ထာဝရ…မင်း
အခန်း (၆)
…………………………………………………
''ဘယ်သွားနေတာလဲ''
နှိုင်းထက် မျက်ခုံး မြင့်တက်သွားလေ၏။
တစ်ခါမှ မမေးဖူးခဲ့သည့် လူက…
''မုန့်သွားစားတာလေ…ကောင်မေ လးတွေနဲ့''
''ဟုတ်လား…''
မထိတရီ အသံနှင့် မေးကာ…
ခေါင်းမော့ကြည့်လာသည့် မင်း' ကြောင့်…
''ဘာလဲ…ငါ ကောင်မလေးတွေနဲ့ အပြင်သွားတာ
မင်းမကြိုက်ဘူးလား…''
''ခွေးကောင်…ဘုတ်''
ဆဲလည်း ဆဲရင်း ဘေးမှာတွေ့သည့် အရုပ်နှင့် နှိုင်းထက်ကို
ပစ်ပေါက်လိုက်၏။
''အဟားးးဟားးးးးစတာပါကွာ…ဒီ ဘေးအိမ်က
နှစ်ယောက်နဲ့ မုန့်သွားစားတာ…''
မင်း' သိပါသည်။ သိလျက်နဲ့ တမင်မေးလိုက်တာ ဖြစ်၏။
''မင်းတို့ အရမ်းရင်းနှီးနေကြပြီပေါ့''
''ဆိုပါတော့…ဘာလို့လဲ မင်းပါ ရင်းနှီးချင်လို့လား''
''အဲဒီ နမော်နမဲ့အကျင့်တွေနဲ့ ငါက ဘာလို့ရင်းနှီးချင်ရမှာလဲ''
''ဟားးးးဟားးးးးးးးးး''
မင်း' စကားကြောင့် နှိုင်းထက် အားရပါးရအော်ရယ်လေသည်။
''အေးပါ…အေးပါ…''
ပြောပြီး နှိုင်းထက် တစ်ယောက် အိမ်ပေါ်တက်သွားလေ၏။
စိတ်မသက်မသာနှင့် ကျန်နေခဲ့တာ မင်း' ဖြစ်လေသည်။
ဘယ်လိုမှန်းမသိ။ မက်မွန်သီးမက ဒီအရွယ်ရောက်လာတာ
မြန်နေသလိုပင်။ ငယ်ငယ်က ကိုယ် ၈ တန်းတုန်းက
သူမတို့မြို့ရောက်ခဲ့စဉ် သူမလေးက ၂ တန်းသာရှိသေး၏။
ကလေးပီပီ ပဲကလည်း များသေး။ နည်းနည်း ရှက်ပြီ ဆိုလည်း
မတရားရဲတက်လာတတ်သည့် သူမရဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့
ဖြစ်၏။
ခုတော့………
မင်း' ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။
''ဒီဘက်ကို ဖြန့်လိုက်…စံ…ဟုတ်ပြီ''
''အဟားးးဟားးးး''
ရယ်သံနှင့်အတူ သူမနှင့် နောက် သူငယ်ချင်းဖြစ်ဟန်တူသည့်
မိန်းကလေးတစ်ယောက်ကို အတူတွေ့လိုက်ရသည်။
စောင်လှမ်းနေသည်လား မသိ။
သူမက ရုတ်တရက် ကိုယ့်ဘက်လှည့်လာသည်ကြောင့်
မင်း' ပြတင်းပေါက်အကွယ်သို့ ချက်ချင်းရောက်သွား၏။
''ခုနက ဆရာမင်းလားလို့…ဘာလို့ ကြည့်နေတာလဲ မသိဘူး''
''ရန်ဖြစ်ချင်လို့ နေမှာပေါ့''
''ခ်ခ်''
ပိုး စကားကြောင့် စံတိုးတိုးလေးရယ်လိုက်သည်။
ပြီးမှ…
''လာအထဲဝင်ရအောင်''
………………………………>>>>>>>>
''အဆင်ပြေတယ်မလား…ပြည့်ပြည့် စံက ညနေ အိမ်ပြန်ရမှာဝေးတော့ မနက်ပိုင်းမှာ လာကူခိုင်းလိုက်မယ်''
နှိုင်းထက်စကားကြောင့် မင်း' အနည်းငယ်တွေဝေသွားသလို…
''အဲ့ပြည့်ပြည့်စံက မက်မွန်သီးနဲ့…အဲ…ဒီအိမ်ဘေး က ပိုး နဲ့
အတူနေတာမဟုတ်ဘူးလား''
''ဘယ်က မက်မွန်သီးက ပါလာရတာလဲ…''
နှိုင်းထက် ကြားဖြစ်အောင် ကြားလိုက်သေးသည်။
ပြီးမှ…
''အတူနေတာမဟုတ်ဘူး…တခါတလေပဲ လာလည်တာ ပိုးဆီကို''
''အော်…''
''ဒါဆို အဆင်ပြေတယ်လို့ မှတ်လိုက်ပြီနော်…မင်း'…ငါ ပိုးတို့ဆီ
ဖုန်းဆက်လိုက်ဦးမယ်''
အင်းမလုပ်အဲမလုပ် မင်း' တစ်ယောက်တည်း ကျန်ထားလေ၏။
ပြည့်ပြည့်စံကို နှိုင်းထက်တာဝန်ယူသည့် မနက်ဆေးခန်းမှာ
ကူခိုင်းပြီးတော့ ပိုးသားဖြူကို မင်း' တာဝန်ယူသည့် ညနေ
ဆေးခန်းချိန်မှာ ကူခိုင်းမည်တဲ့လေ။ ဘွဲ့ရရပြီးချင်းဆိုတော့
အစိုးရအလုပ်ဝင်လုပ်ရန် လျှောက်လွှာမကျသေးခင် ဆေးခန်းမှာ
အတွေ့အကြုံလိုချင်၍ ဟု လာပြောတာကြောင့် တဲ့လေ။
ကိုယ့်ဘက်က အဆင်ပြေပေမယ့် ပိုးဆိုသည့် မက်မွန်သီးမက
နမော်နမဲ့။ ဘယ်လိုတွေလုပ်လာဦးမလဲ စောင့်ကြည့်ရဦးမည်။
………………>>>
''ရှင်! ဒါတော့မဖြစ်ဘူးထင်တယ် ဆရာရယ်…ပိုးနဲ့ ဟိုဆရာက…
မဟုတ်သေးဘူး…ပိုးက နမော်နမဲ့နိုင်တာကို ဆရာမင်းက
လုံးဝသဘောမကျတာ…အဲဒါ ဘယ်လိုလုပ် ပိုးက ဆရာမင်းကို
ကူပေးရမှာလဲ''
''ဒါ့အပြင်မှ မရှိတော့တာ…ပြည့်ပြည့်စံကလည်း ညနေ ဆေးခန်းချိန်ဆို နောက်ကျတော့ အိမ်ပြန်ရမှာဝေးတယ်ဆို…ကျုပ်က အဆင်ပြေသလို
စီစဉ်ပေးလိုက်တာ''
''လုပ်လိုက်ပါ…ပိုးရယ်…ဆရာမ င်းက အရင်လို ဟုတ်ချင်မှ
ဟုတ်တော့မှာလေ…ခုချိန်ဆို ရင့်ကျက်လာရောပေါ့''
''ခင်ဗျားလေးတို့က ကျုပ်သူငယ်ချင်းကို
အရင်က မရင့်ကျက်ဘူး ပြောချင်တာလား''
''ဟာ…ဆရာကလည်း အရေးထဲ''
နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့ပေ။
ပိုး…နှိုင်းထက်မျက်နှာကို မျက်လုံးလေး ကလယ်ကလယ်နဲ့
ကြည့်လိုက်၏။
ဆရာမင်းက ပိုး ကို ငယ်ငယ်က မက်မွန်သီးလေး လို့
ခေါ်ခဲ့ဖူးသည့် အစ်ကို တစ်ယောက်ဆိုတာ တကယ်မယုံနိုင်ခဲ့ပေ။ ကိုကိုငယ်စဉ်က အရမ်းကို သဘောကောင်းခဲ့သူ ဖြစ်သည်။
အခုနဲ့များ တခြားစီပါ။ ဘယ်လိုကြောင့် ဒီလောက်ပြောင်းလဲသွားတာ ပါလိမ့်။ ထိုအကြောင်းကိုပင် ဘယ်သူ့ကိုမှ ပြောမပြဖြစ်သေး။
သူကလည်း ကိုယ့်ကို မှတ်မိမှာလား။
ဟိုတစ်နေ့က မျက်နှာ မမြင်ရအောင် အင်္ကျီခြုံပြီး ပြေးထွက်ခဲ့ပြီလေ။ ဒါကြောင့် ပိုးမှန်းသိသွားပြီလား မသိသေးဘူးလား။
ပိုး တွေးနေသည်ကို ကြည့်ရင်း
နှိုင်းထက် ပြုံးကာ ခေါင်းခါလိုက်မိသည်။
ချစ်ဖို့ကောင်းလိုက်သည့် ပိုး…
ကိုယ်မင်းကို အနားမှာ ကူခိုင်းစေချင်တာပေါ့။
ဒါပေမယ့် အဆင်မှ မပြေတာလေ…
ကိုယ့် သူငယ်ချင်းက အပြောအဆိုသာ ကတ်လန့်ဖြစ်နေတာ။
စိတ်ရင်းက အဲလိုမဟုတ်ပါဘူး…
မင်း' နဲ့ ပိုးက သိပ်တည့်တာ မဟုတ်ဘူးဆိုတာ သိထားသည်မို့
နှိုင်းထက် စိတ်ချစွာ စီစဉ်လိုက်ခြင်းဖြစ်သည်။
မင်းတို့မှာ ဒီလိုဇာတ်လမ်းတွေ ရှိခဲ့တာ သိခဲ့ရင်………
……………>>>>>>>>>>>>>
''ကျေးဇူးတင်ပါတယ် ဆရာ''
နှိုင်းထက်ကို နှုတ်ဆက်ပြီး…
ပိုး ပန်းရောင် အိတ်လေး လွယ်ကာ ဆေးခန်း ထဲသို့ ဝင်ခဲ့လေ၏။
ဆေးခန်းရှေတွင် ထိုင်စောင့်နေကြသည့် လူနာများကလည်း
ဝင်လာသည့် ကိုယ့်ကို ကြည့်လို့။
ဆေးခန်းလို့ ဆိုပေမယ့် တော်တော်ကျယ်တာပင်။
၂ ထပ်တောင်လား။
ငေးရင်း မောရင်း လာသည်မို့…
'' ငေးနေတော့မှာလား''
''ရှင်! အဲ…''
မင်း' ကိုတွေ့တော့ ပိုး ဘာလုပ်ရမှန်းမသိဖြစ်သွားကာ…
''ဘာကူရမလဲ ဆရာ''
''ဒီကိုလာ''
ပိုး အိတ်ကလေး ချကာ အပြေးလေးသွားလိုက်လေသည်။
''ဒီလူနာကို ကြည့်ထားလိုက်''
မင်း' က သွက်လက်စွာ လှုပ်ရှားပြီး အနည်းငယ်
ပိုမောနေဟန်ရှိသည့် လူနာဆီသို့ သွားလိုက်သည်။
……
''ဒီနားပဲ နာတာနော်…''
ပိုး ဗိုက်ကို စမ်းရင်း မေးလိုက်၏။
''ဟုတ်ကဲ့ ဆရာမ''
''BP က 130/80 ''
ဘေးက နပ်စ့်လေးက သွေးပေါင်တိုင်းရင်း ပြောလေ၏။
''Diclo ပေးမယ်''
ပိုး ထံမှ ကြားတာနှင့် နပ်စ်လေးက ဆေးပုလင်းလေး
ဖောက်ကာ အပ်နဲ့ စုတ်ပြီး ယူလာပေးလေသည်။
''တစ်ချက်ထိုးမယ်နော်''
မှောက်ခုံလဲနေသည့် လူနာရဲ့ တင်ပါးမှာ အပ်စိုက်လိုက်၏။
ဆေးသွင်းပြီးတာနှင့် အပ်ပြန်ထုတ်ကာ အဖုံးလေးထဲ
ထိုးထည့်ထားလိုက်သည်။
ပိုး လုပ်နေပုံကို မင်း' တစ်ချက်လှည့်ကြည့်ကာ
လုပ်လက်စကို ပြန်လုပ်နေလိုက်သည်။
သူမ တိုးတက်လာခဲ့သည်ပဲ။ စည်းစနစ်ကျသည့်
လုပ်ပုံကိုင်ပုံကအစ။
မင်း' ပြုံးလိုက်လေ၏။
……………………>>>>>>>>
''ဆရာမလေးက အသစ်လား''
''ရှင်''
''ခါတိုင်းမတွေ့လို့လေ…ဦးက ဒီမျက်နှာစောင်းထိုးက
ယိုးဒယားစားသောက်ဆိုင်ကပါ''
''အော်…ဟုတ်ကဲ့''
ပိုး ထိုလူကို အားဆေး အကြောဆေးသွင်းပေးနေရင်း
အားနာနာနှင့် ပြုံးပြလိုက်မိသည်။
''ဆရာမင်းနဲ့ ဘာတော်လဲ''
''ရှင်! အော်…ဘာမှမတော်ပါဘူး…''
''ဟုတ်လား…လခဘယ်လောက်ရလဲ''
''သမီးက ဘွဲ့ရပြီးစမို့ အတွေ့အကြုံရအောင်
ဆရာ့ကို လာကူတာပါ…လခနဲ့မဟုတ်ဘူး''
''ဟုတ်လား…ဦးတို့ ဆိုင်မှာလည်း လူလိုနေတာ…
ဒီလို လခမယူတဲ့
ဝန်ထမ်းမျိုး ဦးတို့လည်း လိုချင်တာပေါ့…လာကူပေးပါလား ''
''ရှင်!''
ပိုး ဘာမှမပြောတတ်အောင်ဖြစ်သွား၏ ။
''ချက်ပြုတ်တတ်ရင်ကို ရနေပြီ''
ရုတ်တရက် ပိုး ဒေါသထွက်သွားလေသည်။
သို့ပေမယ့်…
''သူက ကျွန်တော့် ညီမ ပြီးတော့…
ဆရာဝန်တစ်ယောက်ပါ ဦးကျင်ဝေ…ဆေးရုံကြီးမှာ
လျှောက်လွှာကျဖို့ စောင့်နေတာ…ဘယ်လိုအတွေးအခေါ် နဲ့
ခင်ဗျားရဲ့ ဘာမဟုတ်တဲ့ စားသောက်ဆိုင်မှာ လုပ်ဖို့ ခေါ်နေရတာလဲ''
''ဗျာ…ဟုတ်လား…ဆော…ဆောရီးပါ …ဆရာရယ်…ဦးလေးက…''
''တော်ပြီ…ဆေးထိုးပြီးရင် ခင်ဗျားသွားလို့ရပြီ…ေ
နောက်တစ်ယောက် ဝင်ခဲ့''
အံကြိတ်သံပါနေသည့် မင်း' အသံကြောင့် ဦးကျင်ဝေ တစ်ယောက်
ဆေးခန်းထဲမှ သွက်သွက် ထွက်သွားလေသည်။
……………>>>>
''ဘာလို့ သူများပြောတာကို ငြိမ်ခံနေရတာလဲ''
''ဟို…ပိုးက…သူ ဆရာနဲ့ ရင်းနှီးတယ် ထင်လို့…ပြီးတော့ ဟိုနားက စားသောက်ဆိုင်လို့ပြောတယ်လေ …နောက်နေတယ် ထင်လို့''
''မင်းကို ရိုးရိုးအကူ နပ်စ်မလို့ ထင်ပြီး သူ့စားသောက်ဆိုင်မှာလည်း အလုပ်လုပ်လို့ရကြောင်း ပြောသွားတာလေ…အဲဒါနောက်တာလို့
ထင်လား''
''မထင်ပါဘူး''
ပိုး ခေါင်းငုံ့ကာ ပြောလိုက်သည်။
''အင်း…နောက်ခါ အဲလို ကိုယ့်သိက္ခာကို စော်ကားမခံနဲ့''
ထို စကားသံသည် ဆုံးမသံလို ဖြစ်နေပေမယ့် နူးညံ့နေ၏။
စိတ်ပူလို့ ဆုံးမသလိုမျိုး……
မင်း' နားခန်းထဲဝင်သွားတာနှင့် နာပ်စ်မလေးနှစ်ယောက်က
ပိုးထံပြေးလာလေ၏။
''ဆရာမင်း တော်တော်ဒေါသထွက်သွားတာထင်တ ယ်''
နာပ်စ်လေးတစ်ယောက်က ပြောလိုက်လျှင်…
နောက်တစ်ယောက်က…
''မမကို ဟို လူကြီး အဲလို စပြောကတည်းက ဆရာကြည့်နေတာ''
''ဟုတ်လား''
ပိုး ရင်ထဲမှာ နွေးသွားသလို ခံစားရ၏။
ပြည့်ပြည့်စံပြောသလို ဆရာ တကယ်ပဲ ရင့်ကျက်သွားပြီလား။
အာ…ခေါင်းကို ခါယမ်းလိုက်သည်။
………>>>>>>>>>>>
ပိုး…ဖုန်းလေးကို ကိုင်ကာ…
ဆေးခန်းရှေ့မှာ စောင့်နေ၏။
ဆေးခန်းက ၈ ခွဲသိမ်းရင်း ဆည်းရင်း
ည 9 နာရီထိုးသွားပြီဖြစ်သည်။
''မပြန်သေးဘူးလား''
''ရှင်…ဟုတ်…ပြန်တော့မှာဆရာ ''
စိတ်ထဲမှာတော့ 'ပြန်မှာမို့လို့ ဒီမှာရပ်နေတာပါ့' ဟု ပြောမိ၏။
မင်း' မျက်ခုံးတစ်ချက်သာ ပင့်ပြီး သူ့ကားရှိရာကိုသွားလိုက်လေသ ည်။
ကားထဲမှ နေ၍ သူမ ရပ်စောင့်နေတာကို ကြည့်နေသေး၏။
ဘယ်သူ့ကို စောင့်တာလဲ။
နှိုင်းထက်လား။ အလာတုန်းက ဟိုကောင်လာပို့တာဆိုတော့
အခုလည်း သူ့ကို စောင့်နေတာလား။
ဟွန့်…နေမှာပေါ့။
မင်း' လီဗာကို ခပ်ကြမ်းကြမ်း နင်းပြီး ဆေးခန်းရှေ့မှ
မောင်းထွက်ခဲ့လေသည်။
ထွက်သွားသည့် ကားကို ကြည့်ပြီး ပိုး စိတ်တွေယားနေ၏။
ထင်သားပဲ…ထင်သားပဲ…
သူ့အကျင့်တွေ ဘယ်တော့မှ ပြောင်းလဲမည် မထင်။
အိမ်ဘေးကပ်ရပ်လေးကို လိုက်မလား တစ်ခွန်းတောင်
မပြောနိုင်သည့် ထိုလူက…ကိုယ်ငယ်ငယ်က ခင်ခဲ့ဖူးသည့် ကိုကိုဆိုတာ လုံးဝယုံချင်စရာမရှိပေ။
ပြီးတော့ သူ ပိုးကို မမှတ်မိတာကိုလည်း မကျေနပ်ပေ။
ဒါကြောင့်…ပိုးက သူနဲ့ခင်ခဲ့ဖူးသည့် ကလေးဆိုတာလည်း
ပြောပြမနေတော့။ သူလည်း သိချင်မှာမဟုတ်။
ကိုယ့်ကိုယ်ကို စိတ်ပြေရာ တွေးနေပေမယ့် ရင်ထဲမှာ
ဝမ်းနည်းနေတာ အမှန်ဖြစ်၏။ ဘာဖြစ်လို့ပါလိမ့်။
ထိုစဉ်……
''ကျွိ…''
ပိုး ရှေ့ကို ကားတစ်စီးရောက်လာသည်။ သေချာကြည့်တော့မှ ခုနက သူ မောင်းထွက်သွားသည့်ကား။
သူက ကားမှန်ချကာ…
''ခဏနေ မိုးရွာတော့မယ် ထင်လို့…လိုက်မလား''
ကားထဲကနေ လှမ်းပြောလေသည်။
ပိုး မျက်လုံးလေး ပြူးနေရာမှ
အလိုအလျောက် ပြုံးသွားမိသည်။
…………………>>>¢¢¢¢
အခန်း (၇) ဆက်ရန်
မတ်မတ်ပန်းချီ🌹
အခန်း (၆)
…………………………………………………
''ဘယ်သွားနေတာလဲ''
နှိုင်းထက် မျက်ခုံး မြင့်တက်သွားလေ၏။
တစ်ခါမှ မမေးဖူးခဲ့သည့် လူက…
''မုန့်သွားစားတာလေ…ကောင်မေ
''ဟုတ်လား…''
မထိတရီ အသံနှင့် မေးကာ…
ခေါင်းမော့ကြည့်လာသည့် မင်း' ကြောင့်…
''ဘာလဲ…ငါ ကောင်မလေးတွေနဲ့ အပြင်သွားတာ
မင်းမကြိုက်ဘူးလား…''
''ခွေးကောင်…ဘုတ်''
ဆဲလည်း ဆဲရင်း ဘေးမှာတွေ့သည့် အရုပ်နှင့် နှိုင်းထက်ကို
ပစ်ပေါက်လိုက်၏။
''အဟားးးဟားးးးးစတာပါကွာ…ဒီ
နှစ်ယောက်နဲ့ မုန့်သွားစားတာ…''
မင်း' သိပါသည်။ သိလျက်နဲ့ တမင်မေးလိုက်တာ ဖြစ်၏။
''မင်းတို့ အရမ်းရင်းနှီးနေကြပြီပေါ့''
''ဆိုပါတော့…ဘာလို့လဲ မင်းပါ ရင်းနှီးချင်လို့လား''
''အဲဒီ နမော်နမဲ့အကျင့်တွေနဲ့ ငါက ဘာလို့ရင်းနှီးချင်ရမှာလဲ''
''ဟားးးးဟားးးးးးးးးး''
မင်း' စကားကြောင့် နှိုင်းထက် အားရပါးရအော်ရယ်လေသည်။
''အေးပါ…အေးပါ…''
ပြောပြီး နှိုင်းထက် တစ်ယောက် အိမ်ပေါ်တက်သွားလေ၏။
စိတ်မသက်မသာနှင့် ကျန်နေခဲ့တာ မင်း' ဖြစ်လေသည်။
ဘယ်လိုမှန်းမသိ။ မက်မွန်သီးမက ဒီအရွယ်ရောက်လာတာ
မြန်နေသလိုပင်။ ငယ်ငယ်က ကိုယ် ၈ တန်းတုန်းက
သူမတို့မြို့ရောက်ခဲ့စဉ် သူမလေးက ၂ တန်းသာရှိသေး၏။
ကလေးပီပီ ပဲကလည်း များသေး။ နည်းနည်း ရှက်ပြီ ဆိုလည်း
မတရားရဲတက်လာတတ်သည့် သူမရဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့
ဖြစ်၏။
ခုတော့………
မင်း' ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။
''ဒီဘက်ကို ဖြန့်လိုက်…စံ…ဟုတ်ပြီ''
''အဟားးးဟားးးး''
ရယ်သံနှင့်အတူ သူမနှင့် နောက် သူငယ်ချင်းဖြစ်ဟန်တူသည့်
မိန်းကလေးတစ်ယောက်ကို အတူတွေ့လိုက်ရသည်။
စောင်လှမ်းနေသည်လား မသိ။
သူမက ရုတ်တရက် ကိုယ့်ဘက်လှည့်လာသည်ကြောင့်
မင်း' ပြတင်းပေါက်အကွယ်သို့ ချက်ချင်းရောက်သွား၏။
''ခုနက ဆရာမင်းလားလို့…ဘာလို့ ကြည့်နေတာလဲ မသိဘူး''
''ရန်ဖြစ်ချင်လို့ နေမှာပေါ့''
''ခ်ခ်''
ပိုး စကားကြောင့် စံတိုးတိုးလေးရယ်လိုက်သည်။
ပြီးမှ…
''လာအထဲဝင်ရအောင်''
………………………………>>>>>>>>
''အဆင်ပြေတယ်မလား…ပြည့်ပြည်
နှိုင်းထက်စကားကြောင့် မင်း' အနည်းငယ်တွေဝေသွားသလို…
''အဲ့ပြည့်ပြည့်စံက မက်မွန်သီးနဲ့…အဲ…ဒီအိမ်ဘေး
အတူနေတာမဟုတ်ဘူးလား''
''ဘယ်က မက်မွန်သီးက ပါလာရတာလဲ…''
နှိုင်းထက် ကြားဖြစ်အောင် ကြားလိုက်သေးသည်။
ပြီးမှ…
''အတူနေတာမဟုတ်ဘူး…တခါတလေပဲ
''အော်…''
''ဒါဆို အဆင်ပြေတယ်လို့ မှတ်လိုက်ပြီနော်…မင်း'…ငါ ပိုးတို့ဆီ
ဖုန်းဆက်လိုက်ဦးမယ်''
အင်းမလုပ်အဲမလုပ် မင်း' တစ်ယောက်တည်း ကျန်ထားလေ၏။
ပြည့်ပြည့်စံကို နှိုင်းထက်တာဝန်ယူသည့် မနက်ဆေးခန်းမှာ
ကူခိုင်းပြီးတော့ ပိုးသားဖြူကို မင်း' တာဝန်ယူသည့် ညနေ
ဆေးခန်းချိန်မှာ ကူခိုင်းမည်တဲ့လေ။ ဘွဲ့ရရပြီးချင်းဆိုတော့
အစိုးရအလုပ်ဝင်လုပ်ရန် လျှောက်လွှာမကျသေးခင် ဆေးခန်းမှာ
အတွေ့အကြုံလိုချင်၍ ဟု လာပြောတာကြောင့် တဲ့လေ။
ကိုယ့်ဘက်က အဆင်ပြေပေမယ့် ပိုးဆိုသည့် မက်မွန်သီးမက
နမော်နမဲ့။ ဘယ်လိုတွေလုပ်လာဦးမလဲ စောင့်ကြည့်ရဦးမည်။
………………>>>
''ရှင်! ဒါတော့မဖြစ်ဘူးထင်တယ် ဆရာရယ်…ပိုးနဲ့ ဟိုဆရာက…
မဟုတ်သေးဘူး…ပိုးက နမော်နမဲ့နိုင်တာကို ဆရာမင်းက
လုံးဝသဘောမကျတာ…အဲဒါ ဘယ်လိုလုပ် ပိုးက ဆရာမင်းကို
ကူပေးရမှာလဲ''
''ဒါ့အပြင်မှ မရှိတော့တာ…ပြည့်ပြည့်စံကလည
စီစဉ်ပေးလိုက်တာ''
''လုပ်လိုက်ပါ…ပိုးရယ်…ဆရာမ
ဟုတ်တော့မှာလေ…ခုချိန်ဆို ရင့်ကျက်လာရောပေါ့''
''ခင်ဗျားလေးတို့က ကျုပ်သူငယ်ချင်းကို
အရင်က မရင့်ကျက်ဘူး ပြောချင်တာလား''
''ဟာ…ဆရာကလည်း အရေးထဲ''
နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့ပေ။
ပိုး…နှိုင်းထက်မျက်နှာကို မျက်လုံးလေး ကလယ်ကလယ်နဲ့
ကြည့်လိုက်၏။
ဆရာမင်းက ပိုး ကို ငယ်ငယ်က မက်မွန်သီးလေး လို့
ခေါ်ခဲ့ဖူးသည့် အစ်ကို တစ်ယောက်ဆိုတာ တကယ်မယုံနိုင်ခဲ့ပေ။ ကိုကိုငယ်စဉ်က အရမ်းကို သဘောကောင်းခဲ့သူ ဖြစ်သည်။
အခုနဲ့များ တခြားစီပါ။ ဘယ်လိုကြောင့် ဒီလောက်ပြောင်းလဲသွားတာ ပါလိမ့်။ ထိုအကြောင်းကိုပင် ဘယ်သူ့ကိုမှ ပြောမပြဖြစ်သေး။
သူကလည်း ကိုယ့်ကို မှတ်မိမှာလား။
ဟိုတစ်နေ့က မျက်နှာ မမြင်ရအောင် အင်္ကျီခြုံပြီး ပြေးထွက်ခဲ့ပြီလေ။ ဒါကြောင့် ပိုးမှန်းသိသွားပြီလား မသိသေးဘူးလား။
ပိုး တွေးနေသည်ကို ကြည့်ရင်း
နှိုင်းထက် ပြုံးကာ ခေါင်းခါလိုက်မိသည်။
ချစ်ဖို့ကောင်းလိုက်သည့် ပိုး…
ကိုယ်မင်းကို အနားမှာ ကူခိုင်းစေချင်တာပေါ့။
ဒါပေမယ့် အဆင်မှ မပြေတာလေ…
ကိုယ့် သူငယ်ချင်းက အပြောအဆိုသာ ကတ်လန့်ဖြစ်နေတာ။
စိတ်ရင်းက အဲလိုမဟုတ်ပါဘူး…
မင်း' နဲ့ ပိုးက သိပ်တည့်တာ မဟုတ်ဘူးဆိုတာ သိထားသည်မို့
နှိုင်းထက် စိတ်ချစွာ စီစဉ်လိုက်ခြင်းဖြစ်သည်။
မင်းတို့မှာ ဒီလိုဇာတ်လမ်းတွေ ရှိခဲ့တာ သိခဲ့ရင်………
……………>>>>>>>>>>>>>
''ကျေးဇူးတင်ပါတယ် ဆရာ''
နှိုင်းထက်ကို နှုတ်ဆက်ပြီး…
ပိုး ပန်းရောင် အိတ်လေး လွယ်ကာ ဆေးခန်း ထဲသို့ ဝင်ခဲ့လေ၏။
ဆေးခန်းရှေတွင် ထိုင်စောင့်နေကြသည့် လူနာများကလည်း
ဝင်လာသည့် ကိုယ့်ကို ကြည့်လို့။
ဆေးခန်းလို့ ဆိုပေမယ့် တော်တော်ကျယ်တာပင်။
၂ ထပ်တောင်လား။
ငေးရင်း မောရင်း လာသည်မို့…
'' ငေးနေတော့မှာလား''
''ရှင်! အဲ…''
မင်း' ကိုတွေ့တော့ ပိုး ဘာလုပ်ရမှန်းမသိဖြစ်သွားကာ…
''ဘာကူရမလဲ ဆရာ''
''ဒီကိုလာ''
ပိုး အိတ်ကလေး ချကာ အပြေးလေးသွားလိုက်လေသည်။
''ဒီလူနာကို ကြည့်ထားလိုက်''
မင်း' က သွက်လက်စွာ လှုပ်ရှားပြီး အနည်းငယ်
ပိုမောနေဟန်ရှိသည့် လူနာဆီသို့ သွားလိုက်သည်။
……
''ဒီနားပဲ နာတာနော်…''
ပိုး ဗိုက်ကို စမ်းရင်း မေးလိုက်၏။
''ဟုတ်ကဲ့ ဆရာမ''
''BP က 130/80 ''
ဘေးက နပ်စ့်လေးက သွေးပေါင်တိုင်းရင်း ပြောလေ၏။
''Diclo ပေးမယ်''
ပိုး ထံမှ ကြားတာနှင့် နပ်စ်လေးက ဆေးပုလင်းလေး
ဖောက်ကာ အပ်နဲ့ စုတ်ပြီး ယူလာပေးလေသည်။
''တစ်ချက်ထိုးမယ်နော်''
မှောက်ခုံလဲနေသည့် လူနာရဲ့ တင်ပါးမှာ အပ်စိုက်လိုက်၏။
ဆေးသွင်းပြီးတာနှင့် အပ်ပြန်ထုတ်ကာ အဖုံးလေးထဲ
ထိုးထည့်ထားလိုက်သည်။
ပိုး လုပ်နေပုံကို မင်း' တစ်ချက်လှည့်ကြည့်ကာ
လုပ်လက်စကို ပြန်လုပ်နေလိုက်သည်။
သူမ တိုးတက်လာခဲ့သည်ပဲ။ စည်းစနစ်ကျသည့်
လုပ်ပုံကိုင်ပုံကအစ။
မင်း' ပြုံးလိုက်လေ၏။
……………………>>>>>>>>
''ဆရာမလေးက အသစ်လား''
''ရှင်''
''ခါတိုင်းမတွေ့လို့လေ…ဦးက
ယိုးဒယားစားသောက်ဆိုင်ကပါ''
''အော်…ဟုတ်ကဲ့''
ပိုး ထိုလူကို အားဆေး အကြောဆေးသွင်းပေးနေရင်း
အားနာနာနှင့် ပြုံးပြလိုက်မိသည်။
''ဆရာမင်းနဲ့ ဘာတော်လဲ''
''ရှင်! အော်…ဘာမှမတော်ပါဘူး…''
''ဟုတ်လား…လခဘယ်လောက်ရလဲ''
''သမီးက ဘွဲ့ရပြီးစမို့ အတွေ့အကြုံရအောင်
ဆရာ့ကို လာကူတာပါ…လခနဲ့မဟုတ်ဘူး''
''ဟုတ်လား…ဦးတို့ ဆိုင်မှာလည်း လူလိုနေတာ…
ဒီလို လခမယူတဲ့
ဝန်ထမ်းမျိုး ဦးတို့လည်း လိုချင်တာပေါ့…လာကူပေးပါလား
''ရှင်!''
ပိုး ဘာမှမပြောတတ်အောင်ဖြစ်သွား၏
''ချက်ပြုတ်တတ်ရင်ကို ရနေပြီ''
ရုတ်တရက် ပိုး ဒေါသထွက်သွားလေသည်။
သို့ပေမယ့်…
''သူက ကျွန်တော့် ညီမ ပြီးတော့…
ဆရာဝန်တစ်ယောက်ပါ ဦးကျင်ဝေ…ဆေးရုံကြီးမှာ
လျှောက်လွှာကျဖို့ စောင့်နေတာ…ဘယ်လိုအတွေးအခေါ်
ခင်ဗျားရဲ့ ဘာမဟုတ်တဲ့ စားသောက်ဆိုင်မှာ လုပ်ဖို့ ခေါ်နေရတာလဲ''
''ဗျာ…ဟုတ်လား…ဆော…ဆောရီးပါ
''တော်ပြီ…ဆေးထိုးပြီးရင် ခင်ဗျားသွားလို့ရပြီ…ေ
နောက်တစ်ယောက် ဝင်ခဲ့''
အံကြိတ်သံပါနေသည့် မင်း' အသံကြောင့် ဦးကျင်ဝေ တစ်ယောက်
ဆေးခန်းထဲမှ သွက်သွက် ထွက်သွားလေသည်။
……………>>>>
''ဘာလို့ သူများပြောတာကို ငြိမ်ခံနေရတာလဲ''
''ဟို…ပိုးက…သူ ဆရာနဲ့ ရင်းနှီးတယ် ထင်လို့…ပြီးတော့ ဟိုနားက စားသောက်ဆိုင်လို့ပြောတယ်လေ
''မင်းကို ရိုးရိုးအကူ နပ်စ်မလို့ ထင်ပြီး သူ့စားသောက်ဆိုင်မှာလည်း အလုပ်လုပ်လို့ရကြောင်း ပြောသွားတာလေ…အဲဒါနောက်တာလိ
ထင်လား''
''မထင်ပါဘူး''
ပိုး ခေါင်းငုံ့ကာ ပြောလိုက်သည်။
''အင်း…နောက်ခါ အဲလို ကိုယ့်သိက္ခာကို စော်ကားမခံနဲ့''
ထို စကားသံသည် ဆုံးမသံလို ဖြစ်နေပေမယ့် နူးညံ့နေ၏။
စိတ်ပူလို့ ဆုံးမသလိုမျိုး……
မင်း' နားခန်းထဲဝင်သွားတာနှင့် နာပ်စ်မလေးနှစ်ယောက်က
ပိုးထံပြေးလာလေ၏။
''ဆရာမင်း တော်တော်ဒေါသထွက်သွားတာထင်တ
နာပ်စ်လေးတစ်ယောက်က ပြောလိုက်လျှင်…
နောက်တစ်ယောက်က…
''မမကို ဟို လူကြီး အဲလို စပြောကတည်းက ဆရာကြည့်နေတာ''
''ဟုတ်လား''
ပိုး ရင်ထဲမှာ နွေးသွားသလို ခံစားရ၏။
ပြည့်ပြည့်စံပြောသလို ဆရာ တကယ်ပဲ ရင့်ကျက်သွားပြီလား။
အာ…ခေါင်းကို ခါယမ်းလိုက်သည်။
………>>>>>>>>>>>
ပိုး…ဖုန်းလေးကို ကိုင်ကာ…
ဆေးခန်းရှေ့မှာ စောင့်နေ၏။
ဆေးခန်းက ၈ ခွဲသိမ်းရင်း ဆည်းရင်း
ည 9 နာရီထိုးသွားပြီဖြစ်သည်။
''မပြန်သေးဘူးလား''
''ရှင်…ဟုတ်…ပြန်တော့မှာဆရာ
စိတ်ထဲမှာတော့ 'ပြန်မှာမို့လို့ ဒီမှာရပ်နေတာပါ့' ဟု ပြောမိ၏။
မင်း' မျက်ခုံးတစ်ချက်သာ ပင့်ပြီး သူ့ကားရှိရာကိုသွားလိုက်လေသ