ထာဝရ…မင်း
အခန်း (၂)
…………………………………………………
တွေ့ပြီ။ ''စာသင်ခန်း'' ဆိုသည့် ဆိုင်း ဘုတ်လေးနှင့် အခန်းလေး။
ဆေးရုံထဲမှာမှ စာသင်ခန်းလေးက လူနာဆောင်တွေကြားထဲ
ရောက်နေသည်။
အင်းလေ…ဒါမှ စာသင်ရင်း လူနာတွေကို စမ်းသပ်လို့ရမှာပေါ့။
မကွေးဆေးရုံကြီးထဲမှာဆို ဒီလောက်ပြည့်ပြည့်စုံစုံ မရှိပေ။
ဒီလို သင်ရမှာကို တွေးပျော်ရင်း အခန်းထဲဝင်သွားလေသည်။
………>>>>>>
''ကဲ ဒါဆို သိလောက်ပြီမလား…ဒီမှာ သင်တာနဲ့မလုံလောက်ဘူး…
မေးလည်း တစ်လုံးမှ မရဘူး မင်းတို့တွေ…ဒီရောက်မှ
လာဖတ်တော့ လူနာစမ်းဖို့ မင်းတို့မှာ အချိန်ဘယ်ရမလဲ…
အိမ်မှာ ဖတ်ခဲ့မှ ဒီမှာ လူနာတွေနဲ့ တစ်ခါတည်း
စမ်းလို့ရမှာပေါ့…Roll call ပေးမယ်…''
ဆရာက စကားကို တရစပ် ပြောကာ…နာမည်စခေါ်လိုက်၏။
''မပိုးဒါလီ…''
ရှေ့ဆုံးတန်းက ကောင်မလေး လက်ထောင်လိုက်သည်။
''မောင်ပိုင်စိုးသူ…''
''မောင်ပြည့်စုံအောင်…''
နားထောင်နေရင်း ကိုယ့်နာမည် ပါမလာသဖြင့်…
''ဆရာ…သမီးနာမည်ကျော်သွားတယ်''
ပိုး ထရပ်ပြီးပြောလိုက်၏။
''ဟုတ်လား…နာမည်ဘယ်လိုခေါ်လဲ ''
''ပိုးသားဖြူပါ''
''ပိုးသားဖြူ…?
ဆရာက တစ်ချက်ကြည့်ပြီး…
''မပါပါဘူး…ခုံနံပါတ်ဘယ်လော က်လဲ?''
''192 ပါ''
''192 က မောင်ပြည့်စုံအောင်လေ''
''ရှင်''
ပိုး ဖျတ်ခနဲ သိလိုက်ပြီ။ တစ်ခုခုမှားနေပြီဆိုတာ။
''သမီးက ဘယ်အတန်းကလဲ''
''ရှင်!''
ဘာပြောရမှန်းမသိဖြစ်သွား၏။ အတန်းမှားတာလား။
ဒီလို ဆိုရင် ရှက်စရာကောင်းလိုက်တာ။
ပါးပြင်တွေလည်း ရဲတက်လာ၏။
မတ်တပ်ထရပ်ကာ ကိုယ့်ပါး နှစ်ဖက်ကို လက်နဲ့ ဖိထားမိသည်။
''ဘယ်အတန်းကလဲ ဖြေလေ''
''ဟို…Final Part 2 တန်းက ပါ''
တုန်တုန်ယင်ယင်နှင့်ပြောလို က်၏။
''ရော်…ဒါက Final Part 1 တန်းလေ…
ဒီလောက်တက်လာတာ နှစ်တွေ ကြာပြီ ခုထိ
မသိသေးတာတော့မဟုတ်ဘူးထင်တယ် ကျောင်းသူသစ်လား''
''ဟုတ်ကဲ့…ဟို…ခုနက…''
ခုနက ခုံနံပါတ်မေးမိလိုက်သည့် ပိုးဒါလီ ဆိုသူကို
လှည့်ကြည့်လိုက်မိသည်။ အကုန်လုံးက ကိုယ့်ကို ကြည့်ပြီး
ရယ်ချင်စိတ်ကို ထိန်းထားရသည့် အမူအယာမျိုးတွေနှင့်…
ပိုး ဘာမှဆက်မပြောဘဲ ခေါင်းငုံ့ထားလိုက်မိသည်။
''သမီးသွားဦးမယ် ဆရာ''
ကိုယ့်လွယ်အိတ်ကို ကောက်ယူပြီး စာသင်ခန်းလေးထဲမှ
ပြေးထွက်သွားလေသည်။
''အင့်…ဘုတ်''
ဖြစ်ရပြန်ပြီ။ အခန်းပြင်ထွက်ထွက်ချင်း…
''တောင်းပန်ပါတယ်… တောင်းပန်ပါတယ်ရှင့်''
အပေါ်ကို မော့မကြည့်ဘဲ ကျသွားသည့်
သူမရဲ့ စာအုပ်တွေကိုသာ ကောက်နေ၏။
''ဘယ်အတန်းကလဲ''
သြရှရှ အသံတစ်ခုကို ကြားလိုက်ရ၏။
ကိုယ်တိုက်မိလိုက်တဲ့ တစ်ယောက် ထံမှလား။
မော့ကြည့်လိုက်ကာမှ…
''လူနာဆောင်ထဲ ဒီလို ပြေးလွှားနေတာ ဘယ်သူသင်ပေးတာလဲ…
မင်းပြေးတာ အရေးမကြီးဘူး နဂိုကတည်းက မကျန်းမာတဲ့
လူနာတွေနဲ့ တိုက်မိသွားရင်…ကျစ်!''
မင်း စုတ်သပ်ပြီး တစ်ဖက်ကို လှည့်လိုက်သည်။
တော်သေးသည်။ အပ်ထိုးနေသည့် အချိန်မဟုတ်လို့သာ။
လူနာ့ သွေးကြောတွေ အရမ်းသေးပြီး ရှာမရလို့ ဟု သူနာပြု
ဆရာမတွေ လာပြောသဖြင့် ကိုယ်တိုင် လာလုပ်ရခြင်းဖြစ်သည်။
သူမပြေးထွက်လာသည့်အချိန် ကိုယ်က မြင်လိုက်လို့သာ…
မဟုတ်လျှင် လူနာအတွက် ၂ ခါနာဖြစ်သွားနိုင်သည်။
အနားကုတင်က လူနာတွေကလည်း ပြူတစ်ပြူတစ်
လှည့်ကြည့်ကြ၏။
မင်း ဘေးမှာ ဝိုင်းနေကြသည့် ဆရာဝန်ပေါက်စတချို့ကလည်း
ပိုးကို ကြည့်နေကြသည်။
ပိုး ဖြည်းငြင်းစွာ ထရပ်လိုက်သည်။
''တောင်းပန်ပါတယ် ဆရာ''
မျက်နှာကို ငုံ့ထားရင်း…မျက်ရည်ပူတို့က စီးကျလာ၏။
မင်း ဘာမှမပြောတော့ဘဲ လုပ်လက်စ ဆက်လုပ်နေလိုက်သဖြင့်…
ပိုး အားလုံးကို ရှောင်ပြီး ထိုလူနာဆောင်မှ
ရအောင်ထွက်ခဲ့လေသည်။
လူကြီး လူငယ်အားလုံး အစ ဂိတ်ပေါက်စောင့်အဆုံး
ကိုယ့်ကို ကြည့်နေကြသလို ခံစားရသည်။
အင်း…ကြည့်မှာပေါ့။
ကိုယ့်ပါးနှစ်ဖက် ဘယ်လောက်တောင် နီမြန်းနေပြီဆိုတာ
အသိဆုံးဖြစ်၏။
……………………>>>>
''ငါရောက်တော့မှာလို့ပြောသားပဲ…မစောင့်နိုင်တော့
အရှက်ကွဲခဲ့ပြီမလား''
''ငါမေးသားပဲ စံ…ပိုးဒါလီ ဆိုတဲ့ကလေးမက သူ့ခုံနံပါတ်
190ဆိုလို့ ငါလည်း သူတို့အဖွဲ့ထဲပါမယ်ထင်လို့
ဝင်သင်လိုက်တာလေ…''
''သူတို့ ဘယ်အတန်းကလဲ ဆိုတာ နင်မေးလို့လား''
''ဒါကတော့……
ရုပ်ရင့်တွေနဲ့ဆိုတော့ အတန်းကြီးလို့ ထင်သွားတာပေါ့''
ပြည့်ပြည့်စံ တစ်ယောက် ပိုးကို စိတ်မကောင်းသလို ကြည့်ပြီး…
''ဟင်း…ဒါတော့ သူတို့အပြစ်မဟုတ်ဘူးလေ''
''အေးပါ ငါလည်း ဘာမှမပြောပါဘူး''
''''''''လူနာဆောင်ထဲ ဒီလို ပြေးလွှားနေတာ ဘယ်သူသင်ပေးတာလဲ…
မင်းပြေးတာ အရေးမကြီးဘူး နဂိုကတည်းက မကျန်းမာတဲ့
လူနာတွေနဲ့ တိုက်မိသွားရင်…ကျစ်!'''''' '
စံနှင့် ပြောနေရင်း ထိုစကားကို ပြန်ကြားယောင်လာ၏။
စံကိုတောင် ဒီအကြောင်း ပြောမပြသေးပေ။
အပြင်မှာသာ ကြံ့ခိုင်သလိုနှင့် တချို့နေရာမှာ
ဘယ်လောက်တောင်ယအားငယ်တတ်တယ် ဆိုသာ
ကိုယ်ကိုယ်တိုင်သာ သိ၏။
ပိုးကရော တမင်လုပ်လို့လား။ မှားတယ် ထားပါဦး။
လူနာတွေရှေ့ …သူနာပြုတွေ…ဆရာဝန်တွေ ရှေ့မှာ
ကျောင်းသူတစ်ယောက်ကို ဒီလို မဆူသင့်ဘူးဟု ထင်သည်။
တွေးရင်း တနုံ့နုံ့ ခံပြင်းလာ၏။
''ငါသာ ဆရာဝန် ဖြစ်ရင်…'' ဆိုသည့် အတွေး…
………………>>>>>>>>>>>>>>>>>>>> >>>>>>>>>>
''ငါပြောပြမယ်…ဒီ surgery ward (ခွဲစိတ်ကုသဆောင်)
မှာလေ…ဆရာချောချောလေး ရှိတယ်''
ဆေးရုံဝင်းထဲ လမ်းလျှောက်ဝင်လာရင်း စံ က စကားစလေသည်။
ချောချောလေး ဟုကြားလိုက်တာနှင့် မနေ့က မျက်နှာတစ်ခုကို
တန်းမြင်မိ၏။ အာ…ကိုယ့်ခေါင်းကို ပြန်ခါလိုက်သည်။
''ဟိုမှာ…ဟိုမှာကြည့်…''
တစ်ဖက်မှာလာနေသည့်
ယောက်ျားတစ်ယောက်…
''နင့်လက်က သိမ်းလိုက်စမ်းပါဟာ…အိနြေ္ဒမ ရှိ…သိက္ခာမရှိနဲ့
…ယောက်ျားတစ်ယောက်ကို လက်ညိုးထိုးနေတာ''
''ဟဲ့…ကိုယ့်ဆရာကိုယ် ထိုးတာ…အဲ လက်ညိုးထိုးတာ
ဘာဖြစ်လဲ…အဲဒါ ငါတို့ကို သင်တဲ့ဆရာဆိုတာ နင့်ကို
ပြောပြတဲ့သဘောပဲလေ''
''အဲလိုသဘောချည်း မဟုတ်ဘူးဆိုတာ ငါသိတယ်''
ပိုး မျက်စောင်းထိုးကာ ပြောလိုက်၏။
''လာ…လာ…ဆရာနဲ့မီအောင် လှေကား လိုက်တက်ရအောင်''
အတင်းဆွဲခေါ်တဲ့အတိုင်း ပိုးပါသွားကာ…
လှေကားထစ်တွေကို စတိုင်ကျကျ တက်သွားသည့်
ဆရာ ဆိုသည့်လူနောက်မှာ ကပ်ရပ် လိုက်တက်၏။
''မင်း…ရော့ ကျေးဇူးပဲ''
ဆရာဝန်များ အခန်း ထဲမှ ထွက်လာသည့်
တစ်ယောက်ကို မြင်တော့ ပိုးခြေလှမ်းတွေ ချက်ချင်းရပ်သွား၏။
''တွေ့လား…တွေ့လား…အဲဒါ ဒေါက်တာ မင်းသူရိန်…ခုနက
ငါတို့လိုက်ခဲ့တဲ့ဆရာက ဒေါက်တာ နှိုင်းထက်သာ…
နှစ်ယောက်လုံး…ဟဲ့ဟဲ့…ဆရာမင်းက ငါတို့ကို ကြည့်နေတာ
အယ် မျက်မှောင်ကုတ်သွားပြီ ကြည့်ဦး…
ခဏနေ စာသင်ရင် စာမေးခံရတော့မယ်ထင်တယ်''
စံတစ်ယောက် ကုတ်ကုတ်နှင့် ဘာတွေပြောနေသည်မသိ။
ပိုးကတော့ ဆရာမင်း ဆိုသူကို တွေ့တွေ့ချင်း ပါးပြင်တွေ
နီရဲတက်လာ၏။
ပြီးတော့ အကြည့်လွဲကာ အောက်ငုံ့ထားလိုက်မိသည်။
…………
''ဘာလဲ''
မင်း မျက်မှောင်ကုတ်လိုက်သည့်
ဘက်ကို နှိုင်းထက် လှည့်ကြည့်လိုက်သည်။
''ဘာဖြစ်လို့လဲ…မင်းနဲ့သိလို့လား''
''မသိဘူး''
တစ်ခွန်းတည်းပြောပြီး အခန်းထဲပြန်ဝင်သွားလေ၏။
နှိုင်းထက် လည်း အခန်းထဲ ပြန်အဝင်မှာ…
ဂျူတီကုတ် နဲ့ စာအုပ်တို့ ပွေ့ပိုက်ထားသည့် ကျောင်းသူ
နှစ်ယောက်ဘက်ကို တစ်ချက် လှည့်ကြည့်ပြန်၏။
''ဟဲ့ ဆရာ ငါတို့ဘက်လာနေပြီ''
စံက တီးတိုးပြောကာ နေရာမရွေ့ဘဲ ရပ်နေလိုက်သည်။
''မင်းတို့ ဘာရပ်လုပ်နေလဲ''
''ရှင်!''
''Final part 2 တွေမလား…ဘယ်နှယောက် ရောက်ပြီလဲ''
အနီးအနားကို ဝေ့ကြည့်ပြီးပြော၏။
''သမီးတို့ နှစ်ယောက်ပဲ ရောက်သေးတာ ဆရာ''
''ဒါဆို ဒီ case ယူထားလိုက်…
မနေ့ညက ကားတိုက်ခံရပြီး ရောက်လာတာ''
အနားမှာရှိတဲ့ လူနာကုတင်တစ်ခုကို ညွှန်ပြပြီး ပြော၏။
ပိုး ခေါင်းငုံ့ထားရင်း…
ဒီအသံကို ကြားဖူးပါတယ်။
ခေါင်းမော့ကြည့်လိုက်သည်။
ဟင်…
ချက်ချင်း ခေါင်းပြန်ငုံ့လိုက်ပေမယ့် မမီတော့ပေ။
''ဘေးအိမ်က ကလေးမ''
နှိုင်းထက် နှုတ်ဖျားမှလည်း ထွက်သွားလေ၏။
''ဟုတ်တယ်မလား…ဘေးအိမ်က…''
''ဟုတ်…ဟုတ်ပါတယ် ရှင့်''
''အဟားး…''
သဘောကျသလို ရယ်လိုက်သည်ကြောင့် ပိုး ခေါင်းမဖော်ရဲတော့ပေ။
မန္တလေးရောက်ကတည်းက ဘာလို့ တလွဲတွေ ကြုံနေရတာလဲ။ မနေ့က တစ်မျိုး။ ဒီနေ့က တစ်မျိုး။
မိမိစာကျက်တာကို နှောင့်ယှက်နေပါတယ် ဆိုပြီး ဒေါသတကြီး
သွားအော်မိတဲ့ လူက ဆရာဝန်တဲ့လား။ ဆရာဝန်တောင်မှ
ကိုယ်ရောက်နေသည့် ခွဲစိတ်ကုသဆောင်မှာ
စာသင်ပေးမယ့် ဆရာ။
ခုနက အဝေးကနေမို့ သေချာမမှတ်မိသလို
အသံလည်း မကြားရသေးတာမို့ သတိမထားမိခြင်းဖြစ်သည်။
ခုတော့ ကိုယ့်ရှေ့မှာ…
''ဒါကြောင့် စာအများကြီး ကျက်ရတဲ့ကျောင်းလို့ ပြောတာကိုး''
''…………''
ပိုး ဘာမှ မပြောနိုင်ဘဲ ခေါင်းငုံ့ကာ တိတ်နေလိုက်၏။
ဖြစ်နိုင်ရင် ဒီကနေ ပြေးထွက်သွားချင်ပြီ။
''ကဲ စာအများကြီးကျက်ခဲ့တယ်မလား…
ဟို caseယူထားလိုက်…
10 နာရီခွဲရင် လာခေါ်လှည့်''
ခုနက လူနာကို ထပ်ညွှန်ပြပြီး
ဆရာဝန်များအခန်းထဲဝင်သွားလေ သည်။
''သွားပါပြီ…ငါ့ဘဝ…ငါ့ဘဝတော့  သွားပါပြီ ''😭
ပါးနှစ်ဖက်ကို လက်ဝါးဖြင့် ဖိထားရင်း…ပိုး ထိုင်ချလိုက်သည်။
''နင့်ပါးတွေ အရမ်းနီလာပြီ…ဘာဖြစ်တာလဲ ငါ့ကို ပြောပြစမ်းပါ…
ဆရာနှိုင်းထက်နဲ့ နင် သိတယ်ပေါ့? လာ…လာ…လွယ်အိတ်တွေ
အရင်သွားထားရအောင်''
မကွေးဆေးတက္ကသိုလ်ကို ပြန်ပြောင်းချင်ပြီ ဖေဖေရေ့…
ဒီစရောက်ကတည်းက ဘာလို့ တလွဲတွေပဲ လုပ်မိနေရတာလဲ…
ဘာလို့လဲ။😣😣
……………>>>>>>>
''ဟား ရယ်ရတယ်…''
''ရယ်ချင်ရင် တစ်ယောက်တည်းရယ်…အသံမကျယ်နဲ့ ''
''မင်းရာ…ဘာကိစ္စလဲ မသိချင်ဘူးလား''
''မသိချင်ဘူး''
ပြောပြီး ကြည့်လက်စ လူနာမှတ်တမ်းကို ကြည့်နေ၏။
''မနေ့ညက အိမ်ရှေ့မှာ ငါ ဂီတာတီးတာကို လာပြောတဲ့
ကလေးမလေ…ဒီ ward(လူနာဆောင်) ရောက်နေတယ်…''
မင်း တစ်ချက်မော့ကြည့်ခဲ့သည်။
ပြီးတော့ လုပ်လက်စကို ပြန်လုပ်နေ၏။
''အလှပြင်ထားတာလည်း လွန်ရော…
ပါးနှစ်ဖက်လုံးကို အနီရောင်တွေ တအားလိမ်းထားတာ''
ထိုစကားကြောင့် မနေ့က မျက်နှာလေးတစ်ခု
အတွေးထဲပေါ်လာသည်။
ကိုယ့်ကို လာတိုက်မိတဲ့ ကျောင်းသူ တစ်ယောက်။
မော့ကြည့်လာသည့် သူမရဲ့ ပါးနှစ်ဖက်လုံးက
တရုတ်မက်မွန်သီးလို နီရဲတွတ်နေ၏။
ငယ်ငယ်တုန်းက ဖောင်းဖောင်းနှင့် နီနီရဲရဲ ပါးပိုင်ရှင်လေး
တစ်ယောက် အတွေးထဲဝင်လာ၏။
''မီးမီးက ရှက်ရင် ပါးတွေ အရမ်းနီလာတာ…''
''ကိုကို့ကို တွေ့ရင်လည်း ပါးတွေ ခဏခဏနီတယ်''
ဆိုပြီး ခဏခဏ ပြောတတ်တဲ့
ချစ်စရာ ကလေးမလေးတစ်ယောက်။
''ဒီချိန်ဆို မင်း ဘယ်အရွယ်ရောက်နေပြီလဲ''
စိတ်ထဲမှာသာ ရေရွတ်မိသည်။
ပြီးတော့ နာရီကြည့်လိုက်သည်။
ခွဲခန်းဝင်ရမည့် အချိန်။
စားပွဲပေါ်က လူနာမှတ်တမ်းကို ကိုင်ပြီး
မင်း ထရပ်လိုက်သည်။
''ဟေ့ကောင်…ခွဲခန်း ဝင်တော့မှာလား''
''အေး''
တစ်ချက်သာ ဖြေပြီး အခန်းပြင်ထွက်ခဲ့လေသည်။
…………………>>>>>
အခန်း ၃ ဆက်ရန်
နောက်ကျသွားတာ ဆောရီးနော်
မတ်မတ်ပန်းချီ🌹
အခန်း (၂)
…………………………………………………
တွေ့ပြီ။ ''စာသင်ခန်း'' ဆိုသည့် ဆိုင်း ဘုတ်လေးနှင့် အခန်းလေး။
ဆေးရုံထဲမှာမှ စာသင်ခန်းလေးက လူနာဆောင်တွေကြားထဲ
ရောက်နေသည်။
အင်းလေ…ဒါမှ စာသင်ရင်း လူနာတွေကို စမ်းသပ်လို့ရမှာပေါ့။
မကွေးဆေးရုံကြီးထဲမှာဆို ဒီလောက်ပြည့်ပြည့်စုံစုံ မရှိပေ။
ဒီလို သင်ရမှာကို တွေးပျော်ရင်း အခန်းထဲဝင်သွားလေသည်။
………>>>>>>
''ကဲ ဒါဆို သိလောက်ပြီမလား…ဒီမှာ သင်တာနဲ့မလုံလောက်ဘူး…
မေးလည်း တစ်လုံးမှ မရဘူး မင်းတို့တွေ…ဒီရောက်မှ
လာဖတ်တော့ လူနာစမ်းဖို့ မင်းတို့မှာ အချိန်ဘယ်ရမလဲ…
အိမ်မှာ ဖတ်ခဲ့မှ ဒီမှာ လူနာတွေနဲ့ တစ်ခါတည်း
စမ်းလို့ရမှာပေါ့…Roll call ပေးမယ်…''
ဆရာက စကားကို တရစပ် ပြောကာ…နာမည်စခေါ်လိုက်၏။
''မပိုးဒါလီ…''
ရှေ့ဆုံးတန်းက ကောင်မလေး လက်ထောင်လိုက်သည်။
''မောင်ပိုင်စိုးသူ…''
''မောင်ပြည့်စုံအောင်…''
နားထောင်နေရင်း ကိုယ့်နာမည် ပါမလာသဖြင့်…
''ဆရာ…သမီးနာမည်ကျော်သွားတယ
ပိုး ထရပ်ပြီးပြောလိုက်၏။
''ဟုတ်လား…နာမည်ဘယ်လိုခေါ်လဲ
''ပိုးသားဖြူပါ''
''ပိုးသားဖြူ…?
ဆရာက တစ်ချက်ကြည့်ပြီး…
''မပါပါဘူး…ခုံနံပါတ်ဘယ်လော
''192 ပါ''
''192 က မောင်ပြည့်စုံအောင်လေ''
''ရှင်''
ပိုး ဖျတ်ခနဲ သိလိုက်ပြီ။ တစ်ခုခုမှားနေပြီဆိုတာ။
''သမီးက ဘယ်အတန်းကလဲ''
''ရှင်!''
ဘာပြောရမှန်းမသိဖြစ်သွား၏။ အတန်းမှားတာလား။
ဒီလို ဆိုရင် ရှက်စရာကောင်းလိုက်တာ။
ပါးပြင်တွေလည်း ရဲတက်လာ၏။
မတ်တပ်ထရပ်ကာ ကိုယ့်ပါး နှစ်ဖက်ကို လက်နဲ့ ဖိထားမိသည်။
''ဘယ်အတန်းကလဲ ဖြေလေ''
''ဟို…Final Part 2 တန်းက ပါ''
တုန်တုန်ယင်ယင်နှင့်ပြောလို
''ရော်…ဒါက Final Part 1 တန်းလေ…
ဒီလောက်တက်လာတာ နှစ်တွေ ကြာပြီ ခုထိ
မသိသေးတာတော့မဟုတ်ဘူးထင်တယ်
''ဟုတ်ကဲ့…ဟို…ခုနက…''
ခုနက ခုံနံပါတ်မေးမိလိုက်သည့် ပိုးဒါလီ ဆိုသူကို
လှည့်ကြည့်လိုက်မိသည်။ အကုန်လုံးက ကိုယ့်ကို ကြည့်ပြီး
ရယ်ချင်စိတ်ကို ထိန်းထားရသည့် အမူအယာမျိုးတွေနှင့်…
ပိုး ဘာမှဆက်မပြောဘဲ ခေါင်းငုံ့ထားလိုက်မိသည်။
''သမီးသွားဦးမယ် ဆရာ''
ကိုယ့်လွယ်အိတ်ကို ကောက်ယူပြီး စာသင်ခန်းလေးထဲမှ
ပြေးထွက်သွားလေသည်။
''အင့်…ဘုတ်''
ဖြစ်ရပြန်ပြီ။ အခန်းပြင်ထွက်ထွက်ချင်း…
''တောင်းပန်ပါတယ်… တောင်းပန်ပါတယ်ရှင့်''
အပေါ်ကို မော့မကြည့်ဘဲ ကျသွားသည့်
သူမရဲ့ စာအုပ်တွေကိုသာ ကောက်နေ၏။
''ဘယ်အတန်းကလဲ''
သြရှရှ အသံတစ်ခုကို ကြားလိုက်ရ၏။
ကိုယ်တိုက်မိလိုက်တဲ့ တစ်ယောက် ထံမှလား။
မော့ကြည့်လိုက်ကာမှ…
''လူနာဆောင်ထဲ ဒီလို ပြေးလွှားနေတာ ဘယ်သူသင်ပေးတာလဲ…
မင်းပြေးတာ အရေးမကြီးဘူး နဂိုကတည်းက မကျန်းမာတဲ့
လူနာတွေနဲ့ တိုက်မိသွားရင်…ကျစ်!''
မင်း စုတ်သပ်ပြီး တစ်ဖက်ကို လှည့်လိုက်သည်။
တော်သေးသည်။ အပ်ထိုးနေသည့် အချိန်မဟုတ်လို့သာ။
လူနာ့ သွေးကြောတွေ အရမ်းသေးပြီး ရှာမရလို့ ဟု သူနာပြု
ဆရာမတွေ လာပြောသဖြင့် ကိုယ်တိုင် လာလုပ်ရခြင်းဖြစ်သည်။
သူမပြေးထွက်လာသည့်အချိန် ကိုယ်က မြင်လိုက်လို့သာ…
မဟုတ်လျှင် လူနာအတွက် ၂ ခါနာဖြစ်သွားနိုင်သည်။
အနားကုတင်က လူနာတွေကလည်း ပြူတစ်ပြူတစ်
လှည့်ကြည့်ကြ၏။
မင်း ဘေးမှာ ဝိုင်းနေကြသည့် ဆရာဝန်ပေါက်စတချို့ကလည်း
ပိုးကို ကြည့်နေကြသည်။
ပိုး ဖြည်းငြင်းစွာ ထရပ်လိုက်သည်။
''တောင်းပန်ပါတယ် ဆရာ''
မျက်နှာကို ငုံ့ထားရင်း…မျက်ရည်ပူတို့က
မင်း ဘာမှမပြောတော့ဘဲ လုပ်လက်စ ဆက်လုပ်နေလိုက်သဖြင့်…
ပိုး အားလုံးကို ရှောင်ပြီး ထိုလူနာဆောင်မှ
ရအောင်ထွက်ခဲ့လေသည်။
လူကြီး လူငယ်အားလုံး အစ ဂိတ်ပေါက်စောင့်အဆုံး
ကိုယ့်ကို ကြည့်နေကြသလို ခံစားရသည်။
အင်း…ကြည့်မှာပေါ့။
ကိုယ့်ပါးနှစ်ဖက် ဘယ်လောက်တောင် နီမြန်းနေပြီဆိုတာ
အသိဆုံးဖြစ်၏။
……………………>>>>
''ငါရောက်တော့မှာလို့ပြောသာ
အရှက်ကွဲခဲ့ပြီမလား''
''ငါမေးသားပဲ စံ…ပိုးဒါလီ ဆိုတဲ့ကလေးမက သူ့ခုံနံပါတ်
190ဆိုလို့ ငါလည်း သူတို့အဖွဲ့ထဲပါမယ်ထင်လို့
ဝင်သင်လိုက်တာလေ…''
''သူတို့ ဘယ်အတန်းကလဲ ဆိုတာ နင်မေးလို့လား''
''ဒါကတော့……
ရုပ်ရင့်တွေနဲ့ဆိုတော့ အတန်းကြီးလို့ ထင်သွားတာပေါ့''
ပြည့်ပြည့်စံ တစ်ယောက် ပိုးကို စိတ်မကောင်းသလို ကြည့်ပြီး…
''ဟင်း…ဒါတော့ သူတို့အပြစ်မဟုတ်ဘူးလေ''
''အေးပါ ငါလည်း ဘာမှမပြောပါဘူး''
''''''''လူနာဆောင်ထဲ ဒီလို ပြေးလွှားနေတာ ဘယ်သူသင်ပေးတာလဲ…
မင်းပြေးတာ အရေးမကြီးဘူး နဂိုကတည်းက မကျန်းမာတဲ့
လူနာတွေနဲ့ တိုက်မိသွားရင်…ကျစ်!''''''
စံနှင့် ပြောနေရင်း ထိုစကားကို ပြန်ကြားယောင်လာ၏။
စံကိုတောင် ဒီအကြောင်း ပြောမပြသေးပေ။
အပြင်မှာသာ ကြံ့ခိုင်သလိုနှင့် တချို့နေရာမှာ
ဘယ်လောက်တောင်ယအားငယ်တတ်တယ်
ကိုယ်ကိုယ်တိုင်သာ သိ၏။
ပိုးကရော တမင်လုပ်လို့လား။ မှားတယ် ထားပါဦး။
လူနာတွေရှေ့ …သူနာပြုတွေ…ဆရာဝန်တွေ ရှေ့မှာ
ကျောင်းသူတစ်ယောက်ကို ဒီလို မဆူသင့်ဘူးဟု ထင်သည်။
တွေးရင်း တနုံ့နုံ့ ခံပြင်းလာ၏။
''ငါသာ ဆရာဝန် ဖြစ်ရင်…'' ဆိုသည့် အတွေး…
………………>>>>>>>>>>>>>>>>>>>>
''ငါပြောပြမယ်…ဒီ surgery ward (ခွဲစိတ်ကုသဆောင်)
မှာလေ…ဆရာချောချောလေး ရှိတယ်''
ဆေးရုံဝင်းထဲ လမ်းလျှောက်ဝင်လာရင်း စံ က စကားစလေသည်။
ချောချောလေး ဟုကြားလိုက်တာနှင့် မနေ့က မျက်နှာတစ်ခုကို
တန်းမြင်မိ၏။ အာ…ကိုယ့်ခေါင်းကို ပြန်ခါလိုက်သည်။
''ဟိုမှာ…ဟိုမှာကြည့်…''
တစ်ဖက်မှာလာနေသည့်
ယောက်ျားတစ်ယောက်…
''နင့်လက်က သိမ်းလိုက်စမ်းပါဟာ…အိနြေ္ဒမ
…ယောက်ျားတစ်ယောက်ကို လက်ညိုးထိုးနေတာ''
''ဟဲ့…ကိုယ့်ဆရာကိုယ် ထိုးတာ…အဲ လက်ညိုးထိုးတာ
ဘာဖြစ်လဲ…အဲဒါ ငါတို့ကို သင်တဲ့ဆရာဆိုတာ နင့်ကို
ပြောပြတဲ့သဘောပဲလေ''
''အဲလိုသဘောချည်း မဟုတ်ဘူးဆိုတာ ငါသိတယ်''
ပိုး မျက်စောင်းထိုးကာ ပြောလိုက်၏။
''လာ…လာ…ဆရာနဲ့မီအောင် လှေကား လိုက်တက်ရအောင်''
အတင်းဆွဲခေါ်တဲ့အတိုင်း ပိုးပါသွားကာ…
လှေကားထစ်တွေကို စတိုင်ကျကျ တက်သွားသည့်
ဆရာ ဆိုသည့်လူနောက်မှာ ကပ်ရပ် လိုက်တက်၏။
''မင်း…ရော့ ကျေးဇူးပဲ''
ဆရာဝန်များ အခန်း ထဲမှ ထွက်လာသည့်
တစ်ယောက်ကို မြင်တော့ ပိုးခြေလှမ်းတွေ ချက်ချင်းရပ်သွား၏။
''တွေ့လား…တွေ့လား…အဲဒါ ဒေါက်တာ မင်းသူရိန်…ခုနက
ငါတို့လိုက်ခဲ့တဲ့ဆရာက ဒေါက်တာ နှိုင်းထက်သာ…
နှစ်ယောက်လုံး…ဟဲ့ဟဲ့…ဆရာမင
အယ် မျက်မှောင်ကုတ်သွားပြီ ကြည့်ဦး…
ခဏနေ စာသင်ရင် စာမေးခံရတော့မယ်ထင်တယ်''
စံတစ်ယောက် ကုတ်ကုတ်နှင့် ဘာတွေပြောနေသည်မသိ။
ပိုးကတော့ ဆရာမင်း ဆိုသူကို တွေ့တွေ့ချင်း ပါးပြင်တွေ
နီရဲတက်လာ၏။
ပြီးတော့ အကြည့်လွဲကာ အောက်ငုံ့ထားလိုက်မိသည်။
…………
''ဘာလဲ''
မင်း မျက်မှောင်ကုတ်လိုက်သည့်
ဘက်ကို နှိုင်းထက် လှည့်ကြည့်လိုက်သည်။
''ဘာဖြစ်လို့လဲ…မင်းနဲ့သိလိ
''မသိဘူး''
တစ်ခွန်းတည်းပြောပြီး အခန်းထဲပြန်ဝင်သွားလေ၏။
နှိုင်းထက် လည်း အခန်းထဲ ပြန်အဝင်မှာ…
ဂျူတီကုတ် နဲ့ စာအုပ်တို့ ပွေ့ပိုက်ထားသည့် ကျောင်းသူ
နှစ်ယောက်ဘက်ကို တစ်ချက် လှည့်ကြည့်ပြန်၏။
''ဟဲ့ ဆရာ ငါတို့ဘက်လာနေပြီ''
စံက တီးတိုးပြောကာ နေရာမရွေ့ဘဲ ရပ်နေလိုက်သည်။
''မင်းတို့ ဘာရပ်လုပ်နေလဲ''
''ရှင်!''
''Final part 2 တွေမလား…ဘယ်နှယောက် ရောက်ပြီလဲ''
အနီးအနားကို ဝေ့ကြည့်ပြီးပြော၏။
''သမီးတို့ နှစ်ယောက်ပဲ ရောက်သေးတာ ဆရာ''
''ဒါဆို ဒီ case ယူထားလိုက်…
မနေ့ညက ကားတိုက်ခံရပြီး ရောက်လာတာ''
အနားမှာရှိတဲ့ လူနာကုတင်တစ်ခုကို ညွှန်ပြပြီး ပြော၏။
ပိုး ခေါင်းငုံ့ထားရင်း…
ဒီအသံကို ကြားဖူးပါတယ်။
ခေါင်းမော့ကြည့်လိုက်သည်။
ဟင်…
ချက်ချင်း ခေါင်းပြန်ငုံ့လိုက်ပေမယ့် မမီတော့ပေ။
''ဘေးအိမ်က ကလေးမ''
နှိုင်းထက် နှုတ်ဖျားမှလည်း ထွက်သွားလေ၏။
''ဟုတ်တယ်မလား…ဘေးအိမ်က…''
''ဟုတ်…ဟုတ်ပါတယ် ရှင့်''
''အဟားး…''
သဘောကျသလို ရယ်လိုက်သည်ကြောင့် ပိုး ခေါင်းမဖော်ရဲတော့ပေ။
မန္တလေးရောက်ကတည်းက ဘာလို့ တလွဲတွေ ကြုံနေရတာလဲ။ မနေ့က တစ်မျိုး။ ဒီနေ့က တစ်မျိုး။
မိမိစာကျက်တာကို နှောင့်ယှက်နေပါတယ် ဆိုပြီး ဒေါသတကြီး
သွားအော်မိတဲ့ လူက ဆရာဝန်တဲ့လား။ ဆရာဝန်တောင်မှ
ကိုယ်ရောက်နေသည့် ခွဲစိတ်ကုသဆောင်မှာ
စာသင်ပေးမယ့် ဆရာ။
ခုနက အဝေးကနေမို့ သေချာမမှတ်မိသလို
အသံလည်း မကြားရသေးတာမို့ သတိမထားမိခြင်းဖြစ်သည်။
ခုတော့ ကိုယ့်ရှေ့မှာ…
''ဒါကြောင့် စာအများကြီး ကျက်ရတဲ့ကျောင်းလို့ ပြောတာကိုး''
''…………''
ပိုး ဘာမှ မပြောနိုင်ဘဲ ခေါင်းငုံ့ကာ တိတ်နေလိုက်၏။
ဖြစ်နိုင်ရင် ဒီကနေ ပြေးထွက်သွားချင်ပြီ။
''ကဲ စာအများကြီးကျက်ခဲ့တယ်မလား…
ဟို caseယူထားလိုက်…
10 နာရီခွဲရင် လာခေါ်လှည့်''
ခုနက လူနာကို ထပ်ညွှန်ပြပြီး
ဆရာဝန်များအခန်းထဲဝင်သွားလေ
''သွားပါပြီ…ငါ့ဘဝ…ငါ့ဘဝတော
ပါးနှစ်ဖက်ကို လက်ဝါးဖြင့် ဖိထားရင်း…ပိုး ထိုင်ချလိုက်သည်။
''နင့်ပါးတွေ အရမ်းနီလာပြီ…ဘာဖြစ်တာလဲ ငါ့ကို ပြောပြစမ်းပါ…
ဆရာနှိုင်းထက်နဲ့ နင် သိတယ်ပေါ့? လာ…လာ…လွယ်အိတ်တွေ
အရင်သွားထားရအောင်''
မကွေးဆေးတက္ကသိုလ်ကို ပြန်ပြောင်းချင်ပြီ ဖေဖေရေ့…
ဒီစရောက်ကတည်းက ဘာလို့ တလွဲတွေပဲ လုပ်မိနေရတာလဲ…
ဘာလို့လဲ။😣😣
……………>>>>>>>
''ဟား ရယ်ရတယ်…''
''ရယ်ချင်ရင် တစ်ယောက်တည်းရယ်…အသံမကျယ်နဲ