''မောင် ဘာဖြစ်တာလည်း နေမကောင်းဘူးလား
မျက်နှာလည်း မကောင်းပါလား''မြတ်သခင် မေးလိုက်သည်။
''ဘာမှမဖြစ်ပါဘူး မြတ်ရယ်''သုတအောင် တစ်ယောက် စိတ်မရှည်သေးသော လေသံဖြစ် ပြန်ပြောလိုက်သည်။
''အော် သိပြီ မောင်ပိုက်ဆံမရှိတော့လိုလား
ရော့ မြတ် ဆွဲကြိုးလေး ယူသွားလိုက်''မြတ်သခင် သူမလည်တိုင်က ဆွဲကြိုးလေးကို ချွတ်ပြီ သုတအောင် လက်ထဲထည့်လိုက်သည်။
''မြတ်ရယ် မယူပါရစေနဲ့''သုတအောင် ငြင်းလိုက်သည်။
''မဟုတ်တာ မောင်ရယ်
မောင်အဆင်ပြေတော့ ပြန်လုပ်ပေးပေါ့
မြတ်မေမေကို ကြည့်ပြောလိုက်ပါမယ်''
''အားဘွား ''သုတအောင် မြတ်သခင် ပါးလေးကို နမ်းလိုက်သည်။
''ဟာ လူလည်ကြီး ''မြတ်သခင်ရှက်သွားတော့သည်။
ဒီနေ့မနက် ထမင်းစားခန်းထဲတွင် လူစုံနေသည်။မြတ်သခင်လည်း လွှတ်နေတဲ့ ခုံလေးမှာ ထိုင်လိုက်သည်။
''သမီး သမီးကို ဟိုတနေ့က မေမေဝယ်ထားပေးတဲ့ ဆွဲကြိုးရော မဝတ်ထားပါလား''
''မဟုတ်ပါဘူးမေမေ သမီးက ဝတ်ရမှာနှမျောလိုပါ ''မြတ်သခင် မလိမ်ချင်ဘဲနှင့် လိမ်လိုက်ရတာ့သည်။
''သမီးရယ် ဘာဖြစ်လည်း ဝတ်ထားပေါ့ ပျက်သွားတော့လည်း ဖေဖေနောက်တစ်ကုံးဝယ်ပေးမှာပေါ့''
''ဟုတ်ကဲ့ ဖေဖေ''မြတ်သခင် ပြုံးပြလိုက်သည်။
မြတ်သခင်တို့မိသားစုသည် ဒီမြို့တွင် အချမ်းသားစုံ မိသားစုဖြစ်သည်။မြတ်သခင် ၏ ဆန္ဒမှန်သမျှမရတာကိုမရှိအောင် မြတ်သခင်ကို မိဘများက စိတ်ချမ်းသာအောင် ထားကြသည်။မြတ်သခင်သည်လည်း အလွန်လိမ်မာပါးနပ်ပြီ ပညာတက်မိန်းမပျိုလေး တစ်ယောက်ဖြစ်သည်။
''မောင် ဒီနေ့နောက်ကျတာလိုက်တာ
ဘာဖြစ်လို့လည်း''
''ဘာမှမဖြစ်ပါဘူး မောင်နေသိပ်မကောင်းလို့ပါ''
''အဲ ဟုတ်လား ဆေးရောသောက်ပြီပြီးလား
သက်သာရဲ့လား ''
''ဟင်အင်း မောင်ဘဝနဲ့မောင်ရှိပါစေ
မောင်ဘဝကကံဆိုးပါတယ်ကွာ ''
''ဘာလည်း မောင်ဆေးခန်းပြဖို့ပိုက်ဆံမရှိတော့ဘူးမလား ''
''မြတ်ရယ် ထားလိုက်ပါ မောင်ကိုဂရုစိုက်မနေပါနဲ့ ''
''မဟုတ်တာမောင်ရယ် ရော့ ဒီမှာငါးသိန်း''မြတ်သခင် သုတအောင် လက်ထဲကို အတင်းထဲလိုက်သည်။
''မယူရပါစေနဲ့ မြတ်ရယ် ''
သုတအောင်တစ်ယောယ် မြတ်သခင်ဆီမှာ အသနားခံပြီ ပိုက်ဆံတောင်းတာ အခါပေါင်းမရေနိုင်တော့။အခါတိုင်းလိုလို မြတ်သခင် ပေးလေ့ရှိသည်။
မြတ်သခင် ရေမိုးချိုးပြီ ခြံထဲက ဒန်ပေါ်တွင် ထိုင်နေသည်။ရုတ်တရက် ဖုန်းမြည်သံကြောင့် မြတ်သခင် ကိုင်လိုက်သည်။
''ဟယ်လို မြတ် ငါစုပါ ငါနင်ကို ပြောစရာရှိလို့'' စုဆိုသူမှာ မြတ်သခင်၏ အရင်းနီးဆံးသူငယ်ချင်း စုစုအောင် ဖြစ်သည်။
''ဘာများလည်း စုရယ်ပြောပါ''
''နင် သုတအောင်လေ ငါတို့ခြံဘေးက ကောင်မလေးနဲ့ တွဲနေတယ် အဲကောင်မလေး ရဲ့ လည်ပင်မှာ နင်ဆွဲကြိုး ကိုတွေ့တယ်သေချာပေါက် ဒီကောင်ခြံခုန်နေပြီထင်တယ်''
''ဘာ ''မြတ်သခင် အတော်ပင် စိတ်မကောင်းလည်း ဖြစ်သလို စိတ်လည်းတိုသွားခဲ့သည်။
နောက်နေ့မှာတော့ မြတ်သခင် စုစုအောင်ရဲ့ ကူညီမူဖြင့် သုတအောင်ရဲ့ ကောင်မလေး အသစ်နှင့် သွားတွေ့တော့သည်။
စားသောက်ဆိုင်၏ နေရာတစ်ခုတွင် အပြာရောင် ဝမ်းဆက်နှင့် ကောင်မလေးတစ်ယောက် ထိုင်နေသည်။စုစုအောင် ပြောပုံအရဆို ထိုကောင်မလေးမှာ သုတ၏ ကောင်မလေးဖြစ်သည်။မြတ်သခင် ထိုခုံနားသို့ သွားလိုက်သည်။
''မင်္ဂလာပါ ညီမလေး ''မြတ်သခင် နှုတ်ဆက်လိုက်သည် ။
''တို့ကို တွေ့ချင်တဲ့ အကြောင်းအရင်းဘဲ ပြောပါ ''ရိုင်းစိုင်းစွာဖြင့် ပြန်ပြောလိုက်သည်။
''ညီမ နာမည်က''
''တို့နာမည် သဇင်
ဒါနဲ့ တို့ကို မိတ်ဆက်ဖို့ ခေါ်လိုက်တာ
တို့မှာအချိန်မရှိဘူး ပြောစရာရှိတာအမြန်ပြော''
''ဟုတ်ပါပြီ သုတအောင်က အစ်မချစ်သူပါ
ချစ်သူသက်တမ်းလည်း ၅နှစ်ပြည့်တော့မှာ ဒါကြောင့်အစ်မက ညီမလေးကို လာအသိပေးတာပါ ''မြတ်သခင်လည်း လိုရင်းကိုဘဲ တည်ငြိမ်စွာ တတောက်တောက်နှင့်ပြောလိုက်သည်။
''ဒါတို့အလုပ်မဟုတ်ဘူး မင်းတို့ဘက်ကို ဘယ်နှစ်နှစ် ပြည့်ပြည့် တို့စိတ်မဝင်စားဘူး ပြီးတော့ တို့မင်းကိုပြောလိုက်မယ် မင်းရည်းစားကိုသာမင်းနိုင်အောင် ထိန်းပါ ''
''ညီမလေး အစ်မကကောင်းကောင်းလာပြောတာပါ မိကောင်းဖခင်သားသမီးတစ်ယောက်အနေနဲ့ ပြီးတော့ ဒီခေတ်ကြီးမှာ ယောကျာ်းမရှားပါဘူး ညီမရာ''
''အဲတာတွေတို့ကိုမပြောနဲ့ တို့မသိချင်ဘူး တို့ကိုဆရာမကြီးစတိုင်နဲ လာဆုံးမမနေနဲ့ ဒါဘဲ''သဇင်ပြောဆိုပြီ ထွက်သွားတော့သည်။မြတ်သခင် တစ်ယောက် သဇင်ကို ကြည့်ပြီ အတော် စိတ်ပျက်သွားသည်။
''အင်းလေ သူကိုပြောလို့မရတော့ မောင်ကို အချိုသက်ပြီ သူနဲ့ပြတ်အောင်လုပ်ရမှာဘဲ
မောင်ကို ငါမစွန့်လွှတ်နိုင်ဘူး မောင်ကို ငါအရမ်းချစ်တယ်''
နောက်တစ်နေ့ တွင် သုတအောင်၏ ချိန်းဆိုမူကြောင့် မြတ်သခင် တွေ့နေကျနေရာလေးကို လာခဲ့တော့သည်။
''မောင် ဘာပြောစရာရှိလို့လည်း မြတ်ကို ချိန်းလိုက်တာ''
''အင်း မောင်တို့လမ်းခွဲရအောင် မြတ်''
''ဘယ်လို ''မြတ်သခင် မယုံနိုင်သော အကြည့်များဖြင့် သုတကို ကြည့်ပြီ မေးလိုက်သည်။
''အင်း မောင်တို့ ဇာတ်လမ်းကို အဆုံးသတ်ရအောင်''
''ပြောထွက်လိုက်တာ မောင်ရယ် ၅နှစ်တာသံယောဇဉ်ကို မောင်က တစ်နေ့ထဲနဲ့ ဖြတ်တော့မယ်ပေါ့
မြတ်မှာ ဘာအမှားရှိလို့လည်း မောင်ရယ် ''
''အပိုတွေ လုပ်မနေနဲ့ မြတ်သခင် ငါသွားတော့မယ်''သုတအောင် စိမ်းကားသော အသံများဖြင့် ပြောပြီ လှည့်ထွက်သွားသည်။
''မောင်ရယ် မသွားပါနဲ့ မြတ်ကို မထားခဲ့ပါနဲ့ ''မြတ်သခင် သုတလက်လေးကို ဆွဲလိုက်သည်။
''လွှတ် ငါလက်ကို လွှတ် ''သုတအောင် မြတ်သခင်ကို တွန်းလိုက်သည်။မြတ်သခင် မြေကြီးပေါ်သို့ လှဲကျသွားသည်။
''မင်း အရှုးထမနေနဲ့ ''သုတအောင် အော်ပြောလိုက်သည်။
''တောင်းပန်ပါတယ်မောင်ရယ် မောင်မရှိရင် မြတ်မနေတက်လို့ပါ မောင်ရယ်''မြတ်သခင် ဒူးလေးကို ထောက်ပြီ တောင်းပန်လိုက်သည်။
''ခွင့်လွှတ်ပေးပါ မောင်ရယ် ''
''မင်းမရှက်ဘူးလား ငါသာမင်းနေရာမှာဆို ရှက်လို သတ်သေပြစ်ပြီ''သုတအောင် ပြောပြီ ထွက်တော့သည်။မြတ်သခင်ကို လှည့်မကြည့်တော့။
''မောင် ရက်စက်လိုက်တာ မောင်ရယ်''မြတ်သခင် တစ်ယောက် မျက်ရည်များ ဖြင့် ကျန်ခဲ့တော့သည်။
မြတ်သခင် အိမ်ပြန်ရောက်ပြီ ခဏ အကြာတွင် မြတ်သခင်ဆီသို့ ဖုန်းတစ်ခုဝင်လာတော့သည်။မြတ်သခင်လည်း အမြန်ကိုင်လိုက်တော့
''ဘယ်လိုလည်း မင်းရှုံးသွားပြီမလား မြတ်သခင်''
''မင်း ဘယ်သူလည်း''
''တို့ သဇင်ပါ ဟားဟား
မင်းရဲ့မောင်က အခုတို့ရင်ခွင်ထဲမှာအိပ်စက်နေပြီ
ဒါနဲ့ပြောရအုံးမယ် မင်း သုတအရှေ့မှာ ဒူးထောက်တယ်ဆို မင်းမရှက်ဘူးလား မိန်းကလေးသိက္ခာလေးတော့ ထိန်းပါအုံး ဟယ်''
''တောက် ''မြတ်သခင် ဖုန်းချလိုက်ပြီ အလွန်ဒေါသလည်းထွက် ဝမ်းလည်းနည်း၍ ငိုပါတော့သည်။
သုံးပတ်ကြာပြီးနောက်
မြို့ပြင်၏ တိတ်ဆိတိလှသော ဂိုထောင်ထဲ ရှိ ထိုင်ခုံနှစ်ခုံပေါ်တွင် လူနှစ်ယောက်ကို ကြိုးနှင့်ချည်ထားသည်။
''ကယ်ကြပါအုံး ကူညီကြပါအုံး''
''ကဲ အရမ်းချစ်ဖို့ကောင်းတဲ့ အတွဲ ဘယ်လိုလည်း ပျော်ကြရဲ့လား''မြတ်သခင် ရယ်ပြီ ပြောလိုက်သည်။
''တောင်ပန်းပါတယ် မြတ်ရယ် မောင်ကိုခွင့်လွှတ်ပေးပါနော် ''သုတအောင် တောင်ပန်းလိုက်သည်။
''အစ်မ ညီမလေး တောင်ပန်းပါတယ် ''သဇင်လည်း ငိုယိုပြီ ပြောရှာသည်။
''မတောင်ပန်းကြပါနဲ့ ''
မြတ်သခင် ပြောလိုက်သည်။
''ရော့ ဒါက ငါကိုဒူးထောက်တောင်ပန်းအောင်လုပ်ခဲ့တဲ့ အတွက် ''မြတ်သခင် တူနှင့် သုတအောင် ဒူးကို အချက်ပေါင်းများစွား ထုလိုက်သည်။
''အားးးး အားးးးးး''
''ကဲ ဒါက တို့ တို့လိုပြောပြီ ခေါင်းမာတက်တဲ့ ညီမလေးအတွက် ''မြတ်သခင် သဇင်ရဲ့ ခေါင်းကို တူနှင့် တစ်ချက်ထုလိုက်သည်။
''အားးး အားးး ''
''၅နှစ်သာ သံယောဇဉ်ကို တစ်နေ့တည်းနဲ့ ဖြတ်လိုက်တဲ့ အရမ်းတော်တဲ့ မောင်အတွက် ''မြတ်သခင် သုတအောင်ရဲ့ လက်ချောင်းလေးတွေကို ဖြတ်လိုက်တော့သည်။
''မ မလုပ်ပါနဲ့ မြတ် . . .''
''ကြိုပြောထားမယ်နော် မင်းတို့နှစ်ယောက်သေသွားရင် ငါမြေမမြှုပ်ဘူး မင်းတို့နောင်ဘဝကို လွယ်လွယ် ကူကူ သွားရမှာ ဆိုးလို ကြိုးနဲ့ချည်ပြီ ပင်လယ်ထဲချဖို့ ဆုံးဖြတ်ထားတယ် ဟား ဟားးး ငါအစီအစဉ်ကို ကြိုက်ကြရဲ့လား ''
''မင်းတို့သိပ်ချစ်ကြတယ်မလား မကျွတ်မလွတ်ဘဲ နေကြ ''မြတ်သခင် ဓားနဲ့ ပြေးပြီ ထိုးလိုက်တော့သည်။
ထိုနောက် မြတ်သခင် သုတနဲ့သဇင်တို့ အလောင်းကို ပင်လယ်ထဲချပြီ ရေမိုးချိုးတော့သည်။အနီရောက်ဝမ်းဆက်လေးကို ပြီးနောက် မိတ်ကပ်ကိုပါးပါးလေး လိမ်းလိုက်သည်။
''ကျွန်မ လူနှစ်ယောက်ကိုသတ်ထားလို့ လာဝန်ခံတာပါ ကျွန်မကို ကြိုက်တဲ့ အပြစ်ပေးပါ ကျေကျေနပ်နပ်ခံယူဖို့ အသင့်ပါဘဲ''မြတ်သခင်ပြုံးရယ် စွာဖြင့်ပြောလိုက်သည်။ရဲသားတွေလည်း မြတ်သခင်၏ အမူအရာ ဝတ်စားပုံကိုကြည့်ပြီ အလွန်ပင်အံသြနေတော့သည်။
''မောင် အရမ်းရက်စက်တယ်လို မထင်ပါနဲ့ ဒီလိုရက်စက်အောင် မောင်ဘဲ မြတ်ကို သင်ပေးခဲ့တာလေး ''
ပြီပါပြီး။
#တစ်လုံးမှားလျှင်နှလုံးသားနှင့်ပြင်ဖတ်ပေးပါ။
#စာဖတ်ပရိတ်သတ်အား ထာဝရလေးစားလျက်။
ကြိုးစားသွားမည့်
#မြတ်သက္ကရာဇ်(Lashio university)