ထာဝရ…မင်း
အခန်း (၁၀)
…………………………………………………………
''နင်ငါ့နောက် နေ့တိုင်းလိုက်နေတာ မသိဘူးများထင်နေလား…
ဘာလဲ…အခု ပြောစရာရှိလို့လား''
ပိုး ဒေါသထွက်စွာ အော်ပြောလိုက်မှ သူ့ခြေလှမ်းရပ်တန့်သွား၏။
ပြီးတော့ ပိုး ဆီသို့ ဖြည်းညှင်းစွာလျှောက်လာကာ…
''မင်း အိမ်ကို ကောင်းကောင်းပြန်ရောက်လား သိချင်လို့''
''အဲဒါ ငါ့ကိစ္စ နင်နဲ့ ဘာဆိုင်လဲ…တောက်!''
''မင်းကို စိတ်ပူလို့''
''စိတ်ပူရအောင် နင်နဲ့ငါက ဘာမှမပတ်သက်ဘူး…ကျစ်!!''
ပိုး စိတ်ပျက်စွာ ခါးထောက်ရင်း စုတ်သပ်လိုက်သည်။
ပြောလည်းပြောရင်း သူက ပိုးနဲ့ နီးတစ်ထက် နီးအောင်
ကပ်သွားကာ…
''ပတ်သက်ချင်လို့…မင်းနောက် လိုက်နေတာလေ…''
ပိုး ကြက်သီးပင် ထသွား၏။
သူဘက်က ကပ်လာတာနှင့် ပိုး ခြေလှမ်းတွေ တဖြည်းဖြည်း
နောက်ဆုတ်မိသည်။
ဘေးဘီကို ကြည့်လိုက်တော့ ည ၉ နာရီဆိုတော့
လူသွားလူလာလည်း သိပ်မရှိ။
ပြောတော့ ဒီရပ်ကွက်သန့်တယ်ဆို?
''တကယ်ပါ…မင်းကို ချစ်တာ မယုံဘူးလား''
''နင် ရှေ့ထပ်မတိုးခဲ့နဲ့''
တုန်တုန်ယင်ယင်အော်ပြောပေမယ့် ပိုင်ယံက ရပ်တန့်မသွားခဲ့။
''ပိုင်ယံ!!''
ပိုး မျက်လုံးမှိတ်ပြီး ခေါင်းငုံ့ထားလိုက်မိသည်။
တစ်ခုခု များ ဖြစ်တော့မလား…
ဘာသံမှ မကြားရသဖြင့် ပိုး ခေါင်းမော့ကြည့် ပြန်၏။
ပိုင်ယံကို မတွေ့ရ။
ကိုယ့်ရှေ့မှာ ခန္ဓာကိုယ်တစ်ခုက ကာရပ်ထားသောကြောင့် ဖြစ်၏။
''ဘာဖြစ်တာလဲ''
သြရှရှအသံမှာ အာဏာသံလိုလို ပါနေ၏။
တစ်ခါတည်း သိလိုက်သည်က…
''ဆရာ''
ပိုင်ယံထံမှ အသံထွက်လာ၏။
''လိုက်ပို့တာလား''
''ဗျာ…ဟုတ်…အဲ မဟုတ်ပါဘူး…
လမ်းကြုံလို့ပိုးကို တွေ့တာနဲ့ စကားလာပြောတာ''
''အခုပြောလို့ပြီးပြီလား''
''ဗျာ…ဟုတ် ဟုတ်ကဲ့''
''ဒါဆို သွားရအောင်''
မင်း' က နောက်မှာ ရပ်နေတဲ့ ပိုး ကို လှည့်ပြောကာ
ထွက်သွားလေသည်။
''မလာသေးဘူးလား''
ကြောင်တောင်တောင် ရပ်နေသေးတဲ့
ပိုး ကို လှမ်းအော်လိုက်သေး၏။
''လာ…လာပြီ ဆရာ''
ပိုး အပြေးလေး လိုက်သွားလေသည်။
…………>>>>>>>>>
တိတ်ဆိတ်စွာ လျှောက်လာပေမယ့် တစ်ယောက်မှ စကားမစမိပေ။
ပိုး လည်း အိတ်လေး ပိုက်ပြီး စကားမစရဲ…
ရုတ်တရက်…
''အင့်''
သူ့ကျောပြင်ကြီးကို ပိုး ခေါင်းနဲ့တိုက်မိ၏။
လမ်းလျှောက်နေရာကနေ မင်း' က ရုတ်တရက်
ရပ်လိုက်သောကြောင့် ဖြစ်သည်။
ပြီးတော့ နောက်လှည့်လာကာ…
''ခုနက သူငယ်ချင်းလား''
''မဟုတ်ပါဘူး ဆရာ''
''သူငယ်ချင်းဆို?''
''ခုံနံပါတ်နီးလို့ပါ…မခင်ြ ကပါဘူး''
မင်း' ခေါင်းတစ်ချက် ငုံ့လိုက်သည်။
''ခုနက ကျေးဇူးတင်ပါတယ်''
''မလိုပါဘူး…လမ်းကြုံလို့''
ပိုး ဘာမှမပြောဘဲ ခေါင်း ငုံ့ထားလိုက်သည်။
ဟိုတစ်နေ့က ပိုး စိတ်ဆိုးထားတာကိုလည်း မေ့လိုက်၏။
ပိုင်ယံ ဘာလာပြောတာလဲ မသိချင်ဘူးလား။
ပြီးတော့ သူက ဘယ်ကနေ ဘယ်ကို လမ်းလျှောက်နေလို့ ပိုး တို့ကို တွေ့သွားတာလဲ။ သိချင်တာတွေ များနေပေမယ့်
မမေးဖြစ်ခဲ့ပေ။ ဟိုတုန်းကလို…''မင်းကို ကြိုက်တယ်ထင်လို့လား'' လို့ ထပ်အပြောမခံချင်တော့ပေ။
အိမ်ရောက်တော့ သူ့ကို နှုတ်မဆက်ဖြစ်ဘဲ ပိုး
အိမ်ထဲဝင်သွားတော့သည်။
ဒီလို လုပ်တာ အကောင်းဆုံး။
……………………>>>>>>>>
''ငါမလုပ်ဖြစ်တော့ဘူး စံ…
ငါ့အမေကလည်း အစကတည်းက သဘောမတူဘူး''
''အေးလေ အစိုးရအလုပ်ဝင်လုပ်ရင် ဘယ်နယ်ကျမယ်မှန်းမသိ
…ပြီးတော့ ငါတို့က မိန်းကလေးတွေ''
''အင်း''
''နင်အခု အဲ့ဆေးခန်းမှာ မထိုင်နဲ့တော့ကွာ…ပြီးတော့ ပိုင်ယံ…
အဲဒါ သူတမင် အကွက်ဆင်တာ သူ့အမေရဲ့ ဆေးခန်းမှာ နင့်ကို
တမင်''
အဲ့ ဆေးခန်းဆိုလို့ မနေ့ညက ကိစ္စကို ပြန်တွေးမိ၏။
ဆေးခန်းက အိမ်နဲ့ သိပ်မဝေးတာမို့ ပိုး ခန္ဓကိုယ်လည်း
လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လမ်းလျှောက်သွားခြင်းဖြစ်သည်။
အပြန်မှာ ကြုံခဲ့ရတာက…
ကျောင်းတုန်းက ခုံနံပါတ်ချင်းနီးတဲ့ ပိုင်ယံက နောက်ကနေ
လိုက်လာ၏။ ဒါ တစ်ကြိမ် နှစ်ကြိမ် မကတော့ပေ။
ပိုး ကို ကျောင်းကတည်းက ချစ်တယ် ချစ်တယ် ပြောလာတာ
ပိုးမှ စိတ်မဝင်စားပဲ။
တိုက်ဆိုင်တာလား တမင်လားတော့ မသိ။
သူ့မိဘရဲ့ ဆေးခန်းမှာမှ ပိုး အလုပ်လုပ်မိသည်။
''ပိုင်ယံက နင့်ကို တကယ်ချစ်တာနေမှာပိုး…သူ့ကို ယ်သူ
နည်းနည်း မြောက်ကြွကြွဖြစ်နေပေမယ့်ပေါ့''
''အဲဒီ သူ့ကိုယ်သူ အထင်ကြီးနေတာကို ငါအမြင်ကတ်တာ…
ပိုက်ဆံရှိတိုင်း ရုပ်ချောတိုင်း သူလိုက်ကြိုက်တဲ့လူ အကုန်
သူ့ပြန်ကြိုက်မယ် ထင်နေလား မသိဘူး''
''အေးပါ နင်မကြိုက်လည်း…လကုန်တာနဲ့ အတော်ပဲ
အဲ့ဆေးခန်းက ထွက်ခဲ့တော့…NM မှာ လာလုပ်ကွာ…''
''NM က…ငါ…ဟိုဆရာရှိတယ်လေ…ငါမလုပ်ချင်ဘူး''
ပိုး ပြောကာ တစ်ဖက်လှည့်လိုက်၏။
လုပ်ချင်ပေမယ့် သူ့မျက်နှာ မြင်ယောင်မိတိုင်း…
''ဆရာမင်းနဲ့ မတွေ့ပါဘူးဟဲ့…သူက တာဝန်ချိန်မှာပဲ ရှိတာ…
သူ့အချိန်နဲ့သူ…ငါတို့က OPD မှာပဲ ထိုင်ရတာ သူတို့က
ဆရာဝန်ကြီးတွေလို ဖြစ်သွားပြီ''
''ဟုတ်လား''
ပိုး မျက်နှာလေး ရွှင်လန်းသွား၏။
တကယ်တော့ အလုပ်ရချင်သည်။
အပြင်ဆေးခန်းမှာ ထိုင်တာဆိုပေမယ့် ပညာမှ မတိုးပေ။
လူနာတွေအတွက် ရောဂါအရင်းအမြစ်ပျောက်ဖို့ထ က်
ရောဂါလက္ခာပျောက်ဖို့ကိုသာ အလေးထားကုသသည့်
အပြင်ဆေးခန်းတွေ ပိုး မထိုင်ချင်တာ အမှန်ဖြစ်၏။
ဒီအသက်အရွယ်ရောက်နေပြီ ဘွဲ့လည်းရပြီးတာကို
မိဘထံမှ လက်ဖြန့်မတောင်းချင်တော့ပေ။
''နင် လုပ်ချင်ရင် လျှောက်လိုက်ပါဟာ…NMက
ဆရာဝန်အင်အားလည်း သိပ်မရှိသေးဘူး…လိုနေသေးတယ် ပြီးတော့ ကိုနှိုင်းထက်ရှိတယ်လေ…သူလည်း ရှယ်ယာရှင်ဆိုတော့
ဟဲဟဲ ပြောကြည့်လို့ရမယ်ထင်တယ်''
ပိုး နှင့် စံ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိ၏။
………>>>>>>>>>>>
''သူလေ''
ပိုးကို လက်နဲ့မသိမသာ ညွှန်ပြီး တီးတိုးပြောနေကြ၏။
''ဆရာနှိုင်းထက်နဲ့ ခင်လို့ ခန့်လိုက်တာ…
တကယ်ဆို ဆရာဝန်အင်အားက လုံလောက်နေပြီတဲ့''
''အဲလိုလည်း ရတယ်တဲ့လား''
ပိုး ကြားပေမယ့် မကြားသလို နေကာ
ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေလိုက်သည်။
ဒါ ပထမဆုံး အကြိမ်မဟုတ်တော့ပေ။
ဘာကြောင့်မှန်းမသိ။ ဒီဆေးရုံမှာ အလုပ်စဝင်ကတည်းက ပိုး ကို အတင်းပြောနေကြတာ သိသားပဲ။
''ငါတော့ ရိုးရိုးခင်ကြတယ် မထင်ဘူး''
''အဖားတော်လို့ ထင်တယ်''
လျစ်လျူရှုဖို့ ကြိုးစားပေမယ့် ပိုး သည်းမခံနိုင်တော့ပေ။
လုပ်လက်စကို ခဏရပ်ကာ တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်…
''လုပ်စရာမရှိကြတော့ဘူးလား…
ဆေးရုံဆိုတာ မင်းတို့အတွက် အတင်းအဖျင်းပြောဖို့ နေရာလား''
''ရှင်…မဟုတ်ပါဘူး ဆရာ…''
မင်း' စိတ်ပျက်သလို သက်ပြင်းချလိုက်သည်။
''ဟို ဘက်က လူနာ သွားကြည့်လိုက်''
မင်း' ပြောပြီးတာနဲ့ ထို ဆရာဝန်မလေး နှစ်ယောက်ကလည်း
အမြန်ဆုံး လှည့်ထွက်သွားလေ၏။
''မင်း''
ကိုယ့်ရှေ့မှာ ခေါ်လိုက်သောကြောင့်
ပိုး ကိုယ်လေး မတ်သွားလေသည်။
''ခဏ လိုက်ခဲ့''
………>>>>>>>>>
ရုံးခန်းလေး ထဲမှာ aircon ကြောင့် အေးနေ၏။
ပိုး တိတ်ဆိတ်စွာ ဝင်သွားသည်။
''သူများပြောတိုင်း ငြိမ်ခံနေတာ မင်း အကျင့်လား''
''ရှင်''
''ဒီလောက်အပြောခံရတာကို ငြိမ်နေတာ အံ့သြလို့''
''ကျွန်မကိစ္စပါ''
အနည်းငယ် တင်းမာသွားသည့် အသံဆိုတာ ကိုယ့်ဘာသာ သိလိုက်၏။
''တုံးတာလား အ' တာလား''
''ဆရာ''
ပိုး မျက်လုံးတွေ ရုတ်ချည်းနီရဲလာသည်။
ကိုယ် တုံးတုံးအအ သူနဲ့ဘာဆိုင်လဲ။
လူကို ခေါ်ပြီး ဒါတွေပြောဖို့လား။
''ကျွန်မကို ဘယ်သူ ဘာပြောပြော ဆရာ့ကို
ထိခိုက်လို့လား…သည်းခံနိုင် လို့
ကျွန်မသည်းခံတာလေ…ဘယ်သူ့ကို ထိခိုက်သွားလို့လဲ''
''ငယ်ငယ်က မင်း အဲလိုမဟုတ်ဘူး''
ပိုး ခေါင်းလေး မတ်သွား၏။
သူ သိနေတာလား။ ပိုးနဲ့ သူက………
သိလျက်နဲ့ ပိုး ကို ဘာမှမပြောဘဲ နေနေတာလား။
''ငယ်ငယ်တုန်းက ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ အခု ဒီလိုမဟုတ်တော့ဘူး…
ရှင့်ကို အံ့သြတယ်…အရင်က ပိုး အမှားနည်းနည်းလေး
လုပ်မိတိုင်း ကြီးကြီးကျယ်ကျယ် ဆူခဲ့တာ ဘယ်သူလဲ…
ရှင့်ဆီက ခဏခဏ အဲ့လို အထင်သေးတာ ခံခဲ့ရလို့ ၃ နှစ်လုံး အကောင်းဆုံးဖြစ်အောင် ပိုး ကြိုးစားခဲ့တယ်…
အထက်လူကြီးတွေနဲ့ရော လုပ်ဖော်ကိုင်ဖက် တွေနဲ့ပါ
အဆင်ပြေပြေ နေတတ်အောင်ကြိုးစားခဲ့တာ…
အခု အဆင်ပြေနေပြီလေ…ဘာပြဿနာရှိေ နသေးလို့လဲ''
''ရှိတယ်''
ပြောရင်း မင်း' ထရပ်လိုက်၏။
''မင်းက ငါ့ညီမ ဖြစ်ခဲ့ဖူးတာမို့ သူများတွေဆီကနေ
အဲလို အပြောခံရတာ ငါမကြိုက်ဘူး''
''အော်…ပိုးကို ကူညီခဲ့တာတွေ အားလုံးက
ပိုးကို ရှင့်အသိ ညီမလေးမှန်းသိခဲ့လို့ပေါ့''
''…………''
မင်း' ဘာမှမပြောဘဲ မျက်နှာလွဲလိုက်၏။
''ကိုကိုအဲလိုလုပ်လို့ ပိုး ကိုကို့ကို ကြိုက်မိသွားတယ်ဆိုရင်ရော
စိတ် င်စားမိတယ်ဆိုရင်ရော''
မင်း' ပိုးကို ရုတ်တရက် ကြည့်လိုက်မိသည်။
ရုတ်တရက် သူမ နှုတ်ဖျားမှ 'ကိုကို' ဟု ထွက်လာခြင်းကြောင့်…
ပြီးတော့…
သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေ၏။
''ငါ့ကို စိတ်မဝင်စားနဲ့…''
မင်း' တစ်ခွန်းတည်းပြောလိုက်မိ၏။
''ပိုး ရဲ့ ခံစားချက်ကို ကိုကို ဝင်စွက်ဖက်လို့မရဘူး''
ထိုစဉ်…
''ဒေါက်…ဒေါက်''
တံခါးခေါက်သံကြောင့် ကျအံ့ဆဲဆဲ မျက်ရည်စလေးကို
ပိုး လက်ဖြင့် သုတ်လိုက်သည်။
''နောက်ခါ ပိုး ကို ဘာမှ လာမကူညီပါနဲ့''
ပြောပြီး ပိုး လှည့်ထွက်သွားလေ၏။
တံခါးဝမှာ မိန်းကလေး တစ်ယောက်လည်း ဝင်လာသည်။
Stetho(နားကြပ်) ကို လည်ပင်းမှာ ချိတ်ထားသဖြင့်
ဆရာဝန်မှန်း သိသွားကာ… ပိုး ခေါင်း ငုံ့ပြီး သူမရှေ့မှ
ထွက်ခဲ့လေ၏။
''နိုး''
''သူရိန်…ငါ နင့်ကို ဖိတ်ချင်လို့''
နိုးနိုးမွန်က ဝင်လာရင်း မင်း' ရှေ့ရောက်မှ
ဖိတ်စာလေး တစ်ခု ကမ်းလိုက်ကာ…
''ငါ့ အိမ်အသစ်လေး အိမ်သစ်တက်ပွဲ… နင်အားရင်…''
''ငါ မအားဘူး''
မင်း မျက်နှာလွှဲကာ ချက်ချင်းငြင်း၏။
''နင်အားမှ လာခဲ့ပါ…နှိုင်းထက်နဲ့အတူ''
ဖိတ်စာလေး ချပြီး နိုး ပြန်ထွက်ခဲ့လေသည်။
''ဟူးးးးး''
မင်း ထိုင်ချလိုက်ရင်း သက်ပြင်း ရှည်တစ်ခု ချလိုက်သည်။
မက်မွန်သီးမ…သူမ ဘာတွေပြောသွားတာလဲဆိုတာ သိရဲ့လား။
…………>>>>>>>>
အခန်း (၁၁) ဆက်ရန်…
မတ်မတ်ပန်းချီ🌹
မတင်တော့မလို့
cmtတွေ တွေ့တာနဲ့ တင်လိုက်ပြီ😁
ချစ်တယ်နော်
အခန်း (၁၀)
…………………………………………………………
''နင်ငါ့နောက် နေ့တိုင်းလိုက်နေတာ မသိဘူးများထင်နေလား…
ဘာလဲ…အခု ပြောစရာရှိလို့လား''
ပိုး ဒေါသထွက်စွာ အော်ပြောလိုက်မှ သူ့ခြေလှမ်းရပ်တန့်သွား၏။
ပြီးတော့ ပိုး ဆီသို့ ဖြည်းညှင်းစွာလျှောက်လာကာ…
''မင်း အိမ်ကို ကောင်းကောင်းပြန်ရောက်လား သိချင်လို့''
''အဲဒါ ငါ့ကိစ္စ နင်နဲ့ ဘာဆိုင်လဲ…တောက်!''
''မင်းကို စိတ်ပူလို့''
''စိတ်ပူရအောင် နင်နဲ့ငါက ဘာမှမပတ်သက်ဘူး…ကျစ်!!''
ပိုး စိတ်ပျက်စွာ ခါးထောက်ရင်း စုတ်သပ်လိုက်သည်။
ပြောလည်းပြောရင်း သူက ပိုးနဲ့ နီးတစ်ထက် နီးအောင်
ကပ်သွားကာ…
''ပတ်သက်ချင်လို့…မင်းနောက်
ပိုး ကြက်သီးပင် ထသွား၏။
သူဘက်က ကပ်လာတာနှင့် ပိုး ခြေလှမ်းတွေ တဖြည်းဖြည်း
နောက်ဆုတ်မိသည်။
ဘေးဘီကို ကြည့်လိုက်တော့ ည ၉ နာရီဆိုတော့
လူသွားလူလာလည်း သိပ်မရှိ။
ပြောတော့ ဒီရပ်ကွက်သန့်တယ်ဆို?
''တကယ်ပါ…မင်းကို ချစ်တာ မယုံဘူးလား''
''နင် ရှေ့ထပ်မတိုးခဲ့နဲ့''
တုန်တုန်ယင်ယင်အော်ပြောပေမယ
''ပိုင်ယံ!!''
ပိုး မျက်လုံးမှိတ်ပြီး ခေါင်းငုံ့ထားလိုက်မိသည်။
တစ်ခုခု များ ဖြစ်တော့မလား…
ဘာသံမှ မကြားရသဖြင့် ပိုး ခေါင်းမော့ကြည့် ပြန်၏။
ပိုင်ယံကို မတွေ့ရ။
ကိုယ့်ရှေ့မှာ ခန္ဓာကိုယ်တစ်ခုက ကာရပ်ထားသောကြောင့် ဖြစ်၏။
''ဘာဖြစ်တာလဲ''
သြရှရှအသံမှာ အာဏာသံလိုလို ပါနေ၏။
တစ်ခါတည်း သိလိုက်သည်က…
''ဆရာ''
ပိုင်ယံထံမှ အသံထွက်လာ၏။
''လိုက်ပို့တာလား''
''ဗျာ…ဟုတ်…အဲ မဟုတ်ပါဘူး…
လမ်းကြုံလို့ပိုးကို တွေ့တာနဲ့ စကားလာပြောတာ''
''အခုပြောလို့ပြီးပြီလား''
''ဗျာ…ဟုတ် ဟုတ်ကဲ့''
''ဒါဆို သွားရအောင်''
မင်း' က နောက်မှာ ရပ်နေတဲ့ ပိုး ကို လှည့်ပြောကာ
ထွက်သွားလေသည်။
''မလာသေးဘူးလား''
ကြောင်တောင်တောင် ရပ်နေသေးတဲ့
ပိုး ကို လှမ်းအော်လိုက်သေး၏။
''လာ…လာပြီ ဆရာ''
ပိုး အပြေးလေး လိုက်သွားလေသည်။
…………>>>>>>>>>
တိတ်ဆိတ်စွာ လျှောက်လာပေမယ့် တစ်ယောက်မှ စကားမစမိပေ။
ပိုး လည်း အိတ်လေး ပိုက်ပြီး စကားမစရဲ…
ရုတ်တရက်…
''အင့်''
သူ့ကျောပြင်ကြီးကို ပိုး ခေါင်းနဲ့တိုက်မိ၏။
လမ်းလျှောက်နေရာကနေ မင်း' က ရုတ်တရက်
ရပ်လိုက်သောကြောင့် ဖြစ်သည်။
ပြီးတော့ နောက်လှည့်လာကာ…
''ခုနက သူငယ်ချင်းလား''
''မဟုတ်ပါဘူး ဆရာ''
''သူငယ်ချင်းဆို?''
''ခုံနံပါတ်နီးလို့ပါ…မခင်ြ
မင်း' ခေါင်းတစ်ချက် ငုံ့လိုက်သည်။
''ခုနက ကျေးဇူးတင်ပါတယ်''
''မလိုပါဘူး…လမ်းကြုံလို့''
ပိုး ဘာမှမပြောဘဲ ခေါင်း ငုံ့ထားလိုက်သည်။
ဟိုတစ်နေ့က ပိုး စိတ်ဆိုးထားတာကိုလည်း မေ့လိုက်၏။
ပိုင်ယံ ဘာလာပြောတာလဲ မသိချင်ဘူးလား။
ပြီးတော့ သူက ဘယ်ကနေ ဘယ်ကို လမ်းလျှောက်နေလို့ ပိုး တို့ကို တွေ့သွားတာလဲ။ သိချင်တာတွေ များနေပေမယ့်
မမေးဖြစ်ခဲ့ပေ။ ဟိုတုန်းကလို…''မင်းကို ကြိုက်တယ်ထင်လို့လား'' လို့ ထပ်အပြောမခံချင်တော့ပေ။
အိမ်ရောက်တော့ သူ့ကို နှုတ်မဆက်ဖြစ်ဘဲ ပိုး
အိမ်ထဲဝင်သွားတော့သည်။
ဒီလို လုပ်တာ အကောင်းဆုံး။
……………………>>>>>>>>
''ငါမလုပ်ဖြစ်တော့ဘူး စံ…
ငါ့အမေကလည်း အစကတည်းက သဘောမတူဘူး''
''အေးလေ အစိုးရအလုပ်ဝင်လုပ်ရင် ဘယ်နယ်ကျမယ်မှန်းမသိ
…ပြီးတော့ ငါတို့က မိန်းကလေးတွေ''
''အင်း''
''နင်အခု အဲ့ဆေးခန်းမှာ မထိုင်နဲ့တော့ကွာ…ပြီးတော့ ပိုင်ယံ…
အဲဒါ သူတမင် အကွက်ဆင်တာ သူ့အမေရဲ့ ဆေးခန်းမှာ နင့်ကို
တမင်''
အဲ့ ဆေးခန်းဆိုလို့ မနေ့ညက ကိစ္စကို ပြန်တွေးမိ၏။
ဆေးခန်းက အိမ်နဲ့ သိပ်မဝေးတာမို့ ပိုး ခန္ဓကိုယ်လည်း
လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လမ်းလျှောက်သွားခြင်းဖြစ်သည
အပြန်မှာ ကြုံခဲ့ရတာက…
ကျောင်းတုန်းက ခုံနံပါတ်ချင်းနီးတဲ့ ပိုင်ယံက နောက်ကနေ
လိုက်လာ၏။ ဒါ တစ်ကြိမ် နှစ်ကြိမ် မကတော့ပေ။
ပိုး ကို ကျောင်းကတည်းက ချစ်တယ် ချစ်တယ် ပြောလာတာ
ပိုးမှ စိတ်မဝင်စားပဲ။
တိုက်ဆိုင်တာလား တမင်လားတော့ မသိ။
သူ့မိဘရဲ့ ဆေးခန်းမှာမှ ပိုး အလုပ်လုပ်မိသည်။
''ပိုင်ယံက နင့်ကို တကယ်ချစ်တာနေမှာပိုး…သူ့ကို
နည်းနည်း မြောက်ကြွကြွဖြစ်နေပေမယ့်ပေ
''အဲဒီ သူ့ကိုယ်သူ အထင်ကြီးနေတာကို ငါအမြင်ကတ်တာ…
ပိုက်ဆံရှိတိုင်း ရုပ်ချောတိုင်း သူလိုက်ကြိုက်တဲ့လူ အကုန်
သူ့ပြန်ကြိုက်မယ် ထင်နေလား မသိဘူး''
''အေးပါ နင်မကြိုက်လည်း…လကုန်တာနဲ့ အတော်ပဲ
အဲ့ဆေးခန်းက ထွက်ခဲ့တော့…NM မှာ လာလုပ်ကွာ…''
''NM က…ငါ…ဟိုဆရာရှိတယ်လေ…ငါမလုပ
ပိုး ပြောကာ တစ်ဖက်လှည့်လိုက်၏။
လုပ်ချင်ပေမယ့် သူ့မျက်နှာ မြင်ယောင်မိတိုင်း…
''ဆရာမင်းနဲ့ မတွေ့ပါဘူးဟဲ့…သူက တာဝန်ချိန်မှာပဲ ရှိတာ…
သူ့အချိန်နဲ့သူ…ငါတို့က OPD မှာပဲ ထိုင်ရတာ သူတို့က
ဆရာဝန်ကြီးတွေလို ဖြစ်သွားပြီ''
''ဟုတ်လား''
ပိုး မျက်နှာလေး ရွှင်လန်းသွား၏။
တကယ်တော့ အလုပ်ရချင်သည်။
အပြင်ဆေးခန်းမှာ ထိုင်တာဆိုပေမယ့် ပညာမှ မတိုးပေ။
လူနာတွေအတွက် ရောဂါအရင်းအမြစ်ပျောက်ဖို့ထ
ရောဂါလက္ခာပျောက်ဖို့ကိုသာ အလေးထားကုသသည့်
အပြင်ဆေးခန်းတွေ ပိုး မထိုင်ချင်တာ အမှန်ဖြစ်၏။
ဒီအသက်အရွယ်ရောက်နေပြီ ဘွဲ့လည်းရပြီးတာကို
မိဘထံမှ လက်ဖြန့်မတောင်းချင်တော့ပေ။
''နင် လုပ်ချင်ရင် လျှောက်လိုက်ပါဟာ…NMက
ဆရာဝန်အင်အားလည်း သိပ်မရှိသေးဘူး…လိုနေသေးတယ်
ဟဲဟဲ ပြောကြည့်လို့ရမယ်ထင်တယ်''
ပိုး နှင့် စံ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိ၏။
………>>>>>>>>>>>
''သူလေ''
ပိုးကို လက်နဲ့မသိမသာ ညွှန်ပြီး တီးတိုးပြောနေကြ၏။
''ဆရာနှိုင်းထက်နဲ့ ခင်လို့ ခန့်လိုက်တာ…
တကယ်ဆို ဆရာဝန်အင်အားက လုံလောက်နေပြီတဲ့''
''အဲလိုလည်း ရတယ်တဲ့လား''
ပိုး ကြားပေမယ့် မကြားသလို နေကာ
ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေလိုက်သည်။
ဒါ ပထမဆုံး အကြိမ်မဟုတ်တော့ပေ။
ဘာကြောင့်မှန်းမသိ။ ဒီဆေးရုံမှာ အလုပ်စဝင်ကတည်းက ပိုး ကို အတင်းပြောနေကြတာ သိသားပဲ။
''ငါတော့ ရိုးရိုးခင်ကြတယ် မထင်ဘူး''
''အဖားတော်လို့ ထင်တယ်''
လျစ်လျူရှုဖို့ ကြိုးစားပေမယ့် ပိုး သည်းမခံနိုင်တော့ပေ။
လုပ်လက်စကို ခဏရပ်ကာ တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်…
''လုပ်စရာမရှိကြတော့ဘူးလား…
ဆေးရုံဆိုတာ မင်းတို့အတွက် အတင်းအဖျင်းပြောဖို့ နေရာလား''
''ရှင်…မဟုတ်ပါဘူး ဆရာ…''
မင်း' စိတ်ပျက်သလို သက်ပြင်းချလိုက်သည်။
''ဟို ဘက်က လူနာ သွားကြည့်လိုက်''
မင်း' ပြောပြီးတာနဲ့ ထို ဆရာဝန်မလေး နှစ်ယောက်ကလည်း
အမြန်ဆုံး လှည့်ထွက်သွားလေ၏။
''မင်း''
ကိုယ့်ရှေ့မှာ ခေါ်လိုက်သောကြောင့်
ပိုး ကိုယ်လေး မတ်သွားလေသည်။
''ခဏ လိုက်ခဲ့''
………>>>>>>>>>
ရုံးခန်းလေး ထဲမှာ aircon ကြောင့် အေးနေ၏။
ပိုး တိတ်ဆိတ်စွာ ဝင်သွားသည်။
''သူများပြောတိုင်း ငြိမ်ခံနေတာ မင်း အကျင့်လား''
''ရှင်''
''ဒီလောက်အပြောခံရတာကို ငြိမ်နေတာ အံ့သြလို့''
''ကျွန်မကိစ္စပါ''
အနည်းငယ် တင်းမာသွားသည့် အသံဆိုတာ ကိုယ့်ဘာသာ သိလိုက်၏။
''တုံးတာလား အ' တာလား''
''ဆရာ''
ပိုး မျက်လုံးတွေ ရုတ်ချည်းနီရဲလာသည်။
ကိုယ် တုံးတုံးအအ သူနဲ့ဘာဆိုင်လဲ။
လူကို ခေါ်ပြီး ဒါတွေပြောဖို့လား။
''ကျွန်မကို ဘယ်သူ ဘာပြောပြော ဆရာ့ကို
ထိခိုက်လို့လား…သည်းခံနိုင်
ကျွန်မသည်းခံတာလေ…ဘယ်သူ့ကို
''ငယ်ငယ်က မင်း အဲလိုမဟုတ်ဘူး''
ပိုး ခေါင်းလေး မတ်သွား၏။
သူ သိနေတာလား။ ပိုးနဲ့ သူက………
သိလျက်နဲ့ ပိုး ကို ဘာမှမပြောဘဲ နေနေတာလား။
''ငယ်ငယ်တုန်းက ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ အခု ဒီလိုမဟုတ်တော့ဘူး…
ရှင့်ကို အံ့သြတယ်…အရင်က ပိုး အမှားနည်းနည်းလေး
လုပ်မိတိုင်း ကြီးကြီးကျယ်ကျယ် ဆူခဲ့တာ ဘယ်သူလဲ…
ရှင့်ဆီက ခဏခဏ အဲ့လို အထင်သေးတာ ခံခဲ့ရလို့ ၃ နှစ်လုံး အကောင်းဆုံးဖြစ်အောင် ပိုး ကြိုးစားခဲ့တယ်…
အထက်လူကြီးတွေနဲ့ရော လုပ်ဖော်ကိုင်ဖက် တွေနဲ့ပါ
အဆင်ပြေပြေ နေတတ်အောင်ကြိုးစားခဲ့တာ…
အခု အဆင်ပြေနေပြီလေ…ဘာပြဿနာရှိေ