ထာဝရ…မင်း
အခန်း (၄)
…………………………
''ဟီးရိုး…ရွှတ်…ရွှတ်…ဒီကိုလာ''
နှိုင်းထက်က ဒန်းပေါ်မှာ ထိုင်နေလျက် ကားပေါ်မှ ဆင်းလာသည့်
ဟီးရိုးကို လှမ်းခေါ်နေ၏။
မင်း' က နှိုင်းထက်ဆီ လမ်းလျှောက်လာရင်း…
''မင်း တိုက်ခန်းရှာမရသေးဘူးလား''
''…………''
နှိုင်းထက် မျက်ခုံး ပင့်လိုက်ကာ…
''မင်းနဲ့ နေချင်လို့ပါဆို ဘာလို့ တိုက်ခန်းရှာရဦးမှာလဲ''
''ခွေးကောင်''
''အဲ့ဆရာကြောင့်''
ရုတ်တရက်ကြားလိုက်ရသည့် အသံကြောင့်
နှစ်ယောက်လုံး ခေါင်းထောင်သွားလေသည်။
''အဟင့်… ဟင့်…ဟီးးးးး…ရွှတ်''
ငိုသံကအစ အတိုင်းသား ကြားနေရ၏။
''ပါးက ဘာလို့ နီပြီးပူလာတာ…အဲဒါ ဟိုဆရာကြောင့်''
''မီးမီးပါး နီလာပြန်ပြီ…အဲဒါ ကိုကိုကြောင့်''
ထိုကလေးရဲ့ အသံကို ကြားလိုက်ရသလိုပင်။
''တကယ့် ကလေးကျနေတာပဲကွာ''
နှိုင်းထက် သဘောကျစွာ ပြောလိုက်သည်။
မင်း' ကတော့ ဘာမှ မပြောဘဲ ထိုနေရာမှ ထွက်သွားလေ၏။
ပေါက်တတ်ကရတွေ။
………………………………………>>>>>
''ပိုး အမြန်လာတော့…ဒီနေ့ ပရော်ဖက်ဆာ သင်မှာတဲ့…''
''ဟင်!''
ပေါင်မုန့်ကြက်ဥ ကြော် ဝါးနေရင်း ပိုး
နင်မတတ်ဖြစ်သွားလေသည်။
ဆေးရုံကို ၉ ခွဲ သွားနေကျ။ ခုမှ ၈ နာရီခွဲသာရှိသေးသည်။
ဘာမှမပြင်ဆင်ရသေးပေ။
ပရော်ဖက်ဆာ သင်မှာဆိုတော့လည်း အတန်းမလွတ်လိုက်ချင်။
ပြီးတော့ ပရော်ဖက်ဆာ သင်တာ အရမ်းကောင်းတယ် လို့
ကြားဖူးသည်ကိုး။
ထို့ကြောင့် အမြန်ဆုံးပြီးအောင် ထပြီး ပြင်ဆင်လိုက်သည်။
…………………………>>>>>
ခြေလှမ်းတွေ ထပ်မတတ် ပြေးနေပေမယ့် ကိုယ့်ကို်ယ်ကို နှေးနေသလို ခံစားရ၏။ ကားပါကင်မှာကတည်းက ပြဿနာ။
ပါကင်စောင့်ဝန်ထမ်းက အချိုးမပြေ။
ဒါကြောင့် 9 နာရီ ထိုးတော့မည့်အထိ ဆေးရုံကို
မရောက်နိုင်သေး။
လမ်းလျှောက်လာရင်း လွယ်အိတ်ထဲမှ နှာစေးပျောက်ဆေးကို
ထုတ်ကာ သောက်လိုက်သည်။
ဆေးရုံဝင်းထဲရောက်မှ ဗီတာမင်စီ ချိုချဉ်ကို ငုံထားလိုက်သည်။
''………………''
အရေးထဲ ဖုန်းလာသဖြင့် လွယ်အိတ်ထဲမှ ခက်ခက်ခဲခဲ ထုတ်ကာ…
''ဟယ်လို''
''ပိုး မရောက်သေးဘူးလား…ဆရာဝင်နေပြီ''
''ဟင် တကယ်လား…ငါလှေကားတက်နေပြီ…
အခန်းထဲ ရောက်တော့မယ်…ဒါပဲနော်''
''အေး မြန်မြန်လာခဲ့''
''အင်း…ဘုတ်…ခွမ်း''
ဖုန်းပင် ကောင်းကောင်း မချလိုက်ရသေး။
လှေကားအထက် ထောင့်ချိုးလေးမှာ အရှိန်မထိန်းနိုင်ဘဲ
ဆေးပုလင်းငယ်များ သယ်လာသည့် သူနာပြု တစ်ယောက်နှင့်
တိုက်မိလေသည်။
ထို သူနာပြုလေးက လဲကျသွားပေမယ့် ပိုးကတော့
အနည်းငယ်သာ ယိုင်သွားလေသည်။
တစ်ပိုင်းတစ်စ ကွဲနေသည့် ဆေးပုလင်းငယ်များကို ကြည့်ရင်း
လာလုပ်ရမှန်းမသိ ဖြစ်သွားကာ…
ဖန်ကွဲစ များကို တုန်တုန်ယင်ယင် ကောက်လိုက်ရင်း…
''ဟို…ဘယ်လို လုပ်ရမလဲဟင်…''
''ဒါလူနာရဲ့ ဆေးတွေ…အခု လိုနေတာ''
သူနာပြုလေးကလည်း ထရပ်ရင်း ရှုံ့မဲ့စွာပြော၏။
''ဟုတ်…ဟို…ပိုး လျော်ပေးပါ့မယ်''
''လျော်ပေးလိုက်တာနဲ့ အဆင်ပြေသွားပြီ ထင်လို့လား''
အသံက ထို သူနာပြု အသံမဟုတ်။
ဘဟ်သူဆိုတာ လှည့်ကြည့်စရာမလိုဘဲ သိနေပြီ ဖြစ်သည်။
ပိုး ခေါင်းကို ငုံ့ထားလိုက်မိသည်။
''မြန်မြန်ထပ်သွားဝယ်ခဲ့လို က်…ဟိုမှာ လိုနေပြီ''
မင်း' က ၅ ထောင်တန် ၂ ရွက်ထုတ်ကာ
စိတ်မရှည်သည့်လေသံဖြင့်ပြော လိုက်၏။
''သမီးသွားဝယ်ပါ့မယ်''
''တလွဲတွေ ထပ်ခါထပ်ခါ လုပ်နေတဲ့လူကို
ဘယ်လိုယုံကြည်ရမလဲ…သွားဝယ်ခဲ့လိုက်''
သူနာပြုလေးကို လှည့်ပြောလိုက်သည်။
''ဟုတ်ကဲ့ ဆရာ''
ပြီးမှ ပိုး ဘက်လှည့်လာကာ…
''မင်း ကွဲအောင် လုပ်လိုက်တဲ့ ဆေးက ဘာလဲ သိလား''
''မသိ…''
''လူနာအတွက် အချိန်ကိုက် ထိုးပေးဖို့ လုပ်ထားတဲ့ ဆေး…
လူနာရှင်ကိုယ်တိုင်ကို ဝယ်ခိုင်းထားတာ…မင်းက''
''သမီး တောင်းပန်ပါတယ် ဆရာ''
''ငါအမုန်းဆုံးက လုပ်ချင်ရာလုပ်ပြီး
ခေါင်းငုံ့ တောင်းပန်တတ်တဲ့လူမျိုးကိုပဲ…''
ပိုး အနည်းငယ် ပူထူသွားလေသည်။
သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးတစ်ယောက်ကတော့
ဖန်စလေးတွေကို လက်အိတ်နဲ့ ကောက်ကာ
သန့်ရှင်းရေးလုပ်တာ ပြီးခါနီးနေပြီ ဖြစ်ပေမယ့်
ပိုးကတော့ ထိုနေရာမှ သွားခွင့်မရသေး။
ပိုး ကလည်း ''ငါအမုန်းဆုံးက'' ဆိုပြီး ကိုယ့်လို လူမျိုးကို
ရည်ညွှန်းပြီး ပြောသည့် စကားကို အမုန်းဆုံးဖြစ်၏။
သို့ပေမယ့်
ထွက်လာသည့် ဒေါသကို မျိုသိပ်ကာ…
''သမီး တမင်လုပ်တာ မဟုတ်ဘူးဆရာ…
နာပ်စ်ကလည်း ဟိုဘက်ထောင့်ကနေ ပြေးလာတာပဲ…
နှစ်ဖက်လုံး အရှိန်မထိန်းနိုင်လို့
ဖြစ်သွားခဲ့တဲ့ မတော်တဆပါ''
''ဆင်ခြေတွေချည်းပဲ…''
မင်းက ထိုတစ်ခွန်းတည်းပြောကာ
ထိုနေရာမှ လှည့်ထွက်သွားရန်ပြင်လိုက်စ ဉ်…
''ဆင်ခြေပေးနေတာ မဟုတ်ဘူးဆရာ…
တမင်လုပ်တာမဟုတ်ကြောင်း ဆရာ့ကို ရှင်းပြတာလေ…
ဘယ်သူက အဲလိုဖြစ်ချင်ပါ့မလဲ…ပရော်ဖ က်ဆာ သင်မှာဆိုလို့…
အမြန်ပြေးလာမိတာ…
လှေကားထောင့်မှာ မတော်တဆ တိုက်မိတာလို့
ဆရာ့ကို ရှင်းပြနေတာလေ…ကျောင်းသူတစ် ယောက်ကို
ဒီလို လူနာတွေကြား ဆူလိုက် ဆဲလိုက်ရမှ
ဆရာကျေနပ်တာလားရှင့်''
ပိုး အသံ အနည်းငယ် ကျယ်လာကာ…တုန်ယင်နေ၏။
မော့ကြည့်လာသည့် မျက်နှာကလည်း နီရဲတွတ်နေလျက်…
မျက်ဝန်းမှလည်း မျက်ရည်တွေ ပေါက်ပေါက် ကျနေ၏။
မင်း' မျက်လုံး ပြူးသွားလေသည်။
''မဟုတ်ဘူးလေ…မင်းက…''
''ဟုတ်တယ်…သမီးမှားခဲ့တယ် ဆိုရင်တောင်
လူနာတွေဝိုင်းကြည့်နေကြတဲ့ ဒီနေရာမှာ…''
ပိုး မျက်လုံးခဏပိတ်ကာ…
ဆက်မပြောဖြစ်တော့ဘဲ ရုတ်တရက် ပြန်လှည့်သွားလေသည်။
လှေကားမှ ပြေးဆင်းသွားသည့် သူမကို ကြည့်ပြီး
မင်း ကြောင်တောင်တောင်ဖြစ်သွားလေ သည်။
လူနာတွေကလည်း ကိုယ့်ကို ဝိုင်းကြည့်နေကြလျက်။
……………………………………>>>>>>>>
''🎵🎵🎵''
''🎵🎵🎵📲📲📲''
ဖုန်းသံ ကြားနေရပေမယ့် ပိုး မကိုင်ဖြစ်ပါ။
ပရော်ဖက်ဆာ သင်သင် ဘယ်သူသင်သင် ဒီနေ့ ဆေးရုံမသွားဖို့
ဆုံးဖြတ်လိုက်သည်။
ဆရာ့ မျက်နှာကို မမြင်ချင်လို့။ အဲလို လူမျိုးကို မုန်းလို့။
အမြင်ကတ်လို့။
လူတိုင်းအမှားနဲ့ မကင်းနိုင်ဘူးလေ။
သူ့တုန်းကရော လုံးဝ ဘာအမှားမှ မလုပ်မိဘဲ ဖြတ်သန်းခဲ့တာလား။
ကိုယ်ချင်းမစာတတ်သည့် လူတွေကို ပိုး အမုန်းဆုံးဖြစ်သည်။
…………………………>>>>>>>>>>>>
''ဒါတော့ ဘယ်သူမှန်လဲ ဘယ်သူမှားလဲ
ငါလည်း မသိတော့ဘူး''
''ငါမှားတာပါ…နမော်နမဲ့ နိုင်တာကြောင့်…
ဒါပေမယ့် ဟာ…
သူအမုန်းဆုံး လူမျိုးဆိုပြီး ငါ့ကို အဲလို ပြောစရာလား''
''ဒါတော့ ဆရာလွန်တယ်''
''ငါကလည်း အဲလို ပြောတဲ့လူကို အမုန်းဆုံးပဲ…''
''ဘာလို့ ပြန်ခဲ့တာလဲ နင်ကလည်း…
အခန်းထဲဝင်လာရောပေါ့''
''သူ့မျက်နှာကြီး ထပ်မမြင်ချင်လို့…
အတန်းဆင်းရင် ထပ်မြင်ရမှာ စိုးလို့''
''နင် မြင်စရာမလိုတော့ပါဘူးဟာ…ငါသ တင်းကြားခဲ့တာ…
ဆရာမင်း က ဂျပန်ကို ဆေးပညာလေ့လာခွင့် ရသွားတာတဲ့…
ပြောရမယ် ဆိုရင် ပညာတော်သင်ပေါ့…''
''တကယ်လား စံ…''
''ဟုတ်တယ်…ဆရာသန်းလွင်မှာ
ကျူရှင် တက်နေတဲ့လူတွေပြောတာ
ဆရာမင်းက ပညာတော်သင် လေ့လာခွင့်ရသွားတာတဲ့…
ပြင်ဆင်နေတာတော့ ကြာပြီဆိုလားမသိဘူး…
မနက်ဖြန် သဘက်ခါလောက်ဆို သူသွားတော့မှာတဲ့''
''ရေးးးးးး…တကယ်?''
ပိုး ပျော်လွန်းလို့ ထအော်မိလေသည်။
''နင် အဲလောက်ထိ အဲဆရာကို ကြည့်မရတာလား''
''ဟုတ်တယ်…လုံးဝ ကြည့်မရဘူး…မာန်တက်တယ်…
ဒေါသကြီးတယ်…ရစ်တယ်…စိတ်ဆတ် တယ်…စိတ်ပုတ်…''
''တော်ပါတော့ဟယ်…နင့်အိမ်ဘေးမှာပဲ နော်…
တော်ကြာ ကြားသွားမှဖြင့်''
''ဟီးးး''
''နင်ပဲ ကြည့်မရဖြစ်နေတာ…
လူတိုင်းက ဆရာမင်းရဲ့ ဒီပုံစံကိုပဲ ခိုက်နေကြတာ''
''ဆောရီး…ငါတော့ နိုးပဲ''
ပိုး ပေါ့ပါးစွာပြောရင်း မီးဖိုချောင်ထဲဝင်သွားလေသည် ။
ဒီအချိန်မှာ ဘယ်သူအပျော်ဆုံးဖြစ်မလဲ။
ငါပဲပေါ့။ ဒီမမြင်မတွေ့ချင်သည့် မျက်နှာကို ဆေးရုံသွားတိုင်း
မြင်နေရမည့် ဒုက္ခကနေ ကင်းလွတ်ပြီလေ။
မေမေရေ… မကွေးကို ပြန်မပြောင်းချင်တော့ပါဘူးေ နာ်။
ဟီးဟီးးးးး။
……………………………………………………>>>>>
၂ နှစ်ကြာသော်…
''ပိုး ဆယ်ဖီ…ဆယ်ဖီ…လာခဲ့''
''ချလက်''
''နင်အရမ်းလှတယ်ဟာ…''
၅' ၄'' ရှိ အရပ်နှင့်
ရွှေရောင်သန်းနေသည့် အသားအရည်ကြောင့်
သူငယ်ချင်းတွေ ကြားမှာ ပိုးက ထင်းနေလေ၏။
ဒီနေ့ကစပြီး ပိုး တရားဝင် ဆရာဝန်ပေါက်စ ဖြစ်ပြီပေါ့။
ဖေဖေနဲ့ မေမေကလည်း သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ကာ
ပျော်ရွှင်နေသည့် ပိုး ကို ကြည့်ပြီး ပီတိဖြာနေပုံရသည်။
''ဟဲ့…ဒီအပေါ်မှာ ရပ်ကြလေ…ပိုး နင်က ဒီဘက်ကိုလာ…''
ပြည့်ပြည့်စံ အသံက အားလုံးကို လွှမ်းနေ၏။
ဘွဲ့နင်းသဘင်ခန်းမဘေးက လဲနေသည့် သစ်ပင်များပေါ်တွင်
တစ်ယောက် တစ်နေရာစီ မတ်တပ်ရပ်နေသည့် ပုံ ရိုက်ကြမည်။
''ဒီမှာ ရပ်ထားရမှာလား… မရဘူး ပြုတ်ကျနိုင်…အမလေး…''
စကားပင် မဆုံးသေးပေ။
ပိုး စီးထားသည့် ဒေါက်ဖိနပ်လေး ချော်ထွက်ကာ တစ်ကိုယ်လုံး
လည်ထွက်သွားလေ၏။
သွားပြီ…ပြင်ထား ဆင်ထားသမျှ…ပျက်စီးသွားမည့် အပြင်…
ခါးရိုးတွေ ကျိုး…………………
အဲ…ပြုတ်ကျပြီထင်ပြီး…
မျက်လုံး အတင်း ပိတ်ထားရာက ဖွင့်လိုက်မိတော့။
ငါ ပြုတ်မကျဘူးဘဲ။
ခါးမှာ တစ်စုံတစ်ယောက်က ဖမ်းဆွဲထားသည်
ဆိုတာ သိလိုက်ရ၏။
ပြီးတော့ ထို တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို
အနီးကပ်မြင်လိုက်ရလျှင်…
''ဟင်''
…………………>>>>>>>>>>>>>>>
အခန်း (၅) ဆက်ရန်…
မတ်မတ်ပန်းချီ🌹
အခန်း (၄)
…………………………
''ဟီးရိုး…ရွှတ်…ရွှတ်…ဒီကိုလ
နှိုင်းထက်က ဒန်းပေါ်မှာ ထိုင်နေလျက် ကားပေါ်မှ ဆင်းလာသည့်
ဟီးရိုးကို လှမ်းခေါ်နေ၏။
မင်း' က နှိုင်းထက်ဆီ လမ်းလျှောက်လာရင်း…
''မင်း တိုက်ခန်းရှာမရသေးဘူးလား''
''…………''
နှိုင်းထက် မျက်ခုံး ပင့်လိုက်ကာ…
''မင်းနဲ့ နေချင်လို့ပါဆို ဘာလို့ တိုက်ခန်းရှာရဦးမှာလဲ''
''ခွေးကောင်''
''အဲ့ဆရာကြောင့်''
ရုတ်တရက်ကြားလိုက်ရသည့် အသံကြောင့်
နှစ်ယောက်လုံး ခေါင်းထောင်သွားလေသည်။
''အဟင့်… ဟင့်…ဟီးးးးး…ရွှတ်''
ငိုသံကအစ အတိုင်းသား ကြားနေရ၏။
''ပါးက ဘာလို့ နီပြီးပူလာတာ…အဲဒါ ဟိုဆရာကြောင့်''
''မီးမီးပါး နီလာပြန်ပြီ…အဲဒါ ကိုကိုကြောင့်''
ထိုကလေးရဲ့ အသံကို ကြားလိုက်ရသလိုပင်။
''တကယ့် ကလေးကျနေတာပဲကွာ''
နှိုင်းထက် သဘောကျစွာ ပြောလိုက်သည်။
မင်း' ကတော့ ဘာမှ မပြောဘဲ ထိုနေရာမှ ထွက်သွားလေ၏။
ပေါက်တတ်ကရတွေ။
………………………………………>>>>>
''ပိုး အမြန်လာတော့…ဒီနေ့ ပရော်ဖက်ဆာ သင်မှာတဲ့…''
''ဟင်!''
ပေါင်မုန့်ကြက်ဥ ကြော် ဝါးနေရင်း ပိုး
နင်မတတ်ဖြစ်သွားလေသည်။
ဆေးရုံကို ၉ ခွဲ သွားနေကျ။ ခုမှ ၈ နာရီခွဲသာရှိသေးသည်။
ဘာမှမပြင်ဆင်ရသေးပေ။
ပရော်ဖက်ဆာ သင်မှာဆိုတော့လည်း အတန်းမလွတ်လိုက်ချင်။
ပြီးတော့ ပရော်ဖက်ဆာ သင်တာ အရမ်းကောင်းတယ် လို့
ကြားဖူးသည်ကိုး။
ထို့ကြောင့် အမြန်ဆုံးပြီးအောင် ထပြီး ပြင်ဆင်လိုက်သည်။
…………………………>>>>>
ခြေလှမ်းတွေ ထပ်မတတ် ပြေးနေပေမယ့် ကိုယ့်ကို်ယ်ကို နှေးနေသလို ခံစားရ၏။ ကားပါကင်မှာကတည်းက ပြဿနာ။
ပါကင်စောင့်ဝန်ထမ်းက အချိုးမပြေ။
ဒါကြောင့် 9 နာရီ ထိုးတော့မည့်အထိ ဆေးရုံကို
မရောက်နိုင်သေး။
လမ်းလျှောက်လာရင်း လွယ်အိတ်ထဲမှ နှာစေးပျောက်ဆေးကို
ထုတ်ကာ သောက်လိုက်သည်။
ဆေးရုံဝင်းထဲရောက်မှ ဗီတာမင်စီ ချိုချဉ်ကို ငုံထားလိုက်သည်။
''………………''
အရေးထဲ ဖုန်းလာသဖြင့် လွယ်အိတ်ထဲမှ ခက်ခက်ခဲခဲ ထုတ်ကာ…
''ဟယ်လို''
''ပိုး မရောက်သေးဘူးလား…ဆရာဝင်နေပြ
''ဟင် တကယ်လား…ငါလှေကားတက်နေပြီ…
အခန်းထဲ ရောက်တော့မယ်…ဒါပဲနော်''
''အေး မြန်မြန်လာခဲ့''
''အင်း…ဘုတ်…ခွမ်း''
ဖုန်းပင် ကောင်းကောင်း မချလိုက်ရသေး။
လှေကားအထက် ထောင့်ချိုးလေးမှာ အရှိန်မထိန်းနိုင်ဘဲ
ဆေးပုလင်းငယ်များ သယ်လာသည့် သူနာပြု တစ်ယောက်နှင့်
တိုက်မိလေသည်။
ထို သူနာပြုလေးက လဲကျသွားပေမယ့် ပိုးကတော့
အနည်းငယ်သာ ယိုင်သွားလေသည်။
တစ်ပိုင်းတစ်စ ကွဲနေသည့် ဆေးပုလင်းငယ်များကို ကြည့်ရင်း
လာလုပ်ရမှန်းမသိ ဖြစ်သွားကာ…
ဖန်ကွဲစ များကို တုန်တုန်ယင်ယင် ကောက်လိုက်ရင်း…
''ဟို…ဘယ်လို လုပ်ရမလဲဟင်…''
''ဒါလူနာရဲ့ ဆေးတွေ…အခု လိုနေတာ''
သူနာပြုလေးကလည်း ထရပ်ရင်း ရှုံ့မဲ့စွာပြော၏။
''ဟုတ်…ဟို…ပိုး လျော်ပေးပါ့မယ်''
''လျော်ပေးလိုက်တာနဲ့ အဆင်ပြေသွားပြီ ထင်လို့လား''
အသံက ထို သူနာပြု အသံမဟုတ်။
ဘဟ်သူဆိုတာ လှည့်ကြည့်စရာမလိုဘဲ သိနေပြီ ဖြစ်သည်။
ပိုး ခေါင်းကို ငုံ့ထားလိုက်မိသည်။
''မြန်မြန်ထပ်သွားဝယ်ခဲ့လို
မင်း' က ၅ ထောင်တန် ၂ ရွက်ထုတ်ကာ
စိတ်မရှည်သည့်လေသံဖြင့်ပြော
''သမီးသွားဝယ်ပါ့မယ်''
''တလွဲတွေ ထပ်ခါထပ်ခါ လုပ်နေတဲ့လူကို
ဘယ်လိုယုံကြည်ရမလဲ…သွားဝယ်ခ
သူနာပြုလေးကို လှည့်ပြောလိုက်သည်။
''ဟုတ်ကဲ့ ဆရာ''
ပြီးမှ ပိုး ဘက်လှည့်လာကာ…
''မင်း ကွဲအောင် လုပ်လိုက်တဲ့ ဆေးက ဘာလဲ သိလား''
''မသိ…''
''လူနာအတွက် အချိန်ကိုက် ထိုးပေးဖို့ လုပ်ထားတဲ့ ဆေး…
လူနာရှင်ကိုယ်တိုင်ကို ဝယ်ခိုင်းထားတာ…မင်းက''
''သမီး တောင်းပန်ပါတယ် ဆရာ''
''ငါအမုန်းဆုံးက လုပ်ချင်ရာလုပ်ပြီး
ခေါင်းငုံ့ တောင်းပန်တတ်တဲ့လူမျိုးကိုပ
ပိုး အနည်းငယ် ပူထူသွားလေသည်။
သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးတစ်ယောက်ကတော့
ဖန်စလေးတွေကို လက်အိတ်နဲ့ ကောက်ကာ
သန့်ရှင်းရေးလုပ်တာ ပြီးခါနီးနေပြီ ဖြစ်ပေမယ့်
ပိုးကတော့ ထိုနေရာမှ သွားခွင့်မရသေး။
ပိုး ကလည်း ''ငါအမုန်းဆုံးက'' ဆိုပြီး ကိုယ့်လို လူမျိုးကို
ရည်ညွှန်းပြီး ပြောသည့် စကားကို အမုန်းဆုံးဖြစ်၏။
သို့ပေမယ့်
ထွက်လာသည့် ဒေါသကို မျိုသိပ်ကာ…
''သမီး တမင်လုပ်တာ မဟုတ်ဘူးဆရာ…
နာပ်စ်ကလည်း ဟိုဘက်ထောင့်ကနေ ပြေးလာတာပဲ…
နှစ်ဖက်လုံး အရှိန်မထိန်းနိုင်လို့
ဖြစ်သွားခဲ့တဲ့ မတော်တဆပါ''
''ဆင်ခြေတွေချည်းပဲ…''
မင်းက ထိုတစ်ခွန်းတည်းပြောကာ
ထိုနေရာမှ လှည့်ထွက်သွားရန်ပြင်လိုက်စ
''ဆင်ခြေပေးနေတာ မဟုတ်ဘူးဆရာ…
တမင်လုပ်တာမဟုတ်ကြောင်း ဆရာ့ကို ရှင်းပြတာလေ…
ဘယ်သူက အဲလိုဖြစ်ချင်ပါ့မလဲ…ပရော်ဖ
အမြန်ပြေးလာမိတာ…
လှေကားထောင့်မှာ မတော်တဆ တိုက်မိတာလို့
ဆရာ့ကို ရှင်းပြနေတာလေ…ကျောင်းသူတစ်
ဒီလို လူနာတွေကြား ဆူလိုက် ဆဲလိုက်ရမှ
ဆရာကျေနပ်တာလားရှင့်''
ပိုး အသံ အနည်းငယ် ကျယ်လာကာ…တုန်ယင်နေ၏။
မော့ကြည့်လာသည့် မျက်နှာကလည်း နီရဲတွတ်နေလျက်…
မျက်ဝန်းမှလည်း မျက်ရည်တွေ ပေါက်ပေါက် ကျနေ၏။
မင်း' မျက်လုံး ပြူးသွားလေသည်။
''မဟုတ်ဘူးလေ…မင်းက…''
''ဟုတ်တယ်…သမီးမှားခဲ့တယ် ဆိုရင်တောင်
လူနာတွေဝိုင်းကြည့်နေကြတဲ့ ဒီနေရာမှာ…''
ပိုး မျက်လုံးခဏပိတ်ကာ…
ဆက်မပြောဖြစ်တော့ဘဲ ရုတ်တရက် ပြန်လှည့်သွားလေသည်။
လှေကားမှ ပြေးဆင်းသွားသည့် သူမကို ကြည့်ပြီး
မင်း ကြောင်တောင်တောင်ဖြစ်သွားလေ
လူနာတွေကလည်း ကိုယ့်ကို ဝိုင်းကြည့်နေကြလျက်။
……………………………………>>>>>>>>
''🎵🎵🎵''
''🎵🎵🎵📲📲📲''
ဖုန်းသံ ကြားနေရပေမယ့် ပိုး မကိုင်ဖြစ်ပါ။
ပရော်ဖက်ဆာ သင်သင် ဘယ်သူသင်သင် ဒီနေ့ ဆေးရုံမသွားဖို့
ဆုံးဖြတ်လိုက်သည်။
ဆရာ့ မျက်နှာကို မမြင်ချင်လို့။ အဲလို လူမျိုးကို မုန်းလို့။
အမြင်ကတ်လို့။
လူတိုင်းအမှားနဲ့ မကင်းနိုင်ဘူးလေ။
သူ့တုန်းကရော လုံးဝ ဘာအမှားမှ မလုပ်မိဘဲ ဖြတ်သန်းခဲ့တာလား။
ကိုယ်ချင်းမစာတတ်သည့် လူတွေကို ပိုး အမုန်းဆုံးဖြစ်သည်။
…………………………>>>>>>>>>>>>
''ဒါတော့ ဘယ်သူမှန်လဲ ဘယ်သူမှားလဲ
ငါလည်း မသိတော့ဘူး''
''ငါမှားတာပါ…နမော်နမဲ့ နိုင်တာကြောင့်…
ဒါပေမယ့် ဟာ…
သူအမုန်းဆုံး လူမျိုးဆိုပြီး ငါ့ကို အဲလို ပြောစရာလား''
''ဒါတော့ ဆရာလွန်တယ်''
''ငါကလည်း အဲလို ပြောတဲ့လူကို အမုန်းဆုံးပဲ…''
''ဘာလို့ ပြန်ခဲ့တာလဲ နင်ကလည်း…
အခန်းထဲဝင်လာရောပေါ့''
''သူ့မျက်နှာကြီး ထပ်မမြင်ချင်လို့…
အတန်းဆင်းရင် ထပ်မြင်ရမှာ စိုးလို့''
''နင် မြင်စရာမလိုတော့ပါဘူးဟာ…ငါသ
ဆရာမင်း က ဂျပန်ကို ဆေးပညာလေ့လာခွင့် ရသွားတာတဲ့…
ပြောရမယ် ဆိုရင် ပညာတော်သင်ပေါ့…''
''တကယ်လား စံ…''
''ဟုတ်တယ်…ဆရာသန်းလွင်မှာ
ကျူရှင် တက်နေတဲ့လူတွေပြောတာ
ဆရာမင်းက ပညာတော်သင် လေ့လာခွင့်ရသွားတာတဲ့…
ပြင်ဆင်နေတာတော့ ကြာပြီဆိုလားမသိဘူး…
မနက်ဖြန် သဘက်ခါလောက်ဆို သူသွားတော့မှာတဲ့''
''ရေးးးးးး…တကယ်?''
ပိုး ပျော်လွန်းလို့ ထအော်မိလေသည်။
''နင် အဲလောက်ထိ အဲဆရာကို ကြည့်မရတာလား''
''ဟုတ်တယ်…လုံးဝ ကြည့်မရဘူး…မာန်တက်တယ်…
ဒေါသကြီးတယ်…ရစ်တယ်…စိတ်ဆတ်
''တော်ပါတော့ဟယ်…နင့်အိမ်ဘေ
တော်ကြာ ကြားသွားမှဖြင့်''
''ဟီးးး''
''နင်ပဲ ကြည့်မရဖြစ်နေတာ…
လူတိုင်းက ဆရာမင်းရဲ့ ဒီပုံစံကိုပဲ ခိုက်နေကြတာ''
''ဆောရီး…ငါတော့ နိုးပဲ''
ပိုး ပေါ့ပါးစွာပြောရင်း မီးဖိုချောင်ထဲဝင်သွားလေသည်
ဒီအချိန်မှာ ဘယ်သူအပျော်ဆုံးဖြစ်မလဲ။
ငါပဲပေါ့။ ဒီမမြင်မတွေ့ချင်သည့် မျက်နှာကို ဆေးရုံသွားတိုင်း
မြင်နေရမည့် ဒုက္ခကနေ ကင်းလွတ်ပြီလေ။
မေမေရေ… မကွေးကို ပြန်မပြောင်းချင်တော့ပါဘူးေ
ဟီးဟီးးးးး။
……………………………………………………>>>>>
၂ နှစ်ကြာသော်…
''ပိုး ဆယ်ဖီ…ဆယ်ဖီ…လာခဲ့''
''ချလက်''
''နင်အရမ်းလှတယ်ဟာ…''
၅' ၄'' ရှိ အရပ်နှင့်
ရွှေရောင်သန်းနေသည့် အသားအရည်ကြောင့်
သူငယ်ချင်းတွေ ကြားမှာ ပိုးက ထင်းနေလေ၏။
ဒီနေ့ကစပြီး ပိုး တရားဝင် ဆရာဝန်ပေါက်စ ဖြစ်ပြီပေါ့။
ဖေဖေနဲ့ မေမေကလည်း သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ကာ
ပျော်ရွှင်နေသည့် ပိုး ကို ကြည့်ပြီး ပီတိဖြာနေပုံရသည်။
''ဟဲ့…ဒီအပေါ်မှာ ရပ်ကြလေ…ပိုး နင်က ဒီဘက်ကိုလာ…''
ပြည့်ပြည့်စံ အသံက အားလုံးကို လွှမ်းနေ၏။
ဘွဲ့နင်းသဘင်ခန်းမဘေးက လဲနေသည့် သစ်ပင်များပေါ်တွင်
တစ်ယောက် တစ်နေရာစီ မတ်တပ်ရပ်နေသည့် ပုံ ရိုက်ကြမည်။
''ဒီမှာ ရပ်ထားရမှာလား… မရဘူး ပြုတ်ကျနိုင်…အမလေး…''
စကားပင် မဆုံးသေးပေ။
ပိုး စီးထားသည့် ဒေါက်ဖိနပ်လေး ချော်ထွက်ကာ တစ်ကိုယ်လုံး
လည်ထွက်သွားလေ၏။
သွားပြီ…ပြင်ထား ဆင်ထားသမျှ…ပျက်စီးသွားမည့်