ထာဝရ မင်း
အခန်း (၃)
…………………………………………
''နာလား…နာတဲ့နေရာရှိရင် ချက်ချင်းပြောနော်''
ခွဲခန်းဝတ်စုံ ခါးစည်းကြိုးကို စည်းပြီး လျှောက်လာရင်း
အသံကြောင့် မင်း လှည့်ကြည့်လိုကိသည်။
လူနာကုတင်ဘေးမှာ ဝိုင်းအုံကြည့်နေကြသည့်
ကျောင်းသူ ကျောင်းသားတွေ…
ပြီးတော့ စမ်းသပ်နေသူက သူမ…
ခုနတုန်းကလို နီမြန်းနေသည့် ပါးပြင် မရှိတော့ပေ။
ဆံပင်ရှည်ရှည်ကို ခပ်မြင့်မြင့်စည်းကာ
အမျှင်ပိုလေးတွေက ကပိုကရိုနှင့် နဖူးဝန်းကျင်မှာ ဝဲကျနေ၏။
''အ…နာတယ်''
''ရှင်…ဘယ်နား…ဟယ်…သွေးတွေထွက်ခဲ့ပြီ''
ရင်အုံမှာ ပိုက်ထိုးထားသည့် နေရာမှ သွေးတွေ စိမ့်ထွက်လာ၏။
ပိုး ဘာလုပ်ရမှန်းမသိဖြစ်ကာ ပူထူသွားလေသည်။
ထရပ်လိုက်တော့…
''ဟင်''
ဟို ဆရာ။
သူမတို့ ဝိုင်းအုံနေသည့်အနားသို့
မင်း အလျင်အမြန်ရောက်သွားလေသည်။
''ဆရာမ တစ်ယောက်လောက်ခေါ်ခဲ့''
''ရှင်!!''
ရုတ်တရက် ပိုး နားမလည်ဖြစ်ကာ…
အနားက တခြား ကျောင်းသူကျောင်းသားတွေကို
ဝေ့ကြည့်လိုက်မိသည်။
''မကြားဘူးလား…ဟိုနားမှာ သူနာပြုတွေရှိတယ်''
''ရှင်…ဟုတ်…ဟုတ်ကဲ့''
ကြောင်တောင်တောင်နှင့် သူနာပြုခေါ်ရန် ထွက်ခဲ့လေသည်။
…………………>>>>>>>
''ရပြီ…ထပ်မခွာသေးနဲ့ဦး ခင်ဗျားရဲ့ အနာကို''
''ကျွန်တော်ခွာတာ မဟုတ်ဘူးလေ ဆရာ…ဒီဆရာမ ခွာလိုက်တာ''
လူနာက မင်း' ဘေးမှာ ရပ်နေသည့် ပိုးကို
လက်ညိုးထိုးပြကာ ရှုံ့မဲ့စွာပြော၏။
ပိုး ခေါင်းကို ငုံ့ထားမိသည်။
မင်း' သက်ပြင်းတစ်ချက် အရင်ချကာ…
''ဒီ case ကို ဘယ်သူပေးထားတာလဲ''
''ဆရာ နှိုင်းထက်သာ ပါ''
ကျောင်းသူတွေအားလုံးက ပါးစပ်လေးမလှုပ်တလှုပ်ပြောကြသ ည်။
''ဒီ wound(အနာ) ကို ခွာပြီး စမ်းခိုင်းတယ်လား''
''…………''
ဘယ်သူမှ အသံမထွက်ပေ။
ထိုစဉ် ပိုးက…
''ဘာမှမပြောသွားဘူး ဆရာ…
ပြီးတော့ လူနာကို မေးကြည့်တာ ခွာလို့ရလားဆိုတော့
ရတယ်ပြောလို့''
''လူနာက မင်းဆရာလား…လူနာပြောတိုင်း လိုက်လုပ်လို့ရသလား''
ပိုး ပါးစပ်လေးပိတ်ကာ ခေါင်းကို ထပ်ငုံ့ထားလိုက်သည်။
''တော်ပြီ တော်ပြီ …သင်မယ်ဆို နှိုင်းထက်ကို သွားခေါ်ခဲ့တော့''
စိတ်ပျက်သလို တစ်ချက်သာ ပြောပြီး ထိုနေရာမှ
ထွက်သွားလေသည်။
''ဆရာကလည်း စိတ်မရှည်လိုက်တာ''
''အေးလေ ငါတို့က ဆရာဝန်မှမဖြစ်သေးတာ
ဒီလို လုပ်လို့ရမရ ဘယ်သိမလဲ''
''ဆရာမင်းက ရုပ်လေးချောသလောက် စိတ်တိုလွယ်တယ်နော်''
အားလုံးက တစ်ယောက်တစ်ပေါက်ပြောနေကြပေ မယ့်…
''ပိုး အဆင်ပြေလား''
''ငါဘာမှမဖြစ်ပါဘူး…အဟင်း''
ခပ်တိုးတိုး ရယ်ပြသံမှာ အားမပါတာ သိသည်။
တခြားနေရာမှာသာ စွာတတ်တာ။
ဒီလိုနေရာမှာဆို နင် ဘယ်လောက်ရှက်တတ်တာ ။
ငါသိသားပဲ ပိုးရယ်။
……………>>>>>>>>>>>>
နဖူးပေါ်က ချွေးစကို သုတ်ပစ်လိုက်သည်။
ခွဲစိတ်ခြင်း အဆင်ပြေပြေပြီးခဲ့တယ်
ဆိုပေမယ့် ကိုယ့်စိတ်က အနည်းငယ် ပျံလွင့်နေခဲ့တာ သိ၏။
ဒါ ခုနက ခွဲခန်းမဝင်ခင်လေးမှာ ဖြစ်သွားတဲ့ ကိစ္စကြောင့်ဖြစ်သည်။
စိတ်ကို အတည်ငြိမ်ဆုံးထားရမည့် အခြေအနေမှာ
ကိုယ်က စိတ်ထင့်သွားသည်ကိုး။
ဘာဖြစ်ဖြစ် အဆင်ပြေပြေပြီးသွားခဲ့တာ တော်သေးသည်ပေါ့။
……………>>>>>>>>>>>>>>>>>>>>> >>>>>>>
''ဟင်''
ခြံဝင်းတံခါးကို ဖွင့်နေရင်း တစ်ဖက်ခြံကို လှည့်ကြည့်မိတော့…
ပိုး ကိုယ့်မျက်နှာကို ကွယ်ထားလိုက်သည်။
ဆရာလည်း ဒီဘက်ဘေးအိမ်မှာ နေတာလား။
ဒါဆို ဆရာနှိုင်းထက်နဲ့ အတူနေတာပေါ့။
သွားပြန်ပြီ။
ကိုယ်တလွဲတွေ သွားလုပ်ထားခဲ့တဲ့ ဆရာနှစ်ယောက်နဲ့
ခြံချင်းကပ်ရပ်တဲ့လား…
စိတ်ရှုတ်စွာ ကိုယ့်ဆံပင်ကို ဖွလိုက်မိသည်။
ဘယ်လို ရေစက်ပါလိမ့်။
………>>>>>¢>>>>>>>>>>>>>
''ရောက်ပြီလား…ဒီမှာ ကြည့်ဦး…ဖြစ်ရပြန်ပြီ ပြဿနာ''
ဟီးရိုး ကို အမွေးပွတ်ပေးလျက်…
နှိုင်းထက်က ဧည့်ခန်းထဲမှာ ရှိသည့် တီဗီကို မေးငေါ့ပြကာ…
''ဒီတစ်ခေါက်တော့ ကြီးကြီးကျယ်ကျယ်ပဲထင်တယ်…
ပေါ့ဆပြီး hourse surgeon(အလုပ်သင် ဆရာဝန်) ကို
တာဝန်ပေးလိုက်လို့ လူနာသေသွားတာတဲ့…''
တီဗီဘက်ကို လှည့်ကြည့်ရင်း အတွေးထဲဝင်လာသည်က…
ပါးပြင်နီရဲရဲနှင့် ထိုကျောင်းသူ။
''မင်းကရော ဒီနေ့ Part 2 တွေကို ဘာလို့
အဲcaseပေးခဲ့တာလဲ…
ခွဲထားတာ လတ်လတ်ဆတ်ဆတ်ပဲရှိသေးတယ်…''
ရုတ်တရက် မေးလိုက်သည်ကြောင့်
နှိုင်းထက် ကြောင်တောင်တောင်ဖြစ်သွားကာ ခဏနေမှ…
''Chest tube လား…ဟုတ်တယ်
ငါမေ့သွားတာ…မင်းတောင် dressing
(ဒဏ်ရာကို ဆေးထည့် ပတ်တီးဖြင့် စည်းပေး)
လုပ်ပေးလိုက်ရသေးတယ်ဆို?''
''ဟုတ်တယ်''
တစ်ခွန်းတည်းပြောပြီး
မင်း' အခန်းထဲဝင်သွားလေသည်။
ခဏကြာတော့ အားကစားဝတ်စုံပြည့်ဖြင့် ပြန်ထွက်ခဲ့လေ၏။
''ဟေ့ကောင် ဘယ်သွားမလို့လဲ…''
''မတွေ့ဘူးလား…ဒီဝတ်စုံနဲ့ ငါ ဘယ်သွားမယ်ထင်လို့လဲ…
ဟီရိုးလာ…သွားမယ်''
ခွေးရဲ့ လည်ပင်းက သားရေကြိုးကို
ဆွဲရင်း ထွက်သွားလေသည်။
''မင်း' ရာ…ကတ်သီးကတ်သပ်တော်တော်ပြောနိုင်တာပဲ…
လော်ကွတ်အနေနဲ့ မေးတာ ငါက…ဟေ့ရောင် စောင့်ဦးလေ…
ငါလည်း လိုက်မယ်…ခွေးတော့ ခေါ်ပြီး ငါ့ကျ မစောင့်ဘူး''
နှိုင်းထက်ပြောနေတုန်း မင်း' က အိမ်ရှေ့ကားထဲကိုတောင်
ရောက်သွားပြီ ဖြစ်သည်။
……………>>>>>>>>>>>>>>>>>>>>
ကျုံးဘေးမှာ အလည်လာသူ လေ့ကျင့်ခန်းလာလုပ်သူများနှ င့်
လမ်းလျှောက်နေသူများ များလှ၏။
''သမီးအဆင်ပြေတယ် ဖေဖေ''
''………………''
''အင်း…တခါတလေ အပြင်မှာဝယ်စားလိုက်တာ…
အချိန်ရရင် ချက်စားတယ်''
''………………''
''အဆင်ပြေတယ် ဖေဖေရဲ့…ဘေးအိမ်က
လူတွေကလည်း လူကောင်းတွေပဲ…''
''အချိုးမပြေတာက လွဲလို့'' ဒါကိုတော့ စိတ်ထဲမှာသာ
ပြောလိုက်၏။
''အင်း…ဒါဆို ဒါပဲနော်…နောက်မှ ထပ်ဆက်လိုက်မယ်''
ဖုန်းချချပြီးချင်း လက်ထဲမှာ ကိုင်ထားသည့်
ပဲနို့ဘူးကို သောက်ရန်ပြင်လိုက်စဉ်…
''အ…အမလေး''
လန့်ဖျတ်၍ ထအော်လိုက်မိသည်။
ကိုယ့်လက်ထဲက ပဲနို့ဘူးကို ပါးစပ်နှင့်
လာကိုက်ယူနေသည့် ခွေးကြီးတစ်ကောင်…
''ရှုး…ဖယ်…''
လက်နဲ့ အတင်း ပုတ်ထုတ်ကာ ဖယ်နေပေမယ့်
ထိုခွေးကြီးက ပဲနို့ဘူးကိုသာ ခဲနေအောင်ကိုက်ထားလေ၏။
ပဲနို့ လေးတစ်ဘူး ပါသွားတာ ဘာမှမဖြစ်ဘူးဆိုပေမယ့်
ဒီလို လုဆွဲတတ်သည့် ခွေးတစ်ကောင်ကို
တမင်မကျွေးချင်တာဖြစ်သည်။
''ပြန်ပေး…ခွေးစုတ်…အင့်…ဘု တ်''
မကြောက်မလန့်နှင့် ခွေးရဲ့ ခေါင်းကို ရိုက်မိ၏။
''ဟီးရိုး…ဟီးရိုး…ရွှတ် ရွှတ်''
''ဟေ့…ရပ်တော့…ရပ်တော့''
အသံတစ်ခုနှင့်အတူ ခန္ဓာကိုယ်ပါ ခါးကနေ ဆွဲမ ခြင်းခံလိုက်ရ၏။
ထိုအခါ မိမိရဲ့ ပဲနို့ဘူးလေး ထိုခွေးရဲ့ ပါးစပ်ထဲပါသွားလေသည်။
''ဖယ်…လွှတ်စမ်းပါ…အ''
စကားပင် မဆုံးလိုက်ခင် ထိုလူက လွှတ်လိုက်သဖြင့်
မထင်မှတ်ဘဲ ပိုး ခွေကျသွားလေ၏။
ဒေါသဖြင့် ချက်ချင်း ထရပ်လိုက်စဉ်…
''ဆရာ''
''မင်း''
သူမရဲ့ မျက်နှာကို တွေ့လိုက်တာနဲ့ မင်း'
မျက်မှောင်ကြုတ်လိုက်မိ၏။
ပိုး လည်း မျက်လုံးလေး ပြူးကာ ရပ်ကြည့်နေမိသည်။
''ဒီတစ်ခါက ဘာဖြစ်ရပြန်ပြီလဲ''
''ရှင်''
''မင်းကိုတွေ့တိုင်း ဘာလို့ ပြဿနာတွေနဲ့ချည်းပဲလဲ…
ခွေးကို ဘာလို့ အတင်းရိုက်နေတာလဲ''
''ဟို…ခွေးက''
''ဟီးရိုးက ပဲနို့ဘူး လုလို့လား…ဟီးရိုး…လာ ဒီကို ခဏ''
ပြောဆိုနေရင်းနှင့် မင်း' က ခွေးကို လှမ်းခေါ်လိုက်ကာ…
''ဆောရီး…ငါမင်းကို ဒီနေ့ ကောင်းကောင်းမတိုက်ခဲ့ရဘူး' '
ခွေးရဲ့ လည်ဆံမွေးတွေကို ပွတ်သပ်ပေးရင်း ပြောနေ၏။
''ဆရာ့ခွေးလား''
''ဟုတ်တယ်…ပြန်လျော်ပေးမယ်… ဆောရီး''
''ရပါတယ်…''
''မရလို့ဘဲ မင်း ပြန်လုနေတာ မဟုတ်လား''
ပိုး ရှက်ရပြန်ပြီ။ ပါးပြင်တွေ ချက်ချင်းရဲတွတ်လာကာ…
ခေါင်းကို ငုံ့ထားလိုက်မိသည်။
''ဒီမှာ ခဏစောင့်ပါ''
ဆိုပြီး မင်း' ထိုနေရာမှ ပြေးထွက်သွားလေသည်။
အနောက်ကနေ ပိုးကြည့်နေမိသည်။
အစင်းသုံးကြောင်းပါ အားကစားဘောင်းဘီရှည်နှင့် ဆွဲသား
ပြာနုရောင်ဆွဲသား တီရှပ်တို့သည် ဆရာ့အသားအရေနှင့်
လိုက်ဖက်စွာ ထင်းနေ၏။
ပိုးတောင် တော်တော် မော့ကြည့်ရသည့်
ထိုအရပ်အမောင်းကလည်း ဒီကျုံးဘေးရှိ
လမ်းလျှောက်နေသူများကြားမှာ ပေါ်လွင်နေ၏။
မသိတဲ့သူဆိုလျှင် ဆရာဝန်လို့တောင် ထင်မည်မဟုတ်ချေ။
ဒီလို ချောမောပြေပြစ်သည့် ရုပ်ရည်ရှိသည့် လူက
ဘာလို့ စိတ်ထားမကောင်းရတာလဲ။
ဘာလို့ ဒီလောက် သဘောထား သေးသိမ်ရတာလဲ။
ဘာလို့ တစ်ပါးသူကို အပေါ်စီးကနေပဲ အမြဲပြောဆိုနေရတာလဲ။
ဆရာက MRCP ဘွဲ့ နှစ်ခုရထားကာ
MSC ဘွဲ့လွန် နောက်ဆုံးနှစ်ဆိုတော့ ပညာမာနကြောင့်လား။
ဆေးရုံမှာ ဆရာ့ထက်ရာထူးကြီးသော ဘွဲ့များစွာရထားသော
ဆရာကြီးများ တစ်ပုံ တစ်ပင်ရှိသည်။
ပြီးတော့ …
ဆရာ့အသက်က ၂၈ လောက်သာရှိဦးမည်။
ပိုးတို့က အခု ၂၃ နှစ်ဆိုတော့ ဘယ်လောက်မှ မကွာတာကို
ဒီလို အဆူခံရတော့ ရှက်သည်လား ခံပြင်းသည်လား မသိတော့ပေ။
သေချာတာတော့ ထိုဆရာနှင့် လုံးဝ
မျက်နှာချင်းမဆိုင်ချင်တော့ တာ ဖြစ်၏။
အတွေးနယ်ချဲ့နေမိစဉ်…
''ရော့''
''ဟို…ပိုးက တစ်ဘူးပဲလေ''
''တစ်ဘူး ခွဲမရောင်းဘူးတဲ့…တစ်ကဒ်လုံးယူသွားလိုက်''
၆ ဘူးပါသည့် ပဲနို့ကတ်ကို ကြည့်ပြီး ပိုး ယူရမလို
မယူရမလိုနှင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေစဥ်…
''ဒီမှာထားလိုက်မယ်''
ထိုင်ခုံမှာ ထိုပဲနို့ကတ်ကို ချထားလိုက်ပြီး မင်း' ဟီးရိုးကို
ဆွဲခေါ်ကာ ထွက်သွားမလိုနဲ့ ပြန်လှည့်လာ၏။
''ဒါနဲ့ မင်းရဲ့ ပါးက ဘာလို့ ဒီလောက်နီနေတာလဲ''
ရုတ်တရက်မေးလာသည်ကြောင့် ပိုး ကိုယ့်ပါးကို
လက်ဖြင့် စမ်းရင်း နှစ်ဖက်လုံးကို အုပ်ထားမိသည်။
''ဘာမှမဖြစ်ပါဘူး…ပူ…ပူလို့ ပါ…ပူလို့…အဟင်း''
ဟုတ်လား ဆိုသည့်သဘောနှင့် မင်း' မျက်ခုံး တစ်ချက်ပင့်ကာ
ပြန်လှည့်သွားလေသည်။
''ရှက်လို့'' လို့များ ပြန်ဖြေခဲ့မလား ထင်မိသေးသည်။
''ပူလို့'' တဲ့။
အင်းလေ…မက်မွန်သီးလေးနဲ့သူမ က ဘယ်လိုသက်ဆိုင်နိုင်မလဲ။
ဘာကြောင့်မှန်းမသိ။
အခုတလောမှာ မက်မွန်သီးလေးက အတွေးထဲ
ခဏခဏ ရောက်လာ၏။ သူမကြောင့်လား…
…………>>>>>>>>>>>>>>>>>>>>>> >>>>
''ဘုတ်''
ယူလာသည့် ပဲနို့ အကတ်လိုက်ကို စားပွဲပေါ်ပစ်ချထားလိုက်၏။
''အဲ ပဲနို့…ငါက ဘာလုပ်ရမှာလဲ…ဘာတဲ့…မရလို့ဘဲ လုနေတာမဟုတ်လား…တဲ့…ခွေးနဲ့ အပြိုင်လုတယ်လို့ ပြောချင်တာလား…
ဟုတ်တယ်လေ…ပဲနို့က ငါ့ဟာလေ…သူ့ခွေးက လာလုတာလေ…သူ့ခွေးဘက်က မှားတာကို ဆောရီး တစ်ခွန်းတည်းပြောပြီး…
သူများကို ပြန်ခနဲ့ချင်သေးတယ်…''
မမြင်ရပေမယ့် တစ်ဖက်ခြံကို မျက်စောင်းထိုးကာ
တစ်ယောက်တည်း တတွတ်တွတ်ပြောနေ၏။
''ဆရာဝန်ဖြစ်ပြီး…လူကြီးလူေ ကာင်းမပီသဘူး''
''ရုပ်ကလေး ချောရဲ့သားနဲ့ စိတ်ထားမကောင်းဘူး''
တစ်ယောက်တည်း ထိုင်ကာ ဆက်ပြောနေပေမယ့်…
ပါးတို့က တဖြည်းဖြည်းရဲတက်လာ၏။
ထိုစဉ်…ရုတ်တရက်…
''အဟင့်…ဟင့်…ဟီးးးးမေမေရေ… ဖေဖေရေ…
သမီးပါးတွေကလည်း ခုတလော ဘာလို့ ခဏခဏနီလာရတာလဲ…
အဟင့်…ဟီးးးး…အဲဒါ အဲ့ဆရာကြောင့်…အဟင့်…ဟီးးးးး''
တစ်ယောက်တည်း အော်ငိုနေတာ…
ဘယ်သူမှ မကြားဘူး မသိဘူး ထင်ပေမယ့်…
……………>>>>>>>>>>>>>>
အခန်း (၄) ဆက်ရန်
မတ်မတ်ပန်းချီ🌹
အခန်း (၃)
…………………………………………
''နာလား…နာတဲ့နေရာရှိရင် ချက်ချင်းပြောနော်''
ခွဲခန်းဝတ်စုံ ခါးစည်းကြိုးကို စည်းပြီး လျှောက်လာရင်း
အသံကြောင့် မင်း လှည့်ကြည့်လိုကိသည်။
လူနာကုတင်ဘေးမှာ ဝိုင်းအုံကြည့်နေကြသည့်
ကျောင်းသူ ကျောင်းသားတွေ…
ပြီးတော့ စမ်းသပ်နေသူက သူမ…
ခုနတုန်းကလို နီမြန်းနေသည့် ပါးပြင် မရှိတော့ပေ။
ဆံပင်ရှည်ရှည်ကို ခပ်မြင့်မြင့်စည်းကာ
အမျှင်ပိုလေးတွေက ကပိုကရိုနှင့် နဖူးဝန်းကျင်မှာ ဝဲကျနေ၏။
''အ…နာတယ်''
''ရှင်…ဘယ်နား…ဟယ်…သွေးတွေထ
ရင်အုံမှာ ပိုက်ထိုးထားသည့် နေရာမှ သွေးတွေ စိမ့်ထွက်လာ၏။
ပိုး ဘာလုပ်ရမှန်းမသိဖြစ်ကာ ပူထူသွားလေသည်။
ထရပ်လိုက်တော့…
''ဟင်''
ဟို ဆရာ။
သူမတို့ ဝိုင်းအုံနေသည့်အနားသို့
မင်း အလျင်အမြန်ရောက်သွားလေသည်။
''ဆရာမ တစ်ယောက်လောက်ခေါ်ခဲ့''
''ရှင်!!''
ရုတ်တရက် ပိုး နားမလည်ဖြစ်ကာ…
အနားက တခြား ကျောင်းသူကျောင်းသားတွေကို
ဝေ့ကြည့်လိုက်မိသည်။
''မကြားဘူးလား…ဟိုနားမှာ သူနာပြုတွေရှိတယ်''
''ရှင်…ဟုတ်…ဟုတ်ကဲ့''
ကြောင်တောင်တောင်နှင့် သူနာပြုခေါ်ရန် ထွက်ခဲ့လေသည်။
…………………>>>>>>>
''ရပြီ…ထပ်မခွာသေးနဲ့ဦး ခင်ဗျားရဲ့ အနာကို''
''ကျွန်တော်ခွာတာ မဟုတ်ဘူးလေ ဆရာ…ဒီဆရာမ ခွာလိုက်တာ''
လူနာက မင်း' ဘေးမှာ ရပ်နေသည့် ပိုးကို
လက်ညိုးထိုးပြကာ ရှုံ့မဲ့စွာပြော၏။
ပိုး ခေါင်းကို ငုံ့ထားမိသည်။
မင်း' သက်ပြင်းတစ်ချက် အရင်ချကာ…
''ဒီ case ကို ဘယ်သူပေးထားတာလဲ''
''ဆရာ နှိုင်းထက်သာ ပါ''
ကျောင်းသူတွေအားလုံးက ပါးစပ်လေးမလှုပ်တလှုပ်ပြောကြသ
''ဒီ wound(အနာ) ကို ခွာပြီး စမ်းခိုင်းတယ်လား''
''…………''
ဘယ်သူမှ အသံမထွက်ပေ။
ထိုစဉ် ပိုးက…
''ဘာမှမပြောသွားဘူး ဆရာ…
ပြီးတော့ လူနာကို မေးကြည့်တာ ခွာလို့ရလားဆိုတော့
ရတယ်ပြောလို့''
''လူနာက မင်းဆရာလား…လူနာပြောတိုင်း လိုက်လုပ်လို့ရသလား''
ပိုး ပါးစပ်လေးပိတ်ကာ ခေါင်းကို ထပ်ငုံ့ထားလိုက်သည်။
''တော်ပြီ တော်ပြီ …သင်မယ်ဆို နှိုင်းထက်ကို သွားခေါ်ခဲ့တော့''
စိတ်ပျက်သလို တစ်ချက်သာ ပြောပြီး ထိုနေရာမှ
ထွက်သွားလေသည်။
''ဆရာကလည်း စိတ်မရှည်လိုက်တာ''
''အေးလေ ငါတို့က ဆရာဝန်မှမဖြစ်သေးတာ
ဒီလို လုပ်လို့ရမရ ဘယ်သိမလဲ''
''ဆရာမင်းက ရုပ်လေးချောသလောက် စိတ်တိုလွယ်တယ်နော်''
အားလုံးက တစ်ယောက်တစ်ပေါက်ပြောနေကြပေ
''ပိုး အဆင်ပြေလား''
''ငါဘာမှမဖြစ်ပါဘူး…အဟင်း''
ခပ်တိုးတိုး ရယ်ပြသံမှာ အားမပါတာ သိသည်။
တခြားနေရာမှာသာ စွာတတ်တာ။
ဒီလိုနေရာမှာဆို နင် ဘယ်လောက်ရှက်တတ်တာ ။
ငါသိသားပဲ ပိုးရယ်။
……………>>>>>>>>>>>>
နဖူးပေါ်က ချွေးစကို သုတ်ပစ်လိုက်သည်။
ခွဲစိတ်ခြင်း အဆင်ပြေပြေပြီးခဲ့တယ်
ဆိုပေမယ့် ကိုယ့်စိတ်က အနည်းငယ် ပျံလွင့်နေခဲ့တာ သိ၏။
ဒါ ခုနက ခွဲခန်းမဝင်ခင်လေးမှာ ဖြစ်သွားတဲ့ ကိစ္စကြောင့်ဖြစ်သည်။
စိတ်ကို အတည်ငြိမ်ဆုံးထားရမည့် အခြေအနေမှာ
ကိုယ်က စိတ်ထင့်သွားသည်ကိုး။
ဘာဖြစ်ဖြစ် အဆင်ပြေပြေပြီးသွားခဲ့တာ တော်သေးသည်ပေါ့။
……………>>>>>>>>>>>>>>>>>>>>>
''ဟင်''
ခြံဝင်းတံခါးကို ဖွင့်နေရင်း တစ်ဖက်ခြံကို လှည့်ကြည့်မိတော့…
ပိုး ကိုယ့်မျက်နှာကို ကွယ်ထားလိုက်သည်။
ဆရာလည်း ဒီဘက်ဘေးအိမ်မှာ နေတာလား။
ဒါဆို ဆရာနှိုင်းထက်နဲ့ အတူနေတာပေါ့။
သွားပြန်ပြီ။
ကိုယ်တလွဲတွေ သွားလုပ်ထားခဲ့တဲ့ ဆရာနှစ်ယောက်နဲ့
ခြံချင်းကပ်ရပ်တဲ့လား…
စိတ်ရှုတ်စွာ ကိုယ့်ဆံပင်ကို ဖွလိုက်မိသည်။
ဘယ်လို ရေစက်ပါလိမ့်။
………>>>>>¢>>>>>>>>>>>>>
''ရောက်ပြီလား…ဒီမှာ ကြည့်ဦး…ဖြစ်ရပြန်ပြီ ပြဿနာ''
ဟီးရိုး ကို အမွေးပွတ်ပေးလျက်…
နှိုင်းထက်က ဧည့်ခန်းထဲမှာ ရှိသည့် တီဗီကို မေးငေါ့ပြကာ…
''ဒီတစ်ခေါက်တော့ ကြီးကြီးကျယ်ကျယ်ပဲထင်တယ်…
ပေါ့ဆပြီး hourse surgeon(အလုပ်သင် ဆရာဝန်) ကို
တာဝန်ပေးလိုက်လို့ လူနာသေသွားတာတဲ့…''
တီဗီဘက်ကို လှည့်ကြည့်ရင်း အတွေးထဲဝင်လာသည်က…
ပါးပြင်နီရဲရဲနှင့် ထိုကျောင်းသူ။
''မင်းကရော ဒီနေ့ Part 2 တွေကို ဘာလို့
အဲcaseပေးခဲ့တာလဲ…
ခွဲထားတာ လတ်လတ်ဆတ်ဆတ်ပဲရှိသေးတယ်…''
ရုတ်တရက် မေးလိုက်သည်ကြောင့်
နှိုင်းထက် ကြောင်တောင်တောင်ဖြစ်သွားကာ
''Chest tube လား…ဟုတ်တယ်
ငါမေ့သွားတာ…မင်းတောင် dressing
(ဒဏ်ရာကို ဆေးထည့် ပတ်တီးဖြင့် စည်းပေး)
လုပ်ပေးလိုက်ရသေးတယ်ဆို?''
''ဟုတ်တယ်''
တစ်ခွန်းတည်းပြောပြီး
မင်း' အခန်းထဲဝင်သွားလေသည်။
ခဏကြာတော့ အားကစားဝတ်စုံပြည့်ဖြင့် ပြန်ထွက်ခဲ့လေ၏။
''ဟေ့ကောင် ဘယ်သွားမလို့လဲ…''
''မတွေ့ဘူးလား…ဒီဝတ်စုံနဲ့ ငါ ဘယ်သွားမယ်ထင်လို့လဲ…
ဟီရိုးလာ…သွားမယ်''
ခွေးရဲ့ လည်ပင်းက သားရေကြိုးကို
ဆွဲရင်း ထွက်သွားလေသည်။
''မင်း' ရာ…ကတ်သီးကတ်သပ်တော်တော်ပြေ
လော်ကွတ်အနေနဲ့ မေးတာ ငါက…ဟေ့ရောင် စောင့်ဦးလေ…
ငါလည်း လိုက်မယ်…ခွေးတော့ ခေါ်ပြီး ငါ့ကျ မစောင့်ဘူး''
နှိုင်းထက်ပြောနေတုန်း မင်း' က အိမ်ရှေ့ကားထဲကိုတောင်
ရောက်သွားပြီ ဖြစ်သည်။
……………>>>>>>>>>>>>>>>>>>>>
ကျုံးဘေးမှာ အလည်လာသူ လေ့ကျင့်ခန်းလာလုပ်သူများနှ
လမ်းလျှောက်နေသူများ များလှ၏။
''သမီးအဆင်ပြေတယ် ဖေဖေ''
''………………''
''အင်း…တခါတလေ အပြင်မှာဝယ်စားလိုက်တာ…
အချိန်ရရင် ချက်စားတယ်''
''………………''
''အဆင်ပြေတယ် ဖေဖေရဲ့…ဘေးအိမ်က
လူတွေကလည်း လူကောင်းတွေပဲ…''
''အချိုးမပြေတာက လွဲလို့'' ဒါကိုတော့ စိတ်ထဲမှာသာ
ပြောလိုက်၏။
''အင်း…ဒါဆို ဒါပဲနော်…နောက်မှ ထပ်ဆက်လိုက်မယ်''
ဖုန်းချချပြီးချင်း လက်ထဲမှာ ကိုင်ထားသည့်
ပဲနို့ဘူးကို သောက်ရန်ပြင်လိုက်စဉ်…
''အ…အမလေး''
လန့်ဖျတ်၍ ထအော်လိုက်မိသည်။
ကိုယ့်လက်ထဲက ပဲနို့ဘူးကို ပါးစပ်နှင့်
လာကိုက်ယူနေသည့် ခွေးကြီးတစ်ကောင်…
''ရှုး…ဖယ်…''
လက်နဲ့ အတင်း ပုတ်ထုတ်ကာ ဖယ်နေပေမယ့်
ထိုခွေးကြီးက ပဲနို့ဘူးကိုသာ ခဲနေအောင်ကိုက်ထားလေ၏။
ပဲနို့ လေးတစ်ဘူး ပါသွားတာ ဘာမှမဖြစ်ဘူးဆိုပေမယ့်
ဒီလို လုဆွဲတတ်သည့် ခွေးတစ်ကောင်ကို
တမင်မကျွေးချင်တာဖြစ်သည်။
''ပြန်ပေး…ခွေးစုတ်…အင့်…ဘု
မကြောက်မလန့်နှင့် ခွေးရဲ့ ခေါင်းကို ရိုက်မိ၏။
''ဟီးရိုး…ဟီးရိုး…ရွှတ် ရွှတ်''
''ဟေ့…ရပ်တော့…ရပ်တော့''
အသံတစ်ခုနှင့်အတူ ခန္ဓာကိုယ်ပါ ခါးကနေ ဆွဲမ ခြင်းခံလိုက်ရ၏။
ထိုအခါ မိမိရဲ့ ပဲနို့ဘူးလေး ထိုခွေးရဲ့ ပါးစပ်ထဲပါသွားလေသည်။
''ဖယ်…လွှတ်စမ်းပါ…အ''
စကားပင် မဆုံးလိုက်ခင် ထိုလူက လွှတ်လိုက်သဖြင့်
မထင်မှတ်ဘဲ ပိုး ခွေကျသွားလေ၏။
ဒေါသဖြင့် ချက်ချင်း ထရပ်လိုက်စဉ်…
''ဆရာ''
''မင်း''
သူမရဲ့ မျက်နှာကို တွေ့လိုက်တာနဲ့ မင်း'
မျက်မှောင်ကြုတ်လိုက်မိ၏။
ပိုး လည်း မျက်လုံးလေး ပြူးကာ ရပ်ကြည့်နေမိသည်။
''ဒီတစ်ခါက ဘာဖြစ်ရပြန်ပြီလဲ''
''ရှင်''
''မင်းကိုတွေ့တိုင်း ဘာလို့ ပြဿနာတွေနဲ့ချည်းပဲလဲ…
ခွေးကို ဘာလို့ အတင်းရိုက်နေတာလဲ''
''ဟို…ခွေးက''
''ဟီးရိုးက ပဲနို့ဘူး လုလို့လား…ဟီးရိုး…လာ ဒီကို ခဏ''
ပြောဆိုနေရင်းနှင့် မင်း' က ခွေးကို လှမ်းခေါ်လိုက်ကာ…
''ဆောရီး…ငါမင်းကို ဒီနေ့ ကောင်းကောင်းမတိုက်ခဲ့ရဘူး'
ခွေးရဲ့ လည်ဆံမွေးတွေကို ပွတ်သပ်ပေးရင်း ပြောနေ၏။
''ဆရာ့ခွေးလား''
''ဟုတ်တယ်…ပြန်လျော်ပေးမယ်…
''ရပါတယ်…''
''မရလို့ဘဲ မင်း ပြန်လုနေတာ မဟုတ်လား''
ပိုး ရှက်ရပြန်ပြီ။ ပါးပြင်တွေ ချက်ချင်းရဲတွတ်လာကာ…
ခေါင်းကို ငုံ့ထားလိုက်မိသည်။
''ဒီမှာ ခဏစောင့်ပါ''
ဆိုပြီး မင်း' ထိုနေရာမှ ပြေးထွက်သွားလေသည်။
အနောက်ကနေ ပိုးကြည့်နေမိသည်။
အစင်းသုံးကြောင်းပါ အားကစားဘောင်းဘီရှည်နှင့် ဆွဲသား
ပြာနုရောင်ဆွဲသား တီရှပ်တို့သည် ဆရာ့အသားအရေနှင့်
လိုက်ဖက်စွာ ထင်းနေ၏။
ပိုးတောင် တော်တော် မော့ကြည့်ရသည့်
ထိုအရပ်အမောင်းကလည်း ဒီကျုံးဘေးရှိ
လမ်းလျှောက်နေသူများကြားမှာ
မသိတဲ့သူဆိုလျှင် ဆရာဝန်လို့တောင် ထင်မည်မဟုတ်ချေ။
ဒီလို ချောမောပြေပြစ်သည့် ရုပ်ရည်ရှိသည့် လူက
ဘာလို့ စိတ်ထားမကောင်းရတာလဲ။
ဘာလို့ ဒီလောက် သဘောထား သေးသိမ်ရတာလဲ။
ဘာလို့ တစ်ပါးသူကို အပေါ်စီးကနေပဲ အမြဲပြောဆိုနေရတာလဲ။
ဆရာက MRCP ဘွဲ့ နှစ်ခုရထားကာ
MSC ဘွဲ့လွန် နောက်ဆုံးနှစ်ဆိုတော့ ပညာမာနကြောင့်လား။
ဆေးရုံမှာ ဆရာ့ထက်ရာထူးကြီးသော ဘွဲ့များစွာရထားသော
ဆရာကြီးများ တစ်ပုံ တစ်ပင်ရှိသည်။
ပြီးတော့ …
ဆရာ့အသက်က ၂၈ လောက်သာရှိဦးမည်။
ပိုးတို့က အခု ၂၃ နှစ်ဆိုတော့ ဘယ်လောက်မှ မကွာတာကို
ဒီလို အဆူခံရတော့ ရှက်သည်လား ခံပြင်းသည်လား မသိတော့ပေ။
သေချာတာတော့ ထိုဆရာနှင့် လုံးဝ
မျက်နှာချင်းမဆိုင်ချင်တော့
အတွေးနယ်ချဲ့နေမိစဉ်…
''ရော့''
''ဟို…ပိုးက တစ်ဘူးပဲလေ''
''တစ်ဘူး ခွဲမရောင်းဘူးတဲ့…တစ်ကဒ်လုံ
၆ ဘူးပါသည့် ပဲနို့ကတ်ကို ကြည့်ပြီး ပိုး ယူရမလို
မယူရမလိုနှင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေစဥ
''ဒီမှာထားလိုက်မယ်''
ထိုင်ခုံမှာ ထိုပဲနို့ကတ်ကို ချထားလိုက်ပြီး မင်း' ဟီးရိုးကို
ဆွဲခေါ်ကာ ထွက်သွားမလိုနဲ့ ပြန်လှည့်လာ၏။
''ဒါနဲ့ မင်းရဲ့ ပါးက ဘာလို့ ဒီလောက်နီနေတာလဲ''
ရုတ်တရက်မေးလာသည်ကြောင့် ပိုး ကိုယ့်ပါးကို
လက်ဖြင့် စမ်းရင်း နှစ်ဖက်လုံးကို အုပ်ထားမိသည်။
''ဘာမှမဖြစ်ပါဘူး…ပူ…ပူလို့
ဟုတ်လား ဆိုသည့်သဘောနှင့် မင်း' မျက်ခုံး တစ်ချက်ပင့်ကာ
ပြန်လှည့်သွားလေသည်။
''ရှက်လို့'' လို့များ ပြန်ဖြေခဲ့မလား ထင်မိသေးသည်။
''ပူလို့'' တဲ့။
အင်းလေ…မက်မွန်သီးလေးနဲ့သူမ
ဘာကြောင့်မှန်းမသိ။
အခုတလောမှာ မက်မွန်သီးလေးက အတွေးထဲ
ခဏခဏ ရောက်လာ၏။ သူမကြောင့်လား…
…………>>>>>>>>>>>>>>>>>>>>>>
''ဘုတ်''
ယူလာသည့် ပဲနို့ အကတ်လိုက်ကို စားပွဲပေါ်ပစ်ချထားလိုက်၏။
''အဲ ပဲနို့…ငါက ဘာလုပ်ရမှာလဲ…ဘာတဲ့…မရလို့ဘ
ဟုတ်တယ်လေ…ပဲနို့က ငါ့ဟာလေ…သူ့ခွေးက လာလုတာလေ…သူ့ခွေးဘက်က မှားတာကို ဆောရီး တစ်ခွန်းတည်းပြောပြီး…
သူများကို ပြန်ခနဲ့ချင်သေးတယ်…''
မမြင်ရပေမယ့် တစ်ဖက်ခြံကို မျက်စောင်းထိုးကာ
တစ်ယောက်တည်း တတွတ်တွတ်ပြောနေ၏။
''ဆရာဝန်ဖြစ်ပြီး…လူကြီးလူေ
''ရုပ်ကလေး ချောရဲ့သားနဲ့ စိတ်ထားမကောင်းဘူး''
တစ်ယောက်တည်း ထိုင်ကာ ဆက်ပြောနေပေမယ့်…
ပါးတို့က တဖြည်းဖြည်းရဲတက်လာ၏။
ထိုစဉ်…ရုတ်တရက်…
''အဟင့်…ဟင့်…ဟီးးးးမေမေရေ…
သမီးပါးတွေကလည်း ခုတလော ဘာလို့ ခဏခဏနီလာရတာလဲ…
အဟင့်…ဟီးးးး…အဲဒါ အဲ့ဆရာကြောင့်…အဟင့်…ဟီးးးး
တစ်ယောက်တည်း အော်ငိုနေတာ…
ဘယ်သူမှ မကြားဘူး မသိဘူး ထင်ပေမယ့်…
……………>>>>>>>>>>>>>>
အခန်း (၄) ဆက်ရန်
မတ်မတ်ပန်းချီ🌹