ထာဝရ…မင်း
အခန်း (၅)
……………………………>>>>
ပိုး ထိုမျက်နှာကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
အချိန်တော်တော်ကြာသည် အထိ…
ပါးတစ်ပြင်လုံးကလည်း ရဲတက်လာလျှင်…
''အမေ့''
မင်း' က ထိန်းထားသည့် သူမရဲ့ ခါးကို လွှတ်လိုက်သည်။
လဲကျမသွားပေမယ့် ပိုး မြေကြီးပေါ်သို့
လက်နှင့်ထောက်လိုက်ရလေ၏။
''တွေ့လိုက်ရင် အဆင်ပြေနေတယ်ကို မရှိဘူး''
ပိုးထရပ်လိုက်ကာ သူ့ကို မျက်စောင်းထိုးနေ၏။
ပြီးတော့…ကိုယ့် လက်နှစ်ဖက်မှ
မြေမှုန့်တွေကို ခါလိုက်ရင်း…
''စံ ငါသွားတော့မယ်''
မင်း' ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထိုနေရာမှ
ထွက်သွားလေသည်။
ရပ်ပြီး ကြောင်ကြည့်နေသည့် သူငယ်ချင်းတစ်ချို့ကလည်း
ပိုးနှင့် ဆရာ့အကြောင်း သိသူတွေကတော့ တီးတိုးပြောနေကြ၏။
……………………………>>>>>>>>>>
''ဘယ်သူလဲ သမီး''
''ရှင်''
ဖေဖေနှင့်မေမေ မြင်သွားတာ ထင်သည်။
မေမေ့အကြည့်က ဆရာ့ထံမှ မခွာဘဲ ဖြစ်နေ၏။
''ဆေးရုံက ဆရာဝန်တစ်ယောက်ပါ…
မတော်တဆတွေ့လို့ ဝင်ကူညီသွားတာထင်တယ်''
''မေမေ ဒီမျက်နှာကို ရင်းနှီးနေသလိုပဲ…ဖေကြီး ကြည့်စမ်း…
မမြင်ဖူးဘူးလား အဲ့ဆရာကို''
''မေမေရာ…လူမှားတာနေမှာပါ…
ဆရာ့ကို မေမေ ဘယ်လိုမြင်ဖူးမှာလဲ…သွားရအောင်''
ဖေဖေနဲ့ မေမေနှစ်ယောက်လုံးရဲ့ လက်ကို ချိတ်ဆွဲကာ
ပိုး ခေါ်သွားလေသည်။
''မဟုတ်ဘူး မြင်ဖူးနေတယ်နော''
မေမေ့အသံ တိုးတိုးလေးကို ကြားရ၏။
လူတစ်ယောက်ကို တစ်ခါမြင်ဖူးပြီဆိုလျှင်
အမြဲမှတ်မိတတ်တာ မေမေဖြစ်သည်။
တွေ့လျှင် တွေ့ချင်း မမှတ်မိဘူးဆိုလျှင်တောင်
ရအောင် စဉ်းစားတတ်သည့် မေမေဖြစ်သည်။
ဒီလို အကျင့်ကြောင့် လူတစ်ယောက်
မျက်နှာ ဆင်တူမြင်လျှင်တောင် ရင်းနှီးတဲ့ မျက်နှာ ဟု ပြောနေကျ။
ဆရာ့ကိုလည်း ဒီလို နေမှာပေါ့။
……………………………>>>>>>
''ဟီးရိုး…''
ခြံထဲဝင်လိုက်တာနှင့် ဟီးရိုးက မင်း' ထံ ခုန်ပေါက်ပြေးသွားကာ
ဟိုပြေးဒီပြေး ပြေးနေ၏။ ပြီးတော့ မင်း' ရဲ့ ဒူးခေါင်းနား
ခြေထောက်နားမှာ လာပြီး ပွတ်သပ်လေသည်။
''အရမ်းကြီးလာတယ်မလား''
နှိုင်းထက်အသံကြောင့် မင်း' မော့ကြည့်လိုက်ကာ…
''ငါမသွားခင်ကတည်းက ဒီ size ရှိနေပြီ''
''နည်းနည်း ပိုထွားလာတယ်တော့ လုပ်လိုက်''
မင်း' ဘာမှ မပြောဘဲ ထရပ်လိုက်သည်။
ပြီးတော့ အိမ်ထဲသို့…
''လက်ဆောင်ပါလား ဟေ့ရောင်
မင်းအတွက် အိမ်စောင့်ထားပေးရတာလေ''
''ဘယ်သူစောင့်ခိုင်းတာလဲ…
မင်းဘာသာ နေစရာမရှိလို့ လာနေတာ''
''ဘာဖြစ်ဖြစ် ဟီးရိုးကို နေ့တိုင်းအစာကျွေးပေးနေတာကို
ကျေးဇူးတင်''
နှိုင်းထက် တစ်ယောက် အော်ဟစ်ပြီး ကျန်ထားပေမယ့်
မင်း'ကတော့ အိမ်ထဲဝင်သွားပြီဖြစ်သည်။
''ဆရာ''
''ဆရာ''
ခပ်တိုးတိုး အသံကြောင့်…
နှိုင်းထက် ခြံဘက်ကို ကပ်သွားလေသည်။
တွေ့ပြီ…
ခြံစည်းရိုးပေါ်မှာ သူမရဲ့ တံတောင်နှစ်ဖက်ကို
အားပြုထောင်ထားလျက်…ပြည့်ပြ ည့်စံ…
''ဘာလဲ''
''ဟို…ဟိုဆရာ ပြန်ရောက်ပြီလားဟင်''
''ဘယ်သူလဲ…''
သူမ ဘာကို မေးတယ်ဆိုတာ သိနေလျက်သား တမင်
မေးလိုက်တာဖြစ်၏။
''ဆရာ့ သူငယ်ချင်းလေ…ဆရာမင်းလေ''
''အော်…သူလား…ပြန်ရောက်ပြီေ လ…''
''သမီးတို့ကို မပြောဘူး…ကြည့်ဦး…ဒီနေ့ ဘယ်မှာတွေ့ခဲ့ကြလဲ
သိလား…convo မှာတွေ့ခဲ့တာ…
တွေ့ခဲ့တာတောင် အကောင်းမဟုတ်ဘူး…ပိုးက ပြုတ်ကျ…''
''ပိုး ပြုတ်ကျတာလား…ဘယ်ကနေလဲ''
နှိုင်းထက် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ …
ခြံစည်းရိုးနှင့် ပိုကပ်သွားလေ၏။
''သစ်ပင်ပေါ်က ပြုတ်ကျတာကို…ဆရာမင်းက လာကူညီတာလို့''
''သစ်ပင်ပေါ်က…ဘယ်လိုဖြစ်သွားတာလဲ…
ထိခိုက်မိတာရှိသေးလား''
''မရှိပါဘူး ဆရာရယ်…လဲနေတဲ့ သစ်ပင်ကို ပြောတာ''
''သြော်…''
''အဲ''
ထိုအခါမှ စံ ဘာဆက်ပြောရမှန်းမသိဖြစ်သွား ၏။
လာပြောပြတယ်ဆိုတာ ဆရာမင်းပြန်လာပြီဆိုတဲ့အကြောင်း
ပိုးသိရင် သတိထားလို့ရအောင်ရယ်ပါ။
ခုတော့ ဘာရည်ရွယ်ချက်နဲ့ လာပြောပြနေမိမှန်းမသိ။
''စံ ပြောတာက ဆရာကြိုပြောခဲ့ရမှာပြောတာ…
ဆရာမင်း ပြန်လာပြီဆိုတဲ့အကြောင်း''
''ကြိုပြောပြတော့ရော…ပိုးက ပြုတ်မကျဘဲ နေမှာမို့လား''
''ဘာဖြစ်ဖြစ်…''
''ဟူးးးးး''
ဘာမှဆက်မပြောတတ်တော့ဘဲ…
''ဘာမှမဟုတ်တော့ဘူး…သွားတော့ မယ်''
စံ တစ်ယောက် တံတောင်နှင့်ထောက်ထားသည့်
ခြံစည်းရိုးပေါ်မှ ပြန်ဆင်းသွားလေ၏။
ဆရာမင်းပြန်လာပြီဆိုတဲ့အကြောင်း ကြားကတည်းက
ပိုး မျက်နှာ မကောင်းတော့တာ ကို သတိထားမိသည်။
ခွဲစိတ်ပညာ ကို စိတ်ဝင်စားတာချင်းတူတော့ surgery
အထူးပြုကိုသာ ရွေးချယ်မည် ဟု တိုင်ပင်ထားကြသော်လည်း…
ဟူးး…ဆရာမင်းလည်း ဆရာနှိုင်းထက် လိုဆိုရင် ကောင်းမည်။
ဆရာနှိုင်းထက်က ပျော်ပျော်ရွှင်ရွှင်နေတတ်သည် ။
ဟာသပြောတတ်သည်။ ခင်မင်တတ်သည်။
ထို့ကြောင့် ပိုးအလုပ်သင်ဆင်းရင်း
အိမ်နီးချင်းလည်းဖြစ်သည့်အတွက် ဆရာနှိုင်းထက်နှင့်
ခင်မင်သွားကြသည်။
အသက်အရွယ်ကလည်း အရမ်းကွာသည်မဟုတ်သောကြောင့်
ဆရာနှိုင်းထက်နှင့် သူငယ်ချင်းတွေလိုတောင်
ခေါ်ပြောခင်မင်နေကြပြီဖြစ်သည်။
ခုတော့…
''ဟင်း…''
စံ သက်ပြင်း ချလိုက်မိ၏။
……………………………………………>>>>>>>>> >>>>
''သမီးက ချောလိုက်တာ ကြည့်စမ်း…သူ့အမေနဲ့တူလို့ေ ပါ့''
''ဘယ်ကလာ…ချောရမှာလဲ…မမြင့် ရယ်…မပြင်တတ်မဆင်တတ်နဲ့
ခုချိန်ထိ ထသွားထလာ မိတ်ကပ်တောင်
ကောင်းကောင်းမပြင်တတ်သေးဘူး …
ကျွန်မထက်တောင် ညံ့တယ်''
မေမေက ပိုးဘက်ကို မျက်စောင်းထိုးရင်း လှည့်ပြော၏။
''ပြီးတော့ မမြင့်ကိုတောင် အလည်မလာဘူးမလား ဒီကလေးမ''
''ပိုး လည်း လာလည်မလို့ လာလည်မလို့နဲ့…မလာဖြစ်တာ ဟီးး''
ကြီးမြင့်ကို အားနာသလိုလေး ပြုံးပြလျက် ပိုး ပြောလိုက်၏။
''အေးလေ…ကြီးကြီးတို့က မြို့ပြင်ဘက်မှာဆိုတော့…
သမီးလည်း ဘယ်ရောက်ဖြစ်မလဲ''
ကြီးမြင့်က ကူပြောပေးပေမယ့်…
''တကယ်လာချင်ရင် ရောက်ပါတယ်''
မေမေ့ထံမှ စကားသံ။
ပိုး မျက်စောင်းထိုးလိုက်မိသည်။
မေမေက အပြင်မှာဆို ဘယ်တော့မှ ပိုးကောင်းကြောင်း မပြောပေ။ ထို့ကြောင့် မေမေနှင့် အပြင်မလိုက်ချင်တာ ဖြစ်၏။
မေမေနဲ့သွားတိုင်း အမြဲ ကလေးဆိုးတစ်ယောက်လို
အပြောခံရတာကို မကျေနပ်။ ယတကယ်ဆို ပိုးက လိမ္မာတဲ့
သမီးမဟုတ်ပါလား။
ဒီအရွယ်ထိ တစ်ခါမှ ရည်းစားမထားခဲ့တာတွေကြည့်လေ …ဟဲဟဲ…
''ဘာတွေပြုံးတာလဲ သမီး''
''ရှင်''
ကြီးမြင့် ပြောခဲ့မှ ကိုယ့်ကိုယ်ကို သတိရကာ
မျက်နှာကို ပြန်တည်လိုက်၏။
ထိုစဉ်…
ကြီးမြင့် မျက်နှာ ရုတ်တရက် အိမ်တံခါးဝဘက်ရောက်သွားကာ…
''သား''
ဆိုသည့် စကားကြောင့် ပိုးရော မေမေပါ…
လှည့်ကြည့်လိုက်ကြသည်။
ပိုး မျက်လုံးပြူးသွားလေသည်။
''ဆရာ''
စိတ်ထဲကနေ ခေါ်လိုက်မိသည်။
ပါးပြင်တို့ကလည်း ပူပြီး ရဲတက်လာကာ…
ချက်ချင်း ဒီဘက်ပြန်လှည့်ပြီး ခေါင်း ငုံ့ထားမိသည်။
''မလာစဖူး…အလာထူးလို့…''
ဒေါ်မြင့်စံပယ် က မတ်တပ်ထရပ်ရင်း မင်း' ထံလျှောက်သွားလေ၏။
''ထမင်းစားပြီးပြီလား…ဘယ်ကေ န ပြန်လာတာလဲအခုက''
''ဆေးရုံကနေ''
''လာလာ…ရောက်လာတာ အတော်ပဲ…
သားညီမလေးတို့ ဒီရောက်နေတယ်''
ပိုး ခေါင်းငုံ့၍သာ နားထောင်နေပေမယ့်
ကြီးမြင့်ပြောတာကို နားမလည်။
ပိုးက ဘယ်တုန်းက သူ့ ညီမ ဖြစ်သွားတာလဲ။
ဒေါ်မြင့်စံပယ် အတင်းဆွဲတာကြောင့် မင်း' ပါလာလေ၏။
''မနှင်း…ဒါကျွန်မရဲ့ တူ…မင်းသူရိန်လေ…ဟိုးအရင်က
မနှင်းတို့မြို့ဘက် တစ်ခါ လိုက်ခဲ့တုန်းက ကျွန်မခေါ်ခဲ့တဲ့
တူလေးလေ မှတ်မိလား''
ပိုး မျက်လုံးပြူးသွားလေသည်။
ဟိုးအရင်ကဆိုတာ ဘယ်တုန်းကလဲ…
ခေါင်းကို ငုံ့ထားပေမယ့် နားတို့က အာရုံစိုက်စွင့်ထားလျက်…
''အော်…မှတ်မိပြီ…ဘုရင်လေး မဟုတ်လား…''
မင်း' ဆတ်ခနဲဖြစ်သွားမိ၏။
ဘုရင်လေး…လို့ ကိုယ့်ကို ခေါ်ခဲ့ကြတာ…
ငယ်ငယ်က…
ထို အမျိုးသမီးကို သေချကြည့်လိုက်သည်။ ဘယ်သူများလဲ…
''အန်တီနှင်းမေ လေ…မှတ်မိလား…''
''အန်တီနှင်းမေ''
သံယောင်လိုက်ပြောလိုက်မိသည် ။
ဒါဆို အန်တီနှင်းမေ ဘေးမှာ ထိုင်နေတဲ့ သူက…
''မက်မွန်သီး''
နှုတ်ခမ်းမှ အလိုလို ထွက်သွားလေ၏။
ပိုး မျက်လုံး ပိတ်ကာ ခေါင်းကို အတင်းငုံ့ထားလေ၏။
ပြီးတော့ ရုတ်တရက်…
ချွတ်ပြီးချထားသည့် အပေါ်အင်္ကျီကို ခေါင်းတစ်ခုလုံးကို ခြုံလိုက်၏။
မျက်လုံးလေးပဲဖော်ကာ…
''မင်္ဂလာပါ…မတွေ့ရတာကြာပြီနော်…သွားဦးမယ်…
သူငယ်ချင်းစောင့်နေလို့…ကြီးမြင့် သမီးနောက်မှ ထပ်လာခဲ့မယ်…''
ရုတ်တရက် လူကို တိုက်ကာ ထပြေးသွားသည့်
သူမကို နောက်ကကြည့်ပြီး ကျန်နေသူတို့
ကြောင်တောင်တောင်ဖြစ်ကုန်၏။
''ဘာဖြစ်လို့လဲ မနှင်း…''
''ကျွန်မလည်း မသိဘူး…သူငယ်ချင်းစောင့်နေလို့တဲ့''
နားမလည်ပေမယ့်…
''ထားလိုက်ပါတော့…မင်း' လာထိုင်ဦး''
လူကြီးနှစ်ယောက်ရဲ့ စကားဝိုင်းထဲ ရောက်နေပေမယ့်
စိတ်နဲ့ကိုယ် မကပ်ပေ။ ခုနက မက်မွန်သီး။
''ဟင်…သား''
''ဘာ…ဘာကိုလဲ…ကြီးကြီး''
''သားနဲ့…ပိုးလေး မတွေ့ဖြစ်ကြဘူးလားလို့…''
''ပိုးလေး?''
မင်း' နားမလည်သလို ပြန်မေး၏။
''မနှင်းရဲ့ သမီးလေကွယ်…ပိုးလေးနဲ့ သား ငယ်ငယ်က
အတူဆော့ခဲ့ဖူးတာကို…မမှတ်မိ ဘူးလား…
ရှက်ရင် ပါးလေးတွေ ရဲတွတ်လာတဲ့ ကလေးလေးလေ''
''ဗျာ…အဲကလေး…အဲ…မက်မွန်…အာ …မဟုတ်သေးဘူး…
အန်တီနှင်းမေရဲ့ သမီးနာမည်က ပိုးလေးလား''
စကားပြောရင်း မင်း' ကြောင်တောင်တောင်ဖြစ်ကုန်၏။
မက်မွန်သီးမ ရဲ့ တကယ့်နာမည်ကို မသိတာ အမှန်ဖြစ်သည်။
''ဟာ အူကြောင်ကြောင်နဲ့''
ဒေါ်မြင့် ဆူသလို ချစ်စနိုးနဲ့ စလိုက်၏။
ဒေါ်နှင်းမေကလည်း သဘောကျကာ ရယ်လိုက်ပြီးမှ…
''ဘုရင်လေးက ဘယ်သိမလဲ…သူက ပိုးလေးကို မက်မွန်သီးလို့ပဲ
အမြဲခေါ်ခဲ့တာကို…အဲတုန်းက ငယ်လည်း ငယ်သေးတော့
နာမည်လည်း မမှတ်ထားဘူးထင်တယ်''
''ဟုတ်တယ်…ကျွန်တော်က မက်မွန်သီးလို့ပဲ သိခဲ့တာ''
မင်း' ကလည်း အတည်ပေါက်နဲ့ ထပ်ပြော၏။
''ပြောရင်း လိုရင်းမရောက်တော့ဘူး…ပိုးေ လးလည်း
ဆေးကျောင်းတက်နေတာ…အဲ မဟုတ်ပါဘူး…ဘွဲ့ရပြီးပြီ…
သားတို့ မတွေ့ဖြစ်ကြဘူးလားပြောတာ…''
''ဘယ်လိုတွေ့ဖြစ်မှာလဲ ကြီးမြင့်ကလည်း…
ကျွန်တော်မနေ့တစ်နေ့ကမှ ဂျပန်က…''
ရုတ်တရက် အတွေးထဲ မျက်နှာ တစ်ခုပေါ်လာ၏။
နမော်နမဲ့နိုင်လွန်းတဲ့ ကလေးမ…
တလွဲတွေ လုပ်လွန်းတဲ့ ကလေးမ…
ပြီးတော့ ရဲတွတ်နေတဲ့ ပါးပြင်တွေ…
မင်း' ကိုယ့်နားထင်ကို ပွတ်နေမိသည်။
အဲဒါ အဲကောင်မလေးက မက်မွန်သီးလား…?
''ကြီးမြင့်တောင် ပိုးလေးဖို့ အငှားအိမ်ရှာပေးလိုက်သေးတယ် …
သားတို့နေတဲ့ရပ်ကွက်လက်မှာပဲ…
သားတို့ ရပ်ကွက်က သန့်တယ်ဆိုလို့လေ''
ဒါဆို သိလိုက်ပြီ။ သေချာပြီ။
သူမက ကိုယ့်အိမ်ဘေးမှာ ဆိုတာ ကြီးမြင့်မသိတာဖြစ်မည်။
အဆန်းမဟုတ်ပါ။
ကိုယ့်အိမ်ကို သုခလှိုင် ရပ်ကွက်မှာ ရှိတယ် ဆိုတာကိုပဲ သိကာ
ဘယ်အိမ်မှန်း ကြီးမြင့်မသိပေ။
တစ်ကိုယ်တည်း နေချင်၍ ဝယ်ထားတာဖြစ်သောကြောင့်
ကိုယ်အဲမှာ နေတာကိုလည်း ဘယ်အပေါင်းအသင်းမှ မသိ။
နှိုင်းထက်သာ ဆိုတဲ့ ကောင်က လွဲလို့ပေါ့။
ကြီးမြင့်လည်း ဒါကြောင့် မသိတာ ဖြစ်မည်။
မင်း' ထံမှ အသက်ရှုသံလောက်သာရှိသည့် ရယ်သံ
တစ်ချက်ထွက်သွားလေ၏။
ရယ်ချင်လို့ပါ…သူနဲ့ သူမ…ကြီးမြင့်တို့ အဖြစ်အပျက်ကိုပေါ့။
''ကျွန်တော် ပြန်တော့မယ်''
''ရော်…မေးတာလည်း တစ်ခုမှ မဖြေဘူး''
''တွေ့ဖြစ်တယ်…ဆေးရုံမှာလေ… ဒါဆို သွားလို့ရပြီလား''
''ခုမှရောက်တာကို ထမင်းစားသွားဦးလေ''
''ဆေးရုံထပ်သွားရမှာမို့…ကြီးကြီး…အန်တီနှင်းမေ
ဖြည်းဖြည်းနော်…ကျွန်တော် အားရင်
အန်တီတို့မြို့ကိုထပ်လာလည်ဦးမယ်''
''အေး အေး ဖြည်းဖြည်း သား…''
ဒေါ်နှင်းမေနှင့် နှုတ်ဆက်ပြီး မင်း' ထွက်သွားလေသည်။
ဒါကြောင့် မင်းထွက်ပြေးသွားတာကိုး…
မက်မွန်သီး…
သူမက မက်မွန်သီးဖြစ်နေမှာ လုံးဝထင်မထားပေ။
မျက်နှာ တစ်ပြင်လုံးရဲတတ်တာချင်းတူေ ပမယ့် မက်မွန်သီးလေးဟာ
ငယ်ငယ်ကဖြင့် စွာစိလန်လေး…စကားတတ်လေး ဖြစ်၏။
ခုတော့ သူမက ဘာဖြစ်ဖြစ် ခေါင်းငုံ့နေတတ်သူမို့…
တကယ် မထင်ခဲ့ခြင်းဖြစ်သည်။
ဘာဖြစ်ဖြစ် သိသွားခဲ့ပြီလေ။
မင်း ဘယ်လောက်ထိ ထွက်ပြေးနိုင်မလဲ…
…………>>>>>>>>>>>>>>>>>>>>
အခန်း (၆) ဆက်ရန်…
မတ်မတ်ပန်းချီ🌹
အခန်း (၅)
……………………………>>>>
ပိုး ထိုမျက်နှာကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
အချိန်တော်တော်ကြာသည် အထိ…
ပါးတစ်ပြင်လုံးကလည်း ရဲတက်လာလျှင်…
''အမေ့''
မင်း' က ထိန်းထားသည့် သူမရဲ့ ခါးကို လွှတ်လိုက်သည်။
လဲကျမသွားပေမယ့် ပိုး မြေကြီးပေါ်သို့
လက်နှင့်ထောက်လိုက်ရလေ၏။
''တွေ့လိုက်ရင် အဆင်ပြေနေတယ်ကို မရှိဘူး''
ပိုးထရပ်လိုက်ကာ သူ့ကို မျက်စောင်းထိုးနေ၏။
ပြီးတော့…ကိုယ့် လက်နှစ်ဖက်မှ
မြေမှုန့်တွေကို ခါလိုက်ရင်း…
''စံ ငါသွားတော့မယ်''
မင်း' ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထိုနေရာမှ
ထွက်သွားလေသည်။
ရပ်ပြီး ကြောင်ကြည့်နေသည့် သူငယ်ချင်းတစ်ချို့ကလည်း
ပိုးနှင့် ဆရာ့အကြောင်း သိသူတွေကတော့ တီးတိုးပြောနေကြ၏။
……………………………>>>>>>>>>>
''ဘယ်သူလဲ သမီး''
''ရှင်''
ဖေဖေနှင့်မေမေ မြင်သွားတာ ထင်သည်။
မေမေ့အကြည့်က ဆရာ့ထံမှ မခွာဘဲ ဖြစ်နေ၏။
''ဆေးရုံက ဆရာဝန်တစ်ယောက်ပါ…
မတော်တဆတွေ့လို့ ဝင်ကူညီသွားတာထင်တယ်''
''မေမေ ဒီမျက်နှာကို ရင်းနှီးနေသလိုပဲ…ဖေကြီး ကြည့်စမ်း…
မမြင်ဖူးဘူးလား အဲ့ဆရာကို''
''မေမေရာ…လူမှားတာနေမှာပါ…
ဆရာ့ကို မေမေ ဘယ်လိုမြင်ဖူးမှာလဲ…သွားရအေ
ဖေဖေနဲ့ မေမေနှစ်ယောက်လုံးရဲ့ လက်ကို ချိတ်ဆွဲကာ
ပိုး ခေါ်သွားလေသည်။
''မဟုတ်ဘူး မြင်ဖူးနေတယ်နော''
မေမေ့အသံ တိုးတိုးလေးကို ကြားရ၏။
လူတစ်ယောက်ကို တစ်ခါမြင်ဖူးပြီဆိုလျှင်
အမြဲမှတ်မိတတ်တာ မေမေဖြစ်သည်။
တွေ့လျှင် တွေ့ချင်း မမှတ်မိဘူးဆိုလျှင်တောင်
ရအောင် စဉ်းစားတတ်သည့် မေမေဖြစ်သည်။
ဒီလို အကျင့်ကြောင့် လူတစ်ယောက်
မျက်နှာ ဆင်တူမြင်လျှင်တောင် ရင်းနှီးတဲ့ မျက်နှာ ဟု ပြောနေကျ။
ဆရာ့ကိုလည်း ဒီလို နေမှာပေါ့။
……………………………>>>>>>
''ဟီးရိုး…''
ခြံထဲဝင်လိုက်တာနှင့် ဟီးရိုးက မင်း' ထံ ခုန်ပေါက်ပြေးသွားကာ
ဟိုပြေးဒီပြေး ပြေးနေ၏။ ပြီးတော့ မင်း' ရဲ့ ဒူးခေါင်းနား
ခြေထောက်နားမှာ လာပြီး ပွတ်သပ်လေသည်။
''အရမ်းကြီးလာတယ်မလား''
နှိုင်းထက်အသံကြောင့် မင်း' မော့ကြည့်လိုက်ကာ…
''ငါမသွားခင်ကတည်းက ဒီ size ရှိနေပြီ''
''နည်းနည်း ပိုထွားလာတယ်တော့ လုပ်လိုက်''
မင်း' ဘာမှ မပြောဘဲ ထရပ်လိုက်သည်။
ပြီးတော့ အိမ်ထဲသို့…
''လက်ဆောင်ပါလား ဟေ့ရောင်
မင်းအတွက် အိမ်စောင့်ထားပေးရတာလေ''
''ဘယ်သူစောင့်ခိုင်းတာလဲ…
မင်းဘာသာ နေစရာမရှိလို့ လာနေတာ''
''ဘာဖြစ်ဖြစ် ဟီးရိုးကို နေ့တိုင်းအစာကျွေးပေးနေတာကိ
ကျေးဇူးတင်''
နှိုင်းထက် တစ်ယောက် အော်ဟစ်ပြီး ကျန်ထားပေမယ့်
မင်း'ကတော့ အိမ်ထဲဝင်သွားပြီဖြစ်သည်။
''ဆရာ''
''ဆရာ''
ခပ်တိုးတိုး အသံကြောင့်…
နှိုင်းထက် ခြံဘက်ကို ကပ်သွားလေသည်။
တွေ့ပြီ…
ခြံစည်းရိုးပေါ်မှာ သူမရဲ့ တံတောင်နှစ်ဖက်ကို
အားပြုထောင်ထားလျက်…ပြည့်ပြ
''ဘာလဲ''
''ဟို…ဟိုဆရာ ပြန်ရောက်ပြီလားဟင်''
''ဘယ်သူလဲ…''
သူမ ဘာကို မေးတယ်ဆိုတာ သိနေလျက်သား တမင်
မေးလိုက်တာဖြစ်၏။
''ဆရာ့ သူငယ်ချင်းလေ…ဆရာမင်းလေ''
''အော်…သူလား…ပြန်ရောက်ပြီေ
''သမီးတို့ကို မပြောဘူး…ကြည့်ဦး…ဒီနေ့ ဘယ်မှာတွေ့ခဲ့ကြလဲ
သိလား…convo မှာတွေ့ခဲ့တာ…
တွေ့ခဲ့တာတောင် အကောင်းမဟုတ်ဘူး…ပိုးက ပြုတ်ကျ…''
''ပိုး ပြုတ်ကျတာလား…ဘယ်ကနေလဲ''
နှိုင်းထက် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ
ခြံစည်းရိုးနှင့် ပိုကပ်သွားလေ၏။
''သစ်ပင်ပေါ်က ပြုတ်ကျတာကို…ဆရာမင်းက လာကူညီတာလို့''
''သစ်ပင်ပေါ်က…ဘယ်လိုဖြစ်သွာ
ထိခိုက်မိတာရှိသေးလား''
''မရှိပါဘူး ဆရာရယ်…လဲနေတဲ့ သစ်ပင်ကို ပြောတာ''
''သြော်…''
''အဲ''
ထိုအခါမှ စံ ဘာဆက်ပြောရမှန်းမသိဖြစ်သွား
လာပြောပြတယ်ဆိုတာ ဆရာမင်းပြန်လာပြီဆိုတဲ့အကြေ
ပိုးသိရင် သတိထားလို့ရအောင်ရယ်ပါ။
ခုတော့ ဘာရည်ရွယ်ချက်နဲ့ လာပြောပြနေမိမှန်းမသိ။
''စံ ပြောတာက ဆရာကြိုပြောခဲ့ရမှာပြောတာ…
ဆရာမင်း ပြန်လာပြီဆိုတဲ့အကြောင်း''
''ကြိုပြောပြတော့ရော…ပိုးက ပြုတ်မကျဘဲ နေမှာမို့လား''
''ဘာဖြစ်ဖြစ်…''
''ဟူးးးးး''
ဘာမှဆက်မပြောတတ်တော့ဘဲ…
''ဘာမှမဟုတ်တော့ဘူး…သွားတော
စံ တစ်ယောက် တံတောင်နှင့်ထောက်ထားသည့်
ခြံစည်းရိုးပေါ်မှ ပြန်ဆင်းသွားလေ၏။
ဆရာမင်းပြန်လာပြီဆိုတဲ့အကြေ
ပိုး မျက်နှာ မကောင်းတော့တာ ကို သတိထားမိသည်။
ခွဲစိတ်ပညာ ကို စိတ်ဝင်စားတာချင်းတူတော့ surgery
အထူးပြုကိုသာ ရွေးချယ်မည် ဟု တိုင်ပင်ထားကြသော်လည်း…
ဟူးး…ဆရာမင်းလည်း ဆရာနှိုင်းထက် လိုဆိုရင် ကောင်းမည်။
ဆရာနှိုင်းထက်က ပျော်ပျော်ရွှင်ရွှင်နေတတ်သည်
ဟာသပြောတတ်သည်။ ခင်မင်တတ်သည်။
ထို့ကြောင့် ပိုးအလုပ်သင်ဆင်းရင်း
အိမ်နီးချင်းလည်းဖြစ်သည့်အတ
ခင်မင်သွားကြသည်။
အသက်အရွယ်ကလည်း အရမ်းကွာသည်မဟုတ်သောကြောင့်
ဆရာနှိုင်းထက်နှင့် သူငယ်ချင်းတွေလိုတောင်
ခေါ်ပြောခင်မင်နေကြပြီဖြစ်သည
ခုတော့…
''ဟင်း…''
စံ သက်ပြင်း ချလိုက်မိ၏။
……………………………………………>>>>>>>>>
''သမီးက ချောလိုက်တာ ကြည့်စမ်း…သူ့အမေနဲ့တူလို့ေ
''ဘယ်ကလာ…ချောရမှာလဲ…မမြင့်
ခုချိန်ထိ ထသွားထလာ မိတ်ကပ်တောင်
ကောင်းကောင်းမပြင်တတ်သေးဘူး
ကျွန်မထက်တောင် ညံ့တယ်''
မေမေက ပိုးဘက်ကို မျက်စောင်းထိုးရင်း လှည့်ပြော၏။
''ပြီးတော့ မမြင့်ကိုတောင် အလည်မလာဘူးမလား ဒီကလေးမ''
''ပိုး လည်း လာလည်မလို့ လာလည်မလို့နဲ့…မလာဖြစ်တာ ဟီးး''
ကြီးမြင့်ကို အားနာသလိုလေး ပြုံးပြလျက် ပိုး ပြောလိုက်၏။
''အေးလေ…ကြီးကြီးတို့က မြို့ပြင်ဘက်မှာဆိုတော့…
သမီးလည်း ဘယ်ရောက်ဖြစ်မလဲ''
ကြီးမြင့်က ကူပြောပေးပေမယ့်…
''တကယ်လာချင်ရင် ရောက်ပါတယ်''
မေမေ့ထံမှ စကားသံ။
ပိုး မျက်စောင်းထိုးလိုက်မိသည်။
မေမေက အပြင်မှာဆို ဘယ်တော့မှ ပိုးကောင်းကြောင်း မပြောပေ။ ထို့ကြောင့် မေမေနှင့် အပြင်မလိုက်ချင်တာ ဖြစ်၏။
မေမေနဲ့သွားတိုင်း အမြဲ ကလေးဆိုးတစ်ယောက်လို
အပြောခံရတာကို မကျေနပ်။ ယတကယ်ဆို ပိုးက လိမ္မာတဲ့
သမီးမဟုတ်ပါလား။
ဒီအရွယ်ထိ တစ်ခါမှ ရည်းစားမထားခဲ့တာတွေကြည့်လေ
''ဘာတွေပြုံးတာလဲ သမီး''
''ရှင်''
ကြီးမြင့် ပြောခဲ့မှ ကိုယ့်ကိုယ်ကို သတိရကာ
မျက်နှာကို ပြန်တည်လိုက်၏။
ထိုစဉ်…
ကြီးမြင့် မျက်နှာ ရုတ်တရက် အိမ်တံခါးဝဘက်ရောက်သွားကာ…
''သား''
ဆိုသည့် စကားကြောင့် ပိုးရော မေမေပါ…
လှည့်ကြည့်လိုက်ကြသည်။
ပိုး မျက်လုံးပြူးသွားလေသည်။
''ဆရာ''
စိတ်ထဲကနေ ခေါ်လိုက်မိသည်။
ပါးပြင်တို့ကလည်း ပူပြီး ရဲတက်လာကာ…
ချက်ချင်း ဒီဘက်ပြန်လှည့်ပြီး ခေါင်း ငုံ့ထားမိသည်။
''မလာစဖူး…အလာထူးလို့…''
ဒေါ်မြင့်စံပယ် က မတ်တပ်ထရပ်ရင်း မင်း' ထံလျှောက်သွားလေ၏။
''ထမင်းစားပြီးပြီလား…ဘယ်ကေ
''ဆေးရုံကနေ''
''လာလာ…ရောက်လာတာ အတော်ပဲ…
သားညီမလေးတို့ ဒီရောက်နေတယ်''
ပိုး ခေါင်းငုံ့၍သာ နားထောင်နေပေမယ့်
ကြီးမြင့်ပြောတာကို နားမလည်။
ပိုးက ဘယ်တုန်းက သူ့ ညီမ ဖြစ်သွားတာလဲ။
ဒေါ်မြင့်စံပယ် အတင်းဆွဲတာကြောင့် မင်း' ပါလာလေ၏။
''မနှင်း…ဒါကျွန်မရဲ့ တူ…မင်းသူရိန်လေ…ဟိုးအရင်က
မနှင်းတို့မြို့ဘက် တစ်ခါ လိုက်ခဲ့တုန်းက ကျွန်မခေါ်ခဲ့တဲ့
တူလေးလေ မှတ်မိလား''
ပိုး မျက်လုံးပြူးသွားလေသည်။
ဟိုးအရင်ကဆိုတာ ဘယ်တုန်းကလဲ…
ခေါင်းကို ငုံ့ထားပေမယ့် နားတို့က အာရုံစိုက်စွင့်ထားလျက်…
''အော်…မှတ်မိပြီ…ဘုရင်လေး မဟုတ်လား…''
မင်း' ဆတ်ခနဲဖြစ်သွားမိ၏။
ဘုရင်လေး…လို့ ကိုယ့်ကို ခေါ်ခဲ့ကြတာ…
ငယ်ငယ်က…
ထို အမျိုးသမီးကို သေချကြည့်လိုက်သည်။ ဘယ်သူများလဲ…
''အန်တီနှင်းမေ လေ…မှတ်မိလား…''
''အန်တီနှင်းမေ''
သံယောင်လိုက်ပြောလိုက်မိသည်
ဒါဆို အန်တီနှင်းမေ ဘေးမှာ ထိုင်နေတဲ့ သူက…
''မက်မွန်သီး''
နှုတ်ခမ်းမှ အလိုလို ထွက်သွားလေ၏။
ပိုး မျက်လုံး ပိတ်ကာ ခေါင်းကို အတင်းငုံ့ထားလေ၏။
ပြီးတော့ ရုတ်တရက်…
ချွတ်ပြီးချထားသည့် အပေါ်အင်္ကျီကို ခေါင်းတစ်ခုလုံးကို ခြုံလိုက်၏။
မျက်လုံးလေးပဲဖော်ကာ…
''မင်္ဂလာပါ…မတွေ့ရတာကြာပြီနေ
သူငယ်ချင်းစောင့်နေလို့…ကြီ
ရုတ်တရက် လူကို တိုက်ကာ ထပြေးသွားသည့်
သူမကို နောက်ကကြည့်ပြီး ကျန်နေသူတို့
ကြောင်တောင်တောင်ဖြစ်ကုန်၏။
''ဘာဖြစ်လို့လဲ မနှင်း…''
''ကျွန်မလည်း မသိဘူး…သူငယ်ချင်းစောင့်နေလ
နားမလည်ပေမယ့်…
''ထားလိုက်ပါတော့…မင်း' လာထိုင်ဦး''
လူကြီးနှစ်ယောက်ရဲ့ စကားဝိုင်းထဲ ရောက်နေပေမယ့်
စိတ်နဲ့ကိုယ် မကပ်ပေ။ ခုနက မက်မွန်သီး။
''ဟင်…သား''
''ဘာ…ဘာကိုလဲ…ကြီးကြီး''
''သားနဲ့…ပိုးလေး မတွေ့ဖြစ်ကြဘူးလားလို့…''
''ပိုးလေး?''
မင်း' နားမလည်သလို ပြန်မေး၏။
''မနှင်းရဲ့ သမီးလေကွယ်…ပိုးလေးနဲ့ သား ငယ်ငယ်က
အတူဆော့ခဲ့ဖူးတာကို…မမှတ်မိ
ရှက်ရင် ပါးလေးတွေ ရဲတွတ်လာတဲ့ ကလေးလေးလေ''
''ဗျာ…အဲကလေး…အဲ…မက်မွန်…အာ
အန်တီနှင်းမေရဲ့ သမီးနာမည်က ပိုးလေးလား''
စကားပြောရင်း မင်း' ကြောင်တောင်တောင်ဖြစ်ကုန်၏။
မက်မွန်သီးမ ရဲ့ တကယ့်နာမည်ကို မသိတာ အမှန်ဖြစ်သည်။
''ဟာ အူကြောင်ကြောင်နဲ့''
ဒေါ်မြင့် ဆူသလို ချစ်စနိုးနဲ့ စလိုက်၏။
ဒေါ်နှင်းမေကလည်း သဘောကျကာ ရယ်လိုက်ပြီးမှ…
''ဘုရင်လေးက ဘယ်သိမလဲ…သူက ပိုးလေးကို မက်မွန်သီးလို့ပဲ
အမြဲခေါ်ခဲ့တာကို…အဲတုန်းက ငယ်လည်း ငယ်သေးတော့
နာမည်လည်း မမှတ်ထားဘူးထင်တယ်''
''ဟုတ်တယ်…ကျွန်တော်က မက်မွန်သီးလို့ပဲ သိခဲ့တာ''
မင်း' ကလည်း အတည်ပေါက်နဲ့ ထပ်ပြော၏။
''ပြောရင်း လိုရင်းမရောက်တော့ဘူး…ပိုးေ
ဆေးကျောင်းတက်နေတာ…အဲ မဟုတ်ပါဘူး…ဘွဲ့ရပြီးပြီ…
သားတို့ မတွေ့ဖြစ်ကြဘူးလားပြောတာ…''
''ဘယ်လိုတွေ့ဖြစ်မှာလဲ ကြီးမြင့်ကလည်း…
ကျွန်တော်မနေ့တစ်နေ့ကမှ ဂျပန်က…''
ရုတ်တရက် အတွေးထဲ မျက်နှာ တစ်ခုပေါ်လာ၏။
နမော်နမဲ့နိုင်လွန်းတဲ့ ကလေးမ…
တလွဲတွေ လုပ်လွန်းတဲ့ ကလေးမ…
ပြီးတော့ ရဲတွတ်နေတဲ့ ပါးပြင်တွေ…
မင်း' ကိုယ့်နားထင်ကို ပွတ်နေမိသည်။
အဲဒါ အဲကောင်မလေးက မက်မွန်သီးလား…?
''ကြီးမြင့်တောင် ပိုးလေးဖို့ အငှားအိမ်ရှာပေးလိုက်သေးတယ်
သားတို့နေတဲ့ရပ်ကွက်လက်မှာပ
သားတို့ ရပ်ကွက်က သန့်တယ်ဆိုလို့လေ''
ဒါဆို သိလိုက်ပြီ။ သေချာပြီ။
သူမက ကိုယ့်အိမ်ဘေးမှာ ဆိုတာ ကြီးမြင့်မသိတာဖြစ်မည်။
အဆန်းမဟုတ်ပါ။
ကိုယ့်အိမ်ကို သုခလှိုင် ရပ်ကွက်မှာ ရှိတယ် ဆိုတာကိုပဲ သိကာ
ဘယ်အိမ်မှန်း ကြီးမြင့်မသိပေ။
တစ်ကိုယ်တည်း နေချင်၍ ဝယ်ထားတာဖြစ်သောကြောင့်
ကိုယ်အဲမှာ နေတာကိုလည်း ဘယ်အပေါင်းအသင်းမှ မသိ။
နှိုင်းထက်သာ ဆိုတဲ့ ကောင်က လွဲလို့ပေါ့။
ကြီးမြင့်လည်း ဒါကြောင့် မသိတာ ဖြစ်မည်။
မင်း' ထံမှ အသက်ရှုသံလောက်သာရှိသည့် ရယ်သံ
တစ်ချက်ထွက်သွားလေ၏။
ရယ်ချင်လို့ပါ…သူနဲ့ သူမ…ကြီးမြင့်တို့ အဖြစ်အပျက်ကိုပေါ့။
''ကျွန်တော် ပြန်တော့မယ်''
''ရော်…မေးတာလည်း တစ်ခုမှ မဖြေဘူး''
''တွေ့ဖြစ်တယ်…ဆေးရုံမှာလေ…
''ခုမှရောက်တာကို ထမင်းစားသွားဦးလေ''
''ဆေးရုံထပ်သွားရမှာမို့…ကြ
ဖြည်းဖြည်းနော်…ကျွန်တော် အားရင်
အန်တီတို့မြို့ကိုထပ်လာလည်ဥ
''အေး အေး ဖြည်းဖြည်း သား…''
ဒေါ်နှင်းမေနှင့် နှုတ်ဆက်ပြီး မင်း' ထွက်သွားလေသည်။
ဒါကြောင့် မင်းထွက်ပြေးသွားတာကိုး…
မက်မွန်သီး…
သူမက မက်မွန်သီးဖြစ်နေမှာ လုံးဝထင်မထားပေ။
မျက်နှာ တစ်ပြင်လုံးရဲတတ်တာချင်းတူေ