ထာဝရ…မင်း
အခန်း (၉)
………………………………………………
''ဘယ်သွားမလို့လဲ''
ဖုန်းတကိုင်ကိုင်နှင့် အိမ်ပြင်ထွက်ရန်ပြင်နေသည့်
နှိုင်းထက်ကို မင်း' မေးလိုက်၏။
''ပိုး ကိုဖုန်းဆက်တာမရလို့…''
''သူနေမကောင်းဘူး မနေ့က''
''ဘာ?''
''ခုတော့ သက်သာလောက်ပါပြီ…သူ့သူငယ်ချ င်းနဲ့ရှိနေတယ်''
မင်း' က အေးဆေးစွာ ပြောလိုက်သည်။
ကိုယ်ဘာလုပ်ရမလဲ တွေးနေစဉ်
ပြည့်ပြည့်စံ က သူမရဲ့ ဖုန်းကို ဆက်ခဲ့တာမို့
အဆင်ပြေသွားခြင်းဖြစ်သည်။
မဟုတ်လျှင် မိန်ကလေးတစ်ယောက်တည်းနေသည့် အိမ်မှာ
ကိုယ်က ဘာလုပ်လို့လုပ်ပေးရမှန်းမသိ ဖြစ်နေတော့မည်။
''ငါသွားကြည့်ဦးမယ်''
နှိုင်းထက်အလျင်အမြန် ထွက်သွားလေ၏။
………………>>>>>>>>>
'' ပိုး က ဘာမှမဖြစ်တော့ဘူး…ဟိုမှာ စံတစ်ခုခု လုပ်နေတယ်
သွားကူပေးပါလား ကိုနှိုင်းထက်''
အနည်းငယ် ဖောင်းနေသေးတဲ့ မျက်ခွံရယ်
စပ်ဖြီးဖြီးပြုံးလိုက်တာကြောင့် ပိုးရဲ့ မျက်လုံးလေး
ပြုံးလိုက်တာနှင့် ပိတ်ကျသွား၏။
''အင်း''
နှိုင်းထက် မသက်မသာနှင့် ထသွားလေသည်။
……………>>>>>>>>>>
''သက်သာပြီလား''
''ဟုတ်''
''ဒီလူနာ ကြည့်ထားလိုက်''
မင်း' က ကြည့်လက်စ လူနာတစ်ယောက်ကို ပိုး ထံလွှဲပေးပြီး
နောက်လူနာတစ်ယောက်ကို စမ်းသပ်ဖို့ ထွက်သွား၏။
ဘယ်လိုဖြစ်တာပါလိမ့်။
သူ့မျက်နှာပေါ်မှာ အပြုံးမရှိ၊ နူးညံ့သည့်ဟန်တွေလည်းမရှိ။
အရင်က ပိုး မြင်ဖူးသလို မျက်နှာမျိုး ဖြစ်နေသည်။
မနေ့ကတော့ ပိုးကို စိတ်ပူလို့ အိမ်ထိတောင်
လာပြီးဆေးထိုးပေးသွားတာ သူမဟုတ်သလို။
ဒါမှမဟုတ်…
ရှက်နေတာလား…
ပိုး လိုက်သွားသည့် နေ့က ကိစ္စ…
မျက်လုံးထဲမှာ မြင်ယောင်လာရင်း…
ပိုး မျက်နှာလေး ပူထူလာရပြန်သည်။
လူနာကို အားဆေးထိုးပေးဖို့ရန် အာရုံစိုက်ထားလိုက်မှ
ထိုအတွေးလေး ခေတ္တပျောက်သွားလေသည်။
………>>>>>
''ဆရာ…''
ဆေးခန်းပိတ်ချိန်ရောက်တော့ ပိုး မနေသာတော့။
အခန်းထဲမှာ ပစ္စည်းသိမ်းနေသည့် မင်း'နောက် ရောက်သွားကာ…
''ဟို…တစ်နေ့ကလေ…''
အသံကြောင့် မင်း' လှည့်ကြည့်ခဲ့ပေမယ့်
ဘာမှမပြောဘဲ ပိုး ကိုသာ 'ဘာပြောမလို့လဲ' ဆိုသည့်
သဘောနှင့်
ကြည့်နေလိုက်၏။
''အဲဒါ…ဟိုကိစ္စလေ…ဟို…''
''ဘာကိစ္စလဲ''
''ဟို…အဲဒါ ဆရာ့ကို အခြောက်လို့ပြောတာကို
ခံပြင်းလို့ မဟုတ်လား…''
''မဟုတ်ဘူး''
''ရှင်!…ဒါဆို…ဘာလို့''
''ဘာလဲ…မင်းကို ကြိုက်လို့ နမ်းတာထင်လား''
''မဟုတ်!!''
အာမေဍိတ်သံနှင့်အတူ ပိုးရဲ့ ပါးနှစ်ဖက် နီမြန်းလာ၏။
ရှက်စိတ်တို့ကြောင့် မျက်ရည်ပါ ဝဲလာခဲ့ပြီး…
''ရှင့်မှာ…တောင်းပန်ချင်စိ တ်မရှိဘူးလား''
ပိုးပြောလိုက်သည့် စကားကြောင့် မင်း'
ကြောင်တောင်တောင်ဖြစ်သွားသည်။
''လုပ်ချင်သလို လုပ်နေရအောင် ရှင်
ပိုး ကို ဘာခံစားချက်မှ မရှိတဲ့ စက်ရုပ်မှတ်နေလား''
ပိုး အသံက အဖျားခတ်တုန်ယင်သွား၏။
ကျအံ့ဆဲဆဲ မျက်ရည်ပေါက်ကို ထိန်းထားရန်
မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်နေမိ၏။
မင်း' ဘက်မှလည်း ဘာမှမပြောဘဲ ပိုး ကိုကြောင်တောင်တောင်
ကြည့်နေမိ၏။ ပိုး ပြေးထွက်သွားသည် အထိ။
သူမ ဘာဖြစ်သွားတာလဲ။
ကိုယ်ပြောလိုက်တာ ဒီလောက်ထိ ဖြစ်သွားလား။
…………………>>>
တစ်နေ့က ကိစ္စကို သူနေရခက်မှာစိုးလို့ မိန်းကလေးတန်မဲ့
ပိုးက ထိုအကြောင်း စိတ်ထဲမထားရန် စပြောလိုက်တာ
သူ့ဘက်က ပြန်ပြောတာက…
''မင်းကို ကြိုက်နေတယ်ထင်လို့လား'' ဆိုတဲ့ စကား။
ဟုတ်တယ်။ ကြိုက်တယ်။
ပိုးကို တစ်ခါပြီး တစ်ခါကူညီလို့…
ရှင့်မှာ တခြားလူမမြင်နိုင်တဲ့ ကြင်နာတဲ့ စိတ်လေးတွေ ရှိတယ်
ဆိုတာ ပိုး သိခဲ့ရသည်…
ဟိုတစ်နေ့က ကိစ္စကို တွေးမိတိုင်း ရင်ခုန်ခဲ့မိသည်…
အထင်ကြီးလေးစားခြင်းတွေနဲ့အ တူ ပိုး သူ့ကို
သဘောကျမိခဲ့သည်။
ပြီးတော့ သူက ပိုး ငယ်ငယ်ကတည်းက
ပိုးရဲ့ ကိုကို…
ဒါပေမယ့်…
''ရှင့်ရှေ့ ဘယ်တော့မှ မသွားဘူး''
ခေါင်းအုံးတွေ ကြား ခေါင်းကို မြုပ်ထားလိုက်သည်။
…………>>>>>>>>>>>>>>>>
''ငါတစ်ခုမေးချင်လို့''
နှိုင်းထက် မျက်ခုံးပင့်လိုက်မိသည်။
ပြီးတော့ ခပ်ပြုံးပြုံးလေးနှင့်…
''မင်းမှာ ငါ့ကို မေးစရာအကြောင်း ရှိသေးတယ်ပေါ့…
မေးစမ်းပါ…
ဒီမှာ ဖြေချင်လွန်းလို့''
ပုံမှန်ဆို မင်း'ဘက်က စကားစပြောတာ သိပ်မရှိသဖြင့်
ခုတော့ မေးစရာရှိတယ် ဆိုလို့ နှိုင်းထက် မျှော်လင့်တကြီးနဲ့
နားစွင့်နေ၏။
''ငါ့ ညီ တစ်ယောက်လေကွာ…''
''ညီ? မင်းမှာ ညီရှိတယ်ပေါ့''
''အေး…ဆွေမျိုးဝေးတဲ့ ညီတစ်ယောက်…အဲဒါ မနေ့ညက ငါနဲ့ စားသောက်ဆိုင် တစ်ခုမှာတွေ့တော့ စကားပြောဖြစ်ကြတယ်…
ပြီးတာနဲ့ သူက ထိုင်း ကို ချင်ချင်း ပြန်သွားပြီလေ''
နှိုင်းထက် မျက်မှောင်ကြုတ်ကာ…
''အခု မင်းမေးချင်တာက ဘာလဲ…''
''အခုမှ စမှာ မေးခွန်းက''
''မြန်မြန်ပြော သိချင်လှပြီ''
နှိုင်းထက်က အရမ်းကို စိတ်အားထက်သန်နေသည့်ပုံ။
''သူက လက်အောက်ဝန်ထမ်း ကောင်မလေး
တစ်ယောက်နဲ့ မတော်တဆ
ဟိုဟာ လုပ်မိသွားတာ…အဲဒါလေ''
''ဘာ!!' ဘာ ဟိုဟာလဲ''
''မဟုတ်ဘူး…မင်းထင်သလိုမဟုတ်ဘူး
တခြားမတွေးနဲ့ နမ်း…နမ်းမိတာ''
မျက်လုံးကြီးပိတ်ကာ အော်ပြောလိုက်သည့်
မင်း' ကြောင့် နှိုင်းထက် တစ်ချက်ရယ်လိုက်၏။
''ဘာများလဲလို့ကွာ…ဘာဖြစ်တာ လဲ အဲဒါ''
''အဲ့ကောင်မလေးက သူ့ကို အခြောက်လို့ ပြောလို့တဲ့…
အဲဒါ…ငြင်းရင်းပြောရင်း မတော်တဆ နမ်း မိသွားတာ''
''မတော်တဆ? ထားလိုက်ဦး…အဲဒါနဲ့''
''နောက်နေ့ရောက်တော့ကွာ…ကော င်မလေးက အဲကိစ္စအကြောင်း စကားစလာတော့…သူက 'မင်းကိုကြိုက်လို့နမ်းတာထင်လို့လား' လို့ ပြောလိုက်တယ်တဲ့''
''ဟ! အဲလို မေးစရာလား…မင့်ညီကတော့ ဘယ်လိုကောင်လဲကွ…''
''သူလည်း စိတ်ညစ်တာ တစ်မျိုးမျိုးရှိနေလို့နေမှာပေါ့''
မင်း' က ပက်ခံပြော၏။
''ဘာကိစ္စရှိရှိ…ကောင်မလေးကို သူနမ်းမိပြီလေ…
နမ်းပြီးရင် ပြောစရာ စကား နှစ်မျိုးပဲ ရှိတယ်''
''ဘာ…ဘာနှစ်မျိုးလဲ…''
မင်း' ရဲ့ မျက်လုံးတွေ အရောင် တလက်လက်ဖြစ်လာ၏။
နှိုင်းထက် မျက်နှာကိုလည်း မခွာစတမ်းကြည့်နေသဖြင့်…
နှိုင်းထက်က ဆရာကြီးဟန်ပန်ဖြင့် ခါးတစ်ဖက်ထောက်လိုက်ပြီး…
''ပုံမှန်ဆို ဒါတွေ ငါ ဘယ်သူ့ကိုမှ မပြောပြဘူး…
မင်းကို အခင်ဆုံးသူငယ်ချင်းမို့ ပြောပြမယ်…''
''မြန်မြန်ပြောစမ်းပါကွာ…ဘာ နှစ်မျိုးလဲ''
မင်း' က စိတ်မရှည်သည့် လေသံနှင့် ပြောလိုက်ပြန်၏။
''တောင်းပန်ပါတယ် ဒါမှမဟုတ် ချစ်တယ် ဆိုတဲ့ နှစ်မျိုးပဲ''
''ဟမ်! ဘာ? ဘာ? ငါသေချာနားမလည်လို့''
''ဒီလိုပါ နှစ်ချို့ FA ကြီးရာ…ကောင်မလေးတစ်ယောက်ကို
နမ်းမိပြီဆိုရင် သူ့အပေါ် ဘာစိတ်မှမရှိဘူးဆိုရင်
တောင်းပန် သင့်တယ်… ဒါမှမဟုတ် ကိုယ့်စိတ်ကို
ပြန်ဆန်းစစ်ကြည့် သူ့အပေါ်ကို တစ်ခုခု ခံစားချက်ရှိနေလို့
နမ်းလိုက်မိတာဆိုရင်?''
''ချစ်တယ် ပေါ့''
စကားအဆက်ကို မင်း' က ဆက်ပြောလိုက်၏။
''ဖျောက်…ဟုတ်တယ် ဒါပဲ''
နှိုင်းထက် လက်ဖျောက်တစ်ချက်တီးကာ…ထရပ် လိုက်သည်။
''ဒါနဲ့ အခုပြောနေတာ မင့်ညီအကြောင်းလား မင်းအကြောင်းလား''
''ဘာတွေလျှောက်ပြောနေတာလဲ…ငါ့ညီအကြောင်း ပြောနေတာ''
''အေး…မင်းအကြောင်း ပြောနေသလို ခံစားချက်မျိုး ငါရနေတယ်''
နှိုင်းထက်ရဲ့ မထိတရိ အပြောကြောင့် မင်း'
မျက်နှာတည်သွားရပြန်၏။
ပြီးတော့ ချက်ချင်း ထကာ သူ့အခန်းထဲသူ ဝင်သွားလေသည်။
ချစ်တယ် ဒါမှမဟုတ် တောင်းပန်ပါတယ် တဲ့။
ဒါကြောင့် ပိုး က သူ့ကို…
'တောင်းပန်ချင်စိတ်မရှိဘူးလား' လို့ မေးတာလား…
………………………………………………>>>>>
''တကယ်မသွားတော့ဘူး စံ…ငါ့ကို ထပ်ပြီး လာမပြောနဲ့တော့…
နင်သိတဲ့အတိုင်း…ငါက မသွားဘူး ဆုံးဖြတ်ထားရင်…''
''မသွားပါနဲ့ မိပိုးရယ်…နင်သွားချင်လည်း
သွားလို့ရမှာမဟုတ်တော့ဘူး''
စံ့ စကားကြောင့် ပိုး ခေါင်းလေး ထောင်သွားလေသည်။
ဘာလို့ သွားလို့မရတာလဲ…
သူကိုယ်တိုင်က ပိုး ကို အလုပ်ထုတ်ကြောင်း ပြောလိုက်လို့လား။
''ဆရာတို့က NM ဆေးရုံမှာ လုပ်နေကြပြီမို့
ဆေးခန်းကို တခြားဆရာဝန်တစ်ယောက် လာထိုင်တာ''
''ဟင်? NM Private (ပုဂ္ဂလိက) ဆေးရုံလား
ဆေးရုံအသစ်လေ''
''အင်း…အစ်ကို နှိုင်းထက်ရော ဆရာမင်းရောပဲ''
''အဲလိုလား……''
ပိုး သက်ပြင်းရှည် တစ်ချက်ချလိုက်ကာ…
''သူတို့ကို အားကျလိုက်တာ…ဘွဲ့အကြီးကြီး တွေလည်းရပြီးပြီ…
အလုပ်ကောင်းကောင်းလည်း ရနေပြီ…
ကိုယ်ပိုင်ဝင်ငွေလည်း ရှိနေပြီ''
ပိုး မှုန်သုန်သုန်နှင့် ပြောလိုက်၏။
''ငါလည်း ရနေပြီလေ…NM က ဆရာဝန်ပေါက်စတွေလည်း
ခေါ်လို့ လျှောက်လိုက်တာ…''
''ဟင်! နင် ငါ့ကိုလည်း မပြောဘူး''
''နင့်ဖုန်းဆက်တာ ကိုင်လို့လား''
ပိုး ကိုယ့်ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
Miss called တွေ ပြည့်နေ၏။
ဖုန်းမဖွင့်တာ သူနဲ့ ရန်ဖြစ်ပြီး ပြန်လာကတည်းက
သုံး လေးရက်လောက်ရှိပြီဖြစ်သည်။
သုံး လေး ရက်အတွင်း ဒီလောက်ပြောင်းလဲ သွားတာလား။
''နင်လည်း အိမ်ထဲပဲအောင်းမနေနဲ့…
အပြင်လေး ဘာလေးလည်း ထွက်ဦး…
ငါသာ နင့်အိမ်မလာရင် နင့်တွေ့ရမှာမဟုတ်ဘူး''
''ဒီညနေ ကျုံးဘေးလမ်းသွားလျှောက်မလို့ပါ''
ပိုး ခေါင်းလေး ငုံ့ပြီး ပြောလိုက်၏။
''ငါတော့ မလိုက်တော့ဘူး ဂျူတီရှိတယ်''
ဟွန့်…လုပ်ပေါ့။ စံ့ ကို မျက်စောင်းထိုး လိုက်မိသည်။
အစ်ကို နှိုင်းထက် ရှိတိုင်းနဲ့။
……………………>>>>>>>>>
''သားကို တစ်ခုကျွေးပါလား''
ကိုယ့်ရှေ့မှာ လာရပ်သည့် ကလေးတစ်ယောက် ကို
မင်း' ကြည့်လိုက်မိသည်။
အသက်ကလေးမှ ၈ နှစ် ၉နှစ်လောက်သာ ရှိဦးမည်။
ဝတ်ထားသည့် အဖြူအစိမ်း ဝတ်စုံလေးက ဖြူစိမ်းရောင်ပင်
သိပ်မထွက်ချင်တော့ပေ။ ဖြန့်တောင်းနေသည့်
လက်ဖဝါးလေး နှစ်ဖက်ကလည်း မည်းတူးပေပွနေ၏။
''မင်း ကျောင်းတက်နေတာလား''
ကလေးက ခေါင်းကိုသာ ခါလိုက်၏။
ကျောင်းမတက်ဘဲ ဖြူစိမ်းအင်္ကျီနဲ့ဆိုတော့…
''ကျောင်းသား အင်္ကျီဝတ်ထားသားပဲ''
''ဒါက ကျောင်းသားအင်္ကျီလားဟင်''
''ဟုတ်တယ်…ခဏ လာ''
ကျုံးဘေးက နှစ်ယောက်ထိုင်ခုံမှာ ကလေးကို
မင်း' ခေါ်ခဲ့လေသည်။
ပေပွနေတဲ့ လက်ကို လက်ထဲက ရေသန့်ဘူးနဲ့ ဆေးပေး၏။
ပြီးတော့ လက်ထဲက ဟီးရိုးအတွက် ဝယ်ထားသည့်
ပဲနို့ ကဒ်လိုက်နှင့် ကြက်ဥ ခေါက်မုန့်အထုတ်လိုက်
ကို ကလေးကို ပေးလိုက်သည်။
ကိုယ့်ဘေးမှာထိုင်ပြီး ထိုကလေး ခေါက်မုန့်ထိုင်စားတာကို
မင်း' ကြည့်နေမိသည်။
''ကျက်သရေရှိလိုက်တာ''
ပိုး နှုတ်ဖျားမှ အလိုလို ထွက်သွားမိ၏။
ပြီးမှ ကိုယ့်ကိုယ်ကို သတိရကာ…
ခေါင်းကို ခါလိုက်မိသည်။
မင်း' ထရပ်ပြီး ပြန်ပြေးသည်အထိ…
နောက် ခပ်လှမ်းလှမ်းကနေ ပိုး လိုက်ပြေးမိသည်။
ကိုယ့်စိတ်ကို အတင်းတားထားလည်း နူးညံ့တဲ့ သူ့အကျင့်တွေ
တွေ့ပြန်ရင် သဘောမကျဘဲ မနေနိုင်ပြန်။
မတွေ့ရသည့် သုံး လေးရက်အတွင်း ဘာမှပြောင်းလဲမသွားတဲ့
သူ့ကို ဒီမှာတွေ့တော့ အလွမ်းပြေသွားသလိုပင်။
ပိုးနဲ့ ဘာမှမဆိုင်ပေမယ့်ပေါ့။
တကယ်ပဲ…
''ပိုး ဘယ်လိုလုပ်ရမှာလဲ''
……>>>>>
အခန်း (၁၀) ဆက်ရန်……
မတ်မတ်ပန်းချီ🌹
အခန်း (၉)
………………………………………………
''ဘယ်သွားမလို့လဲ''
ဖုန်းတကိုင်ကိုင်နှင့် အိမ်ပြင်ထွက်ရန်ပြင်နေသည့်
နှိုင်းထက်ကို မင်း' မေးလိုက်၏။
''ပိုး ကိုဖုန်းဆက်တာမရလို့…''
''သူနေမကောင်းဘူး မနေ့က''
''ဘာ?''
''ခုတော့ သက်သာလောက်ပါပြီ…သူ့သူငယ်ချ
မင်း' က အေးဆေးစွာ ပြောလိုက်သည်။
ကိုယ်ဘာလုပ်ရမလဲ တွေးနေစဉ်
ပြည့်ပြည့်စံ က သူမရဲ့ ဖုန်းကို ဆက်ခဲ့တာမို့
အဆင်ပြေသွားခြင်းဖြစ်သည်။
မဟုတ်လျှင် မိန်ကလေးတစ်ယောက်တည်းနေသည့်
ကိုယ်က ဘာလုပ်လို့လုပ်ပေးရမှန်းမသိ
''ငါသွားကြည့်ဦးမယ်''
နှိုင်းထက်အလျင်အမြန် ထွက်သွားလေ၏။
………………>>>>>>>>>
'' ပိုး က ဘာမှမဖြစ်တော့ဘူး…ဟိုမှာ စံတစ်ခုခု လုပ်နေတယ်
သွားကူပေးပါလား ကိုနှိုင်းထက်''
အနည်းငယ် ဖောင်းနေသေးတဲ့ မျက်ခွံရယ်
စပ်ဖြီးဖြီးပြုံးလိုက်တာကြေ
ပြုံးလိုက်တာနှင့် ပိတ်ကျသွား၏။
''အင်း''
နှိုင်းထက် မသက်မသာနှင့် ထသွားလေသည်။
……………>>>>>>>>>>
''သက်သာပြီလား''
''ဟုတ်''
''ဒီလူနာ ကြည့်ထားလိုက်''
မင်း' က ကြည့်လက်စ လူနာတစ်ယောက်ကို ပိုး ထံလွှဲပေးပြီး
နောက်လူနာတစ်ယောက်ကို စမ်းသပ်ဖို့ ထွက်သွား၏။
ဘယ်လိုဖြစ်တာပါလိမ့်။
သူ့မျက်နှာပေါ်မှာ အပြုံးမရှိ၊ နူးညံ့သည့်ဟန်တွေလည်းမရှိ။
အရင်က ပိုး မြင်ဖူးသလို မျက်နှာမျိုး ဖြစ်နေသည်။
မနေ့ကတော့ ပိုးကို စိတ်ပူလို့ အိမ်ထိတောင်
လာပြီးဆေးထိုးပေးသွားတာ သူမဟုတ်သလို။
ဒါမှမဟုတ်…
ရှက်နေတာလား…
ပိုး လိုက်သွားသည့် နေ့က ကိစ္စ…
မျက်လုံးထဲမှာ မြင်ယောင်လာရင်း…
ပိုး မျက်နှာလေး ပူထူလာရပြန်သည်။
လူနာကို အားဆေးထိုးပေးဖို့ရန် အာရုံစိုက်ထားလိုက်မှ
ထိုအတွေးလေး ခေတ္တပျောက်သွားလေသည်။
………>>>>>
''ဆရာ…''
ဆေးခန်းပိတ်ချိန်ရောက်တော့ ပိုး မနေသာတော့။
အခန်းထဲမှာ ပစ္စည်းသိမ်းနေသည့် မင်း'နောက် ရောက်သွားကာ…
''ဟို…တစ်နေ့ကလေ…''
အသံကြောင့် မင်း' လှည့်ကြည့်ခဲ့ပေမယ့်
ဘာမှမပြောဘဲ ပိုး ကိုသာ 'ဘာပြောမလို့လဲ' ဆိုသည့်
သဘောနှင့်
ကြည့်နေလိုက်၏။
''အဲဒါ…ဟိုကိစ္စလေ…ဟို…''
''ဘာကိစ္စလဲ''
''ဟို…အဲဒါ ဆရာ့ကို အခြောက်လို့ပြောတာကို
ခံပြင်းလို့ မဟုတ်လား…''
''မဟုတ်ဘူး''
''ရှင်!…ဒါဆို…ဘာလို့''
''ဘာလဲ…မင်းကို ကြိုက်လို့ နမ်းတာထင်လား''
''မဟုတ်!!''
အာမေဍိတ်သံနှင့်အတူ ပိုးရဲ့ ပါးနှစ်ဖက် နီမြန်းလာ၏။
ရှက်စိတ်တို့ကြောင့် မျက်ရည်ပါ ဝဲလာခဲ့ပြီး…
''ရှင့်မှာ…တောင်းပန်ချင်စိ
ပိုးပြောလိုက်သည့် စကားကြောင့် မင်း'
ကြောင်တောင်တောင်ဖြစ်သွားသည
''လုပ်ချင်သလို လုပ်နေရအောင် ရှင်
ပိုး ကို ဘာခံစားချက်မှ မရှိတဲ့ စက်ရုပ်မှတ်နေလား''
ပိုး အသံက အဖျားခတ်တုန်ယင်သွား၏။
ကျအံ့ဆဲဆဲ မျက်ရည်ပေါက်ကို ထိန်းထားရန်
မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်နေမိ၏။
မင်း' ဘက်မှလည်း ဘာမှမပြောဘဲ ပိုး ကိုကြောင်တောင်တောင်
ကြည့်နေမိ၏။ ပိုး ပြေးထွက်သွားသည် အထိ။
သူမ ဘာဖြစ်သွားတာလဲ။
ကိုယ်ပြောလိုက်တာ ဒီလောက်ထိ ဖြစ်သွားလား။
…………………>>>
တစ်နေ့က ကိစ္စကို သူနေရခက်မှာစိုးလို့ မိန်းကလေးတန်မဲ့
ပိုးက ထိုအကြောင်း စိတ်ထဲမထားရန် စပြောလိုက်တာ
သူ့ဘက်က ပြန်ပြောတာက…
''မင်းကို ကြိုက်နေတယ်ထင်လို့လား'' ဆိုတဲ့ စကား။
ဟုတ်တယ်။ ကြိုက်တယ်။
ပိုးကို တစ်ခါပြီး တစ်ခါကူညီလို့…
ရှင့်မှာ တခြားလူမမြင်နိုင်တဲ့ ကြင်နာတဲ့ စိတ်လေးတွေ ရှိတယ်
ဆိုတာ ပိုး သိခဲ့ရသည်…
ဟိုတစ်နေ့က ကိစ္စကို တွေးမိတိုင်း ရင်ခုန်ခဲ့မိသည်…
အထင်ကြီးလေးစားခြင်းတွေနဲ့အ
သဘောကျမိခဲ့သည်။
ပြီးတော့ သူက ပိုး ငယ်ငယ်ကတည်းက
ပိုးရဲ့ ကိုကို…
ဒါပေမယ့်…
''ရှင့်ရှေ့ ဘယ်တော့မှ မသွားဘူး''
ခေါင်းအုံးတွေ ကြား ခေါင်းကို မြုပ်ထားလိုက်သည်။
…………>>>>>>>>>>>>>>>>
''ငါတစ်ခုမေးချင်လို့''
နှိုင်းထက် မျက်ခုံးပင့်လိုက်မိသည်။
ပြီးတော့ ခပ်ပြုံးပြုံးလေးနှင့်…
''မင်းမှာ ငါ့ကို မေးစရာအကြောင်း ရှိသေးတယ်ပေါ့…
မေးစမ်းပါ…
ဒီမှာ ဖြေချင်လွန်းလို့''
ပုံမှန်ဆို မင်း'ဘက်က စကားစပြောတာ သိပ်မရှိသဖြင့်
ခုတော့ မေးစရာရှိတယ် ဆိုလို့ နှိုင်းထက် မျှော်လင့်တကြီးနဲ့
နားစွင့်နေ၏။
''ငါ့ ညီ တစ်ယောက်လေကွာ…''
''ညီ? မင်းမှာ ညီရှိတယ်ပေါ့''
''အေး…ဆွေမျိုးဝေးတဲ့ ညီတစ်ယောက်…အဲဒါ မနေ့ညက ငါနဲ့ စားသောက်ဆိုင် တစ်ခုမှာတွေ့တော့ စကားပြောဖြစ်ကြတယ်…
ပြီးတာနဲ့ သူက ထိုင်း ကို ချင်ချင်း ပြန်သွားပြီလေ''
နှိုင်းထက် မျက်မှောင်ကြုတ်ကာ…
''အခု မင်းမေးချင်တာက ဘာလဲ…''
''အခုမှ စမှာ မေးခွန်းက''
''မြန်မြန်ပြော သိချင်လှပြီ''
နှိုင်းထက်က အရမ်းကို စိတ်အားထက်သန်နေသည့်ပုံ။
''သူက လက်အောက်ဝန်ထမ်း ကောင်မလေး
တစ်ယောက်နဲ့ မတော်တဆ
ဟိုဟာ လုပ်မိသွားတာ…အဲဒါလေ''
''ဘာ!!' ဘာ ဟိုဟာလဲ''
''မဟုတ်ဘူး…မင်းထင်သလိုမဟုတ
တခြားမတွေးနဲ့ နမ်း…နမ်းမိတာ''
မျက်လုံးကြီးပိတ်ကာ အော်ပြောလိုက်သည့်
မင်း' ကြောင့် နှိုင်းထက် တစ်ချက်ရယ်လိုက်၏။
''ဘာများလဲလို့ကွာ…ဘာဖြစ်တာ
''အဲ့ကောင်မလေးက သူ့ကို အခြောက်လို့ ပြောလို့တဲ့…
အဲဒါ…ငြင်းရင်းပြောရင်း မတော်တဆ နမ်း မိသွားတာ''
''မတော်တဆ? ထားလိုက်ဦး…အဲဒါနဲ့''
''နောက်နေ့ရောက်တော့ကွာ…ကော
''ဟ! အဲလို မေးစရာလား…မင့်ညီကတော့ ဘယ်လိုကောင်လဲကွ…''
''သူလည်း စိတ်ညစ်တာ တစ်မျိုးမျိုးရှိနေလို့နေမှ
မင်း' က ပက်ခံပြော၏။
''ဘာကိစ္စရှိရှိ…ကောင်မလေးကိ
နမ်းပြီးရင် ပြောစရာ စကား နှစ်မျိုးပဲ ရှိတယ်''
''ဘာ…ဘာနှစ်မျိုးလဲ…''
မင်း' ရဲ့ မျက်လုံးတွေ အရောင် တလက်လက်ဖြစ်လာ၏။
နှိုင်းထက် မျက်နှာကိုလည်း မခွာစတမ်းကြည့်နေသဖြင့်…
နှိုင်းထက်က ဆရာကြီးဟန်ပန်ဖြင့် ခါးတစ်ဖက်ထောက်လိုက်ပြီး…
''ပုံမှန်ဆို ဒါတွေ ငါ ဘယ်သူ့ကိုမှ မပြောပြဘူး…
မင်းကို အခင်ဆုံးသူငယ်ချင်းမို့ ပြောပြမယ်…''
''မြန်မြန်ပြောစမ်းပါကွာ…ဘာ
မင်း' က စိတ်မရှည်သည့် လေသံနှင့် ပြောလိုက်ပြန်၏။
''တောင်းပန်ပါတယ် ဒါမှမဟုတ် ချစ်တယ် ဆိုတဲ့ နှစ်မျိုးပဲ''
''ဟမ်! ဘာ? ဘာ? ငါသေချာနားမလည်လို့''
''ဒီလိုပါ နှစ်ချို့ FA ကြီးရာ…ကောင်မလေးတစ်ယောက်ကိ
နမ်းမိပြီဆိုရင် သူ့အပေါ် ဘာစိတ်မှမရှိဘူးဆိုရင်
တောင်းပန် သင့်တယ်… ဒါမှမဟုတ် ကိုယ့်စိတ်ကို
ပြန်ဆန်းစစ်ကြည့် သူ့အပေါ်ကို တစ်ခုခု ခံစားချက်ရှိနေလို့
နမ်းလိုက်မိတာဆိုရင်?''
''ချစ်တယ် ပေါ့''
စကားအဆက်ကို မင်း' က ဆက်ပြောလိုက်၏။
''ဖျောက်…ဟုတ်တယ် ဒါပဲ''
နှိုင်းထက် လက်ဖျောက်တစ်ချက်တီးကာ…ထရပ်
''ဒါနဲ့ အခုပြောနေတာ မင့်ညီအကြောင်းလား မင်းအကြောင်းလား''
''ဘာတွေလျှောက်ပြောနေတာလဲ…င
''အေး…မင်းအကြောင်း ပြောနေသလို ခံစားချက်မျိုး ငါရနေတယ်''
နှိုင်းထက်ရဲ့ မထိတရိ အပြောကြောင့် မင်း'
မျက်နှာတည်သွားရပြန်၏။
ပြီးတော့ ချက်ချင်း ထကာ သူ့အခန်းထဲသူ ဝင်သွားလေသည်။
ချစ်တယ် ဒါမှမဟုတ် တောင်းပန်ပါတယ် တဲ့။
ဒါကြောင့် ပိုး က သူ့ကို…
'တောင်းပန်ချင်စိတ်မရှိဘူးလ
………………………………………………>>>>>
''တကယ်မသွားတော့ဘူး စံ…ငါ့ကို ထပ်ပြီး လာမပြောနဲ့တော့…
နင်သိတဲ့အတိုင်း…ငါက မသွားဘူး ဆုံးဖြတ်ထားရင်…''
''မသွားပါနဲ့ မိပိုးရယ်…နင်သွားချင်လည်း
သွားလို့ရမှာမဟုတ်တော့ဘူး''
စံ့ စကားကြောင့် ပိုး ခေါင်းလေး ထောင်သွားလေသည်။
ဘာလို့ သွားလို့မရတာလဲ…
သူကိုယ်တိုင်က ပိုး ကို အလုပ်ထုတ်ကြောင်း ပြောလိုက်လို့လား။
''ဆရာတို့က NM ဆေးရုံမှာ လုပ်နေကြပြီမို့
ဆေးခန်းကို တခြားဆရာဝန်တစ်ယောက် လာထိုင်တာ''
''ဟင်? NM Private (ပုဂ္ဂလိက) ဆေးရုံလား
ဆေးရုံအသစ်လေ''
''အင်း…အစ်ကို နှိုင်းထက်ရော ဆရာမင်းရောပဲ''
''အဲလိုလား……''
ပိုး သက်ပြင်းရှည် တစ်ချက်ချလိုက်ကာ…
''သူတို့ကို အားကျလိုက်တာ…ဘွဲ့အကြီးကြီး
အလုပ်ကောင်းကောင်းလည်း ရနေပြီ…
ကိုယ်ပိုင်ဝင်ငွေလည်း ရှိနေပြီ''
ပိုး မှုန်သုန်သုန်နှင့် ပြောလိုက်၏။
''ငါလည်း ရနေပြီလေ…NM က ဆရာဝန်ပေါက်စတွေလည်း
ခေါ်လို့ လျှောက်လိုက်တာ…''
''ဟင်! နင် ငါ့ကိုလည်း မပြောဘူး''
''နင့်ဖုန်းဆက်တာ ကိုင်လို့လား''
ပိုး ကိုယ့်ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
Miss called တွေ ပြည့်နေ၏။
ဖုန်းမဖွင့်တာ သူနဲ့ ရန်ဖြစ်ပြီး ပြန်လာကတည်းက
သုံး လေးရက်လောက်ရှိပြီဖြစ်သည်။
သုံး လေး ရက်အတွင်း ဒီလောက်ပြောင်းလဲ သွားတာလား။
''နင်လည်း အိမ်ထဲပဲအောင်းမနေနဲ့…
အပြင်လေး ဘာလေးလည်း ထွက်ဦး…
ငါသာ နင့်အိမ်မလာရင် နင့်တွေ့ရမှာမဟုတ်ဘူး''
''ဒီညနေ ကျုံးဘေးလမ်းသွားလျှောက်မလိ