုံးက လူတွေလည်း ပိုး ကိုကြောင်တောင်တောင်
ကြည့်နေကြသည်။ အဆိုးဆုံးက
ကိုကို။ မျက်မှောင်ကြုတ်ကာ လူကို ကြည့်နေတာက
ထုရိုက်ပစ်ချင်စရာ။
ထိုစဉ်!.
''လာပြီ လာပြီ…ရော့…သူရိန်အတွက်…
ငရုတ်သီးလည်းမထည့်ထားဘူး ပဲမှုန့်လည်း မထည့်ထားဘူး…ဒါက နှိုင်းထက်အတွက်…နံနံပင်မထည်
ရွှေတောင်ခေါက်ဆွဲ ပန်းကန်တွေကို မင်း' နဲ့ နှိုင်းထက်
ရှေ့မှာ ချလိုက်ရင်း မင်း' ဘေးက နောက်ဆုံးကျန်နေတဲ့
နေရာလွှတ်တစ်ခုမှာ ဝင်ထိုင်လိုက်သည်။
ပြီးတော့…နိုး က…
''အဲ မေ့နေတာ…'' ဆိုပြီး…
စားပွဲပေါ်က သံပုရာသီးခြမ်းတချို့ကို ယူပြီး မင်း' ရဲ့
ပန်းကန်ထဲ ညစ်ထည့်ပေးလေ၏။
မင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်စဉ်…
''အဟွတ်…အဟွတ်…''
ရွှေတောင်ခေါက်ဆွဲ အလုတ်ကြီးကြီးကို
စိတ်မပါဘဲ ပါးစပ်ထဲ သွပ်နေတုန်း…မြင်လိုက်ရသည့်
မြင်ကွင်းကြောင့်…ပိုး နင်သွားခြင်းဖြစ်သည်။
''ဟဲ့ ပိုး…''
စံကလည်း ဘေးကနေ ပိုးရဲ့ ကျောပြင်လေးကို ပုတ်ပေးသည်။
စားပွဲပေါ်မှာ ရှိနေတဲ့ လီမွန်ဖျော်ရည် ဖန်အိုးလေးကို
မင်း' အကြည့်ရောက်၏။ ထိုဖန်အိုးလေးကို
လက်လှမ်းရန်ပြင်လိုက်စဉ်…
''ရော့ ဒါသောက်ရမှာ''
နှိုင်းထက်က ချက်ချင်းပဲ လီမွန်ရည်ကို ဖန်ခွက်ထဲထည့်ကာ
ပိုး ကို ကမ်းပေးလိုက်၏။
စားပွဲပေါ်ရောက်နေတဲ့ မင်း' ရဲ့ လက် ဘာလုပ်ရမှန်းမသိဖြစ်ကာ…
တွေ့တဲ့ ငရုတ်သီးမှုန့်ကို ကိုယ့်ပန်းကန်ထဲ
ကော်ထည့်လိုက်မိသည်။
''သူရိန်…အဲဒါ ငရုတ်သီးတွေလေ''
နိုးက သတိပေးမှ…
''အော်…ငရုတ်သီး အရောင်လှလို့ ထည့်ကြည့်တာ…ငါ ဝပြီ…''
ပြောလည်းပြောပြီး ချက်ချင်း ထရပ်လိုက်၏။
''ဂုဏ်ပြုပါတယ် အိမ်သစ်လေးကို''
နိုး ကို တစ်ခွန်းပြောပြီး…
ပါးပြင်တွေအပြင် နှာခေါင်းပါနီရဲနေသည့် ပိုး ကို
တစ်ချက်ကြည့်ကာ ထထွက်သွားလေ၏။
…………>>>>>>>>
''သူရိန်…ခဏလေး''
နောက်ကနေ ခေါ်သံနှင့်အတူ ပြေးလိုက်လာသည့်
နိုး ကြောင့် မင်း' လျှောက်နေရာမှ ရပ်လိုက်သည်။
''ရော့…ချယ်ရီသီးနဲ့မက်မွန်
နိုး ကို မင်း' စိုက်ကြည့်လိုက်မိသည်။ ပြီးတော့…
''မလိုပါဘူး နိုး…''
နိုးရဲ့ မျက်နှာချက်ချင်း ပျက်ယွင်း၏။
ပြီးတော့ မျက်ရည်လေး ဝဲလာကာ…
''နင်ငါ့ကို လုံးဝ ခွင့်မလွှတ်နိုင်တော့ဘူးလားဟ
နင့်ဆီပြန်လာခွင့် မရှိတော့ဘူးလား…စိတ်ဆိုးတာေ
သူရိန်ရယ်…နင်တစ်ယောက်တည်းက
''စိတ်ဆိုးတာမဟုတ်ဘူး နိုး…မင်းနဲ့ ပတ်သက်ပြီး ငါ့ရင်ထဲမှာ
ဘာမှမရှိတော့တာ…ချစ်လည်းမချ
''ဒါဆို အစက ပြန်စမယ်…သူငယ်ချင်းအဖြစ်…'
''ဆောရီး…ငါအချိန်တွေလိုအပ်
ပြောပြီး မင်း' လှည့်ထွက်သွား၏။
''ခုနက ကောင်မလေးက နင်တို့နဲ့ ခင်လား''
နိုး လှမ်းအော်ပြီး မေးလိုက်သေးသည်။
ဘယ်သူ့ကို ဆိုလိုမှန်း မင်း' သိပေမယ့် ပြန်မပြောဖြစ်တော့ပေ။
ပိုး ကို သိပြီး မင်း ဘာလုပ်မလို့လဲ။
လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ
ကားဆီကို တန်းတန်းမတ်မတ်လျှောက်သွားသ
ဘာမှမလုပ်တောင် စတိုင်ကျလွန်းသည့် ထိုယောက်ျား…
ကိုယ့်အချစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူငယ်ချင်းသုံးယောက်ရှိသည့်
နှိုင်းထက်ထက် သူ့ကို အဆင့်ပို ချစ်ခဲ့သည်။
တွဲကြရအောင် ပြောခဲ့တာလည်း နိုးဘက်က စခဲ့သည်။
ချစ်တယ် လို့ ခဏခဏပြောခဲ့တာလည်း နိုးပဲ ဖြစ်၏။
သူကတော့ ချစ်တယ် လို့ စိတ်လိုလက်ရ မပြောခဲ့ဖူးပေမယ့်
နိုး က ''ချစ်လား'' လို့မေးတိုင်း
''အင်း'' လို့ သူအမြဲဖြေခဲ့ဖူးသည်။
နိုးကလည်းအဲဒါကိုသာ ကျေနပ်ခဲ့သည်။
ဆေးတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ဖြစ်ခဲ့စဉ်…
နိုး စာမရမှာစိုးလို့ အမြဲ စာရှင်းပြခဲ့သူ…
သူမကြိုက်တောင် နိုး စားချင်တာလေးတွေ လိုက်စားပေးခဲ့သူ…
ခုတော့…
နိုး မှားခဲ့တာက ထိန်းလင်းသာ ဆိုသည့် လူနှင့်
ခဏတာတွဲမိခဲ့ခြင်းဖြစ်၏။
ထိုအမှားကြောင့် သူနဲ့ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။
''နင့်ကိုပဲ ချစ်ခဲ့တာပါ သူရိန်''
………………>>>>>>>>>>>>>>>>
ကိုယ့်နောက်မှာ တစ်ယောက်ယောက် နောက်ယောင်ခံနေတယ်ဆိုတာ လူတွေ ဘယ်လိုအာရုံနဲ့သိကြသည် မသိ။ မင်း' ကတော့
ကိုယ့်နောက်မှာ မက်မွန်သီးမ လိုက်လာသည်ဆိုတာ သိနေ၏။
ဆေးရုံနှင့် အိမ် သိပ်မဝေးသောကြောင့် မနက်စောစောလမ်းလျှောက်ခဲ့ခြ
နောက်ကနေလိုက်…
တစ်ဖက် လမ်းကနေ လိုက်…
ပိုး တော့ အလုပ်ရနေ၏။
သူမတွေ့အောင် ပုန်းတတ်ဖို့လည်း လုပ်ရသေး။
''အမလေး ပလုတ်တုတ်''
လမ်းကြားရဲ့ ထောင့်ချိုးလေးမှာ လူတစ်ယောက်နှင့် တိုက်မိ၏။
သူများ တိုးတိုးတိတ်တိတ် သွားနေရတဲ့ကြားထဲ
ကိုယ့်ကို လာတိုက်တာ ဘယ်သူလဲ။
မော့ကြည့်လိုက်စဉ်…မင်း' ခါးနှစ်ဖက်ထောက်ကာ
ပိုး မော့ကြည့်တာကို စောင့်နေဟန်ဖြင့်…
''ငါ့နောက်လိုက်နေတာလား''
''မဟုတ်ဘူး''
''ဟုတ်တယ်''
''မဟုတ်ပါဘူးဆို''
ပိုး အတင်းငြင်း၏။
''ဆေးရုံသွားမယ့် လမ်းက တစ်လမ်းတည်း…ဘာလို့ ကိုကို့နောက်
လိုက်တယ် ထင်ရတာလဲ ကိုယ့်လမ်းကိုယ်သွားတာ''
ပြောပြီး သူ့ ရှေ့ကနေ ဆက်သွားဖို့ ပြင်လိုက်စဉ်…
မင်း' က လိုက်လာပြီး…
''မင်းက မက်မွန်သီးမ ဆိုတာ ဘာလို့ ငါ့ကို မသိစေချင်တာလဲ''
''ဘယ်တုန်းကလဲ…ပိုး လျို့ဝှက်ထားတာ ဘာမှမရှိဘူး''
''ဟိုတစ်ခါ ကြီးကြီးတို့အိမ်ကို မင်း အမေနဲ့ လာတုန်းက…''
ပိုး ခြေလှမ်းလေး ရပ်သွား၏။
''အဲ့တုန်းက…''
''အဲ့တုန်းက ဘာဖြစ်တာလဲ''
''ပိုး အမြဲအဆူခံနေရတာ ပြီးတော့ ကိုယ့်ကို ဆူတဲ့လူကလည်း
ကိုယ်နဲ့သိတဲ့ လူဆိုတော့ ရှက်လို့''
''ရှက်တတ်သေးတယ်ပေါ့''
မင်း' ပြောရင်း သူမ မျက်နှာကို ဘေးတိုက် အကြည့်ရောက်သွား၏။
ရဲတွတ်နေသည့် မျက်နှာ…
တဒင်္ဂလောက်ကြည့်နေမိကာ သူမမျက်နှာ
ကိုယ့်ဘက်ကို လှည့်ခဲ့မှ မင်း' မျက်နှာလွဲလိုက်မိသည်။
''လမ်းကူးရအောင်''
လမ်းရဲ့ ဟိုဘက်ခြမ်းမှာ NM Hospital ဆိုသည့်
အဆောက်အအုံကြီးကို မြင်နေရပြီဖြစ်၏။
ထိုစဉ်…အရှိန်ပြင်းစွာ မောင်းလာသည့် ကားတစ်စီး…
''တီးးတီးးးတီးးးး''
''အားး''
ပိုး တစ်ကိုယ်လုံးကို မင်း' ကဆွဲယူပြီး လမ်းဘေးကို
နှစ်ယောက်လုံး
ဖက်လျက်သား လိမ့်ထွက်သွားလေ၏။
''ရလား…ပိုး…''
ပိုးကတော့ သွားပြီ တိုက်ခံရပြီအထင်နှင့် မျက်လုံးကို
အတင်းမှိတ်ထားတုန်း…
''ဟေ့…ပိုး အဆင်ပြေလား…''
ပိုးရဲ့ ပါးနှစ်ဖက်ကို ကိုင်လှုပ်ပြီး မင်း' ပူထူနေ၏။
ပွန်းသွားတဲ့ ကိုယ့်တံတောင်ကို သတိမထားမိဘဲ
ပိုး ကိုသာ ခေါ်လှုပ်နေမိသည်။
ပိုး မျက်လုံးလေး ဖွင့်လာတော…
''မင်း အဆင်ပြေလား''
တဲ့။
''ကိုကို''
''ဘယ်နားထိသေးလဲ''
''ဘယ်မှာမှမထိဘူး…ကိုကိုသာ…
မင်း' ကိုယ်ပေါ်မှာ ပေရေနေတဲ့ မြက်နုစတွေ…
နှင်းကြောင့် စိုစွတ်ကာ ရွှံ့ဖြစ်သွားတဲ့ မြေမှုန့်စိုစိုတွေရယ် ကြောင့်
သူ ဘယ်လောက်တောင် လိမ့်သွားလဲ သိသာနေ၏။
ပိုး ကျတော့ ခြေထောက်နားကလွဲပြီး ဘယ်နေရာမှ ပေမသွားပေ။
''ထ သွားရအောင်''
ပိုး ကို သူထူလိုက်သည်။
''ကိုယ့် ဘာသာထလို့ရတယ်''
ပိုး က ခံပြောကာ…ကိုယ့်ဘာသာ ထရပ်လိုက်၏။
………>>>>>>>>
ဆေးရုံဝင်းထဲဝင်ခါနီး ပိုး ခြေလှမ်းလေးရပ်သွားလေသည်။
နောက်ကနေ လျှောက်လာသည့် မင်း' ကလည်း ရပ်လိုက်၏။
ပိုးက နောက်လှည့်ကာ…
''ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ'
မင်း' မနေတတ်ဘဲ ဟိုလှည့်ဒီလှည့်လုပ်ကာ…
''ကိုယ်…ကိုယ်…''
''ကိုကို့ကို မကြိုက်စေချင်ရင် စိတ်မဝင်စားစေချင်ရင်
နောက်ခါ ဒီလိုတွေ မလုပ်ပါနဲ့…''
''မဟုတ်ဘူးလေ''
''ဘာလဲ ပိုး နေရာမှာ တခြားသူဆိုလည်း ကိုကို အဲလိုလုပ်မိမှာပဲလို့ပြောမလ
ပြောပြီး ပိုး ဆေးရုံထဲပြေးဝင်သွားလေ၏။
''မက်မွန်သီး…ပိုး…မဟုတ်ဘူး
မင်း လိုက်ခေါ်ပေမယ့် မမီတော့ပေ။
သူမ ဆေးရုံဝင်းထဲ ပြေးဝင်သွားခြင်းကြောင့်ဖြစ
ကိုယ်တိုင်လည်း ဘာကြောင့် အဲလိုလုပ်ခဲ့မှန်းမသိပေ။
အဲ့အချိန်တုန်းက သူမကို မထိခိုက်စေချင်လို့ ဆိုသည့် အတွေးသာ ရှိခဲ့၏။ သူမတစ်ကိုယ်လုံးကို ထိခိုက်မခံဘဲ ဘာကြောင့်
ကာကွယ်ခဲ့မိသည် မသိ။
ကိုယ်က အတ္တကြီးတယ် ကောင်မလေး။
မင်းအပေါ်သံယောစဉ်တွယ်မိရင်
ကိုယ်အရမ်းအတ္တကြီးသွားမှြာေ
မင်းကို စချစ်လိုက်ရင် အရမ်းချစ်မိသွားမှာစိုးလို့
ဒီလိုလုပ်တာဟာ မင်းရဲ့ ခံစားချက်ကို ကစားသလိုဖြစ်သွားရင်
တောင်းပန်ပါတယ်။😞
………………
အခန်း (၁၂) ဆက်ရန်…
မတ်မတ်ပန်းချီ🌹